top of page

Afnan Supremacy Silver Eau de Parfum for Men 150ml Mega Size - K 189,000 (In stock)

Fresh ဖြစ်တဲ့ fruity leather + smoke scent type ဖြစ်ပါတယ်။ Smooth ဖြစ်ပြီး Aventus နဲ့ဆင်တယ်လို့ သုံးပြီးတဲ့သူ အယောက် 880 ကျော်က Fragrantica မှာ recommend လုပ်ထားပါတယ်။

Aventus/ Explorer လိုမျိုး လန်းဆန်းတဲ့ရနံ့ကြိုက်တဲ့သူဆိုရင် Aventus လောက် performance ရှိပြီး Explorer ထက် ဈေးသက်သာတဲ့အပြင် အကြီးဆုံးဆိုဒ် 150ml mega size မို့ ပိုပြီး value for money တွက်ချေကိုက်မယ့် budget friendly / good performance Eau de Parfum တစ်ခုပါ။

ရုံးမှာသုံးတဲ့အခါ ဘေးလူတွေအတွက် ရနံ့သင်းသင်းလေးလေးပျံ့နေတာမို့ Office use signature scent အနေနဲ့သုံးဖို့ recommend ပေးပါတယ်။ လက်ဆောင်ပေးမယ်ဆိုရင်လည်း ပုလင်းဒီဇိုင်းရော packaging ပါ အဆင်ပြေတဲ့အတွက် လက်ဆောင်အနေနဲ့ဝယ်ပေးလို့ လှပါတယ်။

Fragrantica rating 4.1 out of 5 ရှိတဲ့အတွက် နိုင်ငံတကာမှာ လူကြိုက်များတဲ့ ရေမွှေးဖြစ်တာသိသာပါတယ်။ ဒီ rating တွေက လူတွေသိကြတဲ့ Chanel တို့ Dior တို့ထဲက ရေမွှေးတချို့ထက်တောင် မြင့်ပါသေးတယ်။

 

ရနံ့စွဲအားကောင်းတာကို Fragrantica vote တွေကြည့်လိုက်ရင် သိနိုင်ပါတယ်။ Longevity ကိုကြည့်မယ်ဆိုရင် သုံးပြီးတဲ့ 99 ယောက်က Eternal (အရမ်းကြာကြာခံတယ်) လို့ ပြောထားပြီး 511 ယောက်က Long lasting (ကြာကြာခံတယ်) လို့ပြောထားပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေမှာ ကြာကြာခံတဲ့ရေမွှေးဖြစ်တယ်လို့ပြောလို့ရပါတယ်။

Performance, Longevity, Sillage, Presentation တွေအားလုံးကောင်းပြီး ဈေးကလဲသက်သာတာမို့ ဒီလို quality ရေမွှေးကောင်းတစ်ခုကို ကိုယ်တိုင်သုံးဖို့ဖြစ်ဖြစ် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ဝယ်ထားသင့်တဲ့ budget friendly high performance ရေမွှေးဖြစ်ပါတယ်။

စျေးကပုံမှန် designer ရေမွှေး 100ml တွေရဲ့စျေးလောက်တောင်မများဘဲ ပေးရတဲ့ဈေးထက်စာရင် ဗူး၊ ပုလင်းအဆင်အပြင်က တော်တော်ကိုလှတာမို့ လက်ဆောင်ပေးမယ်ဆိုရင် လှပါတယ်။ Designer ရေမွှေးတော်တော်များများထက်ကို presentation ကောင်းပါတယ်။

https://www.yangonbrandedperfume.com/product-page/afnan-supremacy-silver

Made in UAE

Imported from Singapore

Expiry - August 2028

Sealed original retail packaging

Afnan Supremacy Silver Eau de Parfum for Men 150ml

K189,900.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page