top of page

Carolina Herrera Chic EDT Perfume for Men 100ml (In stock. Made in Spain)

 

Retail packaging - K 199,900

Tester packaging - K 176,900

 

Fresh spicy ရနံ့အမျိုးအစားဖြစ်တဲ့ Chic for Men က ပြေပြစ်တဲ့ စပိန်နိုင်ငံလုပ် အပူပိုင်းသုံး အမျိုးသားရေမွှေးတစ်ခုဖြစ်ပါတယ်။

Top notes - ဘာဂါမုတ်၊ သံပုရာသီး၊ ဖရဲသီးရနံ့တွေ စဖွင့်ပါတယ်။

Middle notes - ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်နှင့် ဖာလာ စတဲ့ spicy mix တွေ mid note အနေနဲ့ပါပါတယ်။

Base notes - စန္ဒကူးနံ့သာ၊ ပယင်းနှင့် ကတိုးရနံ့တို့က မွှေးရနံ့ကို နွေးထွေးစေသည့် dry down အာရုံခံစားမှုကိုပေးပါတယ်

သူကယောက်ျားဆန်တဲ့ ရနံ့ ဖြစ်ပေမယ့် ရနံ့ပြင်း ရနံ့စူးတော့ မဟုတ်ပါဘူး။ နေ့စဉ်အသုံးပြုမှုအတွက် သင့်တော်တဲ့ classy and elegant ရနံ့မျိုးပါ - ရုံးမှာ သုံးဖို့အဆင်ပြေမဲ့ ရေမွှေး၊ Dior Sauvage ဒါမှမဟုတ် Bleu de Chanel လိုမျိုး blue fragrance တွေကိုရိုးသွားလို့ တခြားရနံ့မျိုးကွဲတစ်ခုခုကို လိုချင်ရင် ဒါက ရွေးချယ်မှုကောင်းပါတယ်။

ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီနဲ့ တွဲသုံးတာထက် မြန်မာ သို့မဟုတ် အနောက်တိုင်းစတိုင်လ် ၀တ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားမယ်ဆိုရင် ဒီရနံ့မျိုးနဲ့ ပိုလိုက်ပါမယ်။ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်နှင့် ဖာလာရနံ့တွေပါလို့ temperature control room မှာ အလုပ်လုပ်ရင်းသုံးတာက နေရောင်အောက်မှာ အလုပ်လုပ်ရင်းသုံးတာထက် ပိုကောင်းလာပါလိမ့်မယ်။ သင့်အဖေ၊ ဦးလေး သို့မဟုတ် လုပ်ငန်းခွင်ရှိ senior colleagues လုပ်ဖော်ကိုင်ဖက်များအား လက်ဆောင်အဖြစ် ပေးလို့လည်းကောင်းမည့် လက်ဆောင်ပါ။

Carolina Herrera Chic for Men ကို အခြားအမျိုးသားတွေရဲ့ ရနံ့များနှင့် နှိုင်းယှဉ်မယ်ဆိုရင် -

Chanel Allure Homme နှင့် နှိုင်းယှဉ်ရင် အမွှေးနံ့နှစ်ခုစလုံးသည် လတ်ဆတ်ပြီး fresh and spicy များ ရောစပ်ထားပေမယ့် Chic for Men မှာ melon notes ပါတာမို့ကြောင့် အနည်းငယ်ချိုမြိန်ပြီး fruity ပိုဖြစ်ပါတယ်။ Allure Homme မှာပိုပြင်းတဲ့ vanilla နှင့် tonka bean base ပါလို့ ပိုနွေးထွေးတဲ့ ရနံ့ကိုပေးပါတယ်။

Dior Homme Intense နှင့် နှိုင်းယှဉ်ရင် ရနံ့နှစ်ခုစလုံးက warm spicy base ရှိပေမဲ့ Chic for Men သည် citrus notes ကြောင့် ပိုမိုပေါ့ပါးပြီး လန်းဆန်းစေတယ်။ Dior Homme Intense မှာ iris note ပါပြီး powdery and floral ပိုဖြစ်ပါတယ်။

Yves Saint Laurent La Nuit de L'Homme နှင့် နှိုင်းယှဉ်ရင် ရေမွှေးနှစ်မျိုးစလုံးက spicy and woody base ရှိတာတူပေမယ့် Chic for Men မှာ melon notes ပါတာမို့ပိုမိုတောက်ပပြီး လန်းဆန်းစေပါတယ်။ La Nuit de L'Homme မှာ တော်တော်ပြင်းတဲ့ လာဗင်ဒါ note တွေပါလို့ သူ့ရဲ့ floral and herbal character ကပိုထင်ရှားပါတယ်။

Chic For Men ကိုဖန်တီးပေးခဲ့ကြတဲ့ ရေမွှေးပညာရှင်တွေကတော့ Carlos Benaim၊ Rosendo Mateu နှင့် Jean-Marc Chaillan တို့ဖြစ်ပါတယ်။

Carlos Benaim ဟာ Calvin Klein၊ Giorgio Armani နဲ့ Prada အပါအဝင် ကျော်ကြားသော brand များအတွက် ရေမွှေးများကို ဖန်တီးပေးခဲ့တဲ့ master perfumer ဖြစ်သည်။ သူဟာ 212 Men နှင့် CH Men အပါအဝင် Carolina Herrera အတွက် ရေမွှေးအများအပြားကို ဖန်တီးခဲ့ပါတယ်။

မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Rosendo Mateu ကတော့ Loewe၊ Nina Ricci နှင့် Acqua di Parma စတဲ့ brand တွေအတွက် ရေမွှေးကောင်းများစွာကို ဖန်တီးပေးတဲ့ စပိန်ရေမွှေးပညာရှင်ဖြစ်သည်။ သူသည် CH Men Sport နှင့် VIP Men 212 အပါအဝင် Carolina Herrera အတွက် ရေမွှေးအများအပြားအပြင် သူ့ကိုယ်ပိုင်နာမည်နဲ့လည်း နာမည်ကြီးရေမွှေးတွေအများကြီး ဖန်တီးခဲ့ပါတယ်။

Jean-Marc Chaillan ကတော့ Estee Lauder၊ Versace နှင့် Givenchy တို့အတွက် ရေမွှေးများ ဖန်တီးပေးရတဲ့ ပြင်သစ်ရေမွှေးပညာရှင်တစ်ဦးဖြစ်ပြီး သူက 212 Men Aqua နဲ့ 212 VIP Black အပါအဝင် Carolina Herrera အတွက် ရေမွှေးများစွာကိုလဲ ဖန်တီးခဲ့ပါတယ်။

Chic For Men ကို စပိန်နိုင်ငံတွင် ထုတ်လုပ်ထားပြီး New York ရှိ FragranceX USA မှ တဆင့် Yangon Branded က ကိုယ်တိုင် တင်သွင်းလာတာဖြစ်ပါတယ်။

Retail packaging နဲ့ tester packaging နှစ်မျိုးလုံးရှိပါတယ်။

Tester packaging မှာအဖုံးပါတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။

လက်ဆောင်ပေးဖို့ဝယ်တာဆိုရင်တော့ ဗူးခွံအမြင်လှတဲ့ retail packaging ကိုပဲဝယ်ဖို့ recommend လုပ်ပါတယ်။

Product link - https://www.yangonbrandedperfume.com/product-page/carolina-herrera-chic-edt-perfume-for-men-100ml

Review -

https://youtu.be/yirtKGVN3W4

Carolina Herrera Chic EDT Perfume for Men 100ml

K199,900.00Price
    bottom of page