top of page

Dior Sauvage နဲ့ရနံ့ ဆင်တယ်လို့ Fragrantica မှာသုံးစွဲသူ 425 ယောက် က vote လုပ်ထားတဲ့ aromatic fresh ရနံ့သင်းတဲ့အမျိုးသားရေမွှေး *Armaf Ventana Eau de Parfum for Men 100ml ကို K 115,000 နဲ့ ready in stock ဝယ်နိုင်ပါပြီ။*

Amazon rating အမြင့် 4.4 (out of 5) နဲ့ Fragrantica rating အမြင့် 4.1 (out of 5.0) ရထားတဲ့ လူကြိုက်များတဲ့ ရေမွှေးဖြစ်ပါတယ်။

ဂရိတ်ဖရု၊ လီမွန်၊ မန်ဒရင်းလိမ္မော်၊ geranuim၊ လာဗင်ဒါ၊ patchouli၊ vetiver၊ ဆီဒါ၊ ပယင်းနဲ့ သစ်မွှေးဆီတို့ပါတဲ့ woody aromatic အမျိုးအစား ရေမွှေးဖြစ်ပါတယ်။

Opening ကနဲနဲလေးပြင်း/စူးပါတယ်။ Orange and Grapefruit note တွေကိုခံစားရမှာဖြစ်ပြီး Sauvage ရဲ့ ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ ambroxan ရနံ့ ကိုလည်းသိသိသာသာ ရမှာဖြစ်ပါတယ်။

ဒါကြောင့် opening မှာကို Sauvage ရနံ့နဲ့ဆင်ပါတယ်။စစဖြန်းပြီး ခဏအကြာမှာ စောစောကပြောတဲ့ ပြင်းတဲ့ top note တွေက ပြေသွားပြီး amber note စဝင်လာပြီး warm ဖြစ်လာပါတယ်။ ပြီးတော့ Sauvage မှာပါတဲ့အတိုင်း fresh ဖြစ်တဲ့ လာဗန်ဒါနဲ့ geranium ရနံ့တွေစထွက်လာပါတယ်။ Pepper note ကိုတော့ Sauvage မှာလို တော်တော်များများထည့်မထားပါဘူး။

လူတော်တော်များများက Ventana နဲ့ Sauvage ရဲ့ midnote တွေကို လေထဲမှာ မခွဲနိုင်လောက်ပါဘူး။ Base note မှာ Ventana က woody ရနံ့နဲ့ vetiver ရနံ့တွေထွက်လာပြီး mid note က လာဗန်ဒါနဲ့ geranium ရနံ့တွေကလည်း အဆုံးအထိကျန်နေပါတယ်။ ဒါကြောင့်သူအဆုံးအထိ Sauvage ထက် နဲနဲပို fresh ဖြစ်ပြီး light ဖြစ်တာကလွဲလို့ ပိုပြီး Sauvage နဲ့တူပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/armaf-ventana-edt-perfume-for-men-100ml

 

International reviewer တွေရဲ့ အမြင်တွေကို အောက်မှာ ကြည့်နိုင်ပါတယ်

https://youtu.be/SUzqSyzHTQM

https://youtu.be/DxiPbsfj60A

https://youtu.be/UeTjfc8ccBQ

Dior Sauvage နဲ့ ဘယ်ဟာပိုကောင်းလဲဆိုရင်တော့ပိုက်ဆံဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူးဆိုရင်တော့လဲ Sauvage ကိုပဲဝယ်တာမမှားပါဘူး။ Sauvage က Ventana ထက် ငါးဆလောက် ဈေးများတဲ့အတွက် quality ပိုကောင်းတဲ့ပါဝင်ပစ္စည်းတွေသုံးထားပြီး အနံ့ က quality ပိုကောင်းတာ ပို projection ကောင်းတာ ပိုပြီး long lasting ဖြစ်တာမှန်ပါတယ်။

အနံ့သင့်တဲ့ ရေမွှေး တစ်မျိုးကို budget အများကြီး မသုံးပဲဝယ်ချင်တယ် brand သိပ်ပြီး မရွေးရင်တော့ value for money က Ventana ကပိုသက်သာပါတယ်။

 

Manufacturing date - June 2023

Expiry date - June 2028

Fragrance made in France

Sealed original retail packaging

Yangon Branded Customer Service Viber - 0943065356 ကနေ order နိုင်ပါတယ်။

Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။

ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။

Armaf Ventana Eau de Parfum for Men 100ml

K115,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page