Calvin Klein Defy Parfum (Pure Perfume) for Men 100ml Tester Packaging - K 229,000 (In stock)
Calvin Klein Defy Parfum ဆိုတာကတော့ အရင်ထွက်ခဲ့တဲ့ Defy Eau de Toilette ထက်ပိုပြင်းပြီး ရနံ့ပိုစွဲတဲ့ အမျိုးအစားပါ။ Parfum ဆိုတဲ့အတိုင်း ရနံ့က ပိုလေးနက်တယ် ပိုခံတယ် ပြီးတော့ သုံးထားတဲ့သူကို ယုံကြည်မှုပိုရှိတဲ့ပုံ ပေါက်စေတယ်။
ဒါပေမဲ့ အရေးကြီးတာက ဘယ်သူနဲ့မဆို အဆင်ပြေတယ်၊ ဘယ်နေရာသွားသွား သုံးလို့ရတယ်၊ ဈေးကလည်း အံ့ဩလောက်အောင် တော်တော်လေးကို သင့်တယ်ဗျာ။
ရုံးမှာ Professional လည်းဆန်ချင်တယ် ခေတ်လည်းမီချင်တယ် စတိုင်လည်းကျချင်တဲ့သူတွေအတွက်ဆို Defy Parfum က တကယ့်ကို အားကိုးရတဲ့အရာပါ။ ရုံးမှာ လူတွေက ကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာ အရေးကြီးတယ်လေ။ ဒီရေမွှေးက အဲ့ဒီ "မြင်ကွင်း" ကို ကိုယ့်ဘက်ပါအောင် လုပ်ပေးနိုင်တဲ့အထဲမှာပါတယ်။
🌿 *Fragrance Notes*
// Top Notes - Pink pepper
// Heart Notes - လာဗင်ဒါအဆီအနှစ်
// Base Notes - Cacao (ကိုကိုး / ချော့ကလက်ရနံ့)
စဖြန်းလိုက်တာနဲ့ ပန်းရောင်ငရုတ်ကောင်းရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ နဲနဲစပ်ရှိန်းရှိန်းနဲ့ သစ်သားနံ့သင်းသင်းလေးကို ရမှာပါ။ သူက အရမ်းကြီးထိုးထွက်နေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ အဖွင့်ရနံ့တစ်ခုဖြစ်ပြီး ကိုယ့်ကို ယုံကြည်မှုရှိတဲ့ပုံ ပေါက်စေတယ်။ ရန်လိုတဲ့ပုံမပေါက်ဘဲ ကိုယ့် Stand ကို ပြနိုင်တာပေါ့။
Mid note မှာတော့ သန့်စင်ထားတဲ့ လာဗင်ဒါရနံ့က အဓိကနေရာယူထားပါတယ်။ သူက ပြေပြစ်ချောမွေ့ပြီး ဆန်းသစ်တဲ့ ခံစားချက်ကို ပေးပါတယ်။ Loud & soapy မဟုတ်ပဲ ကျက်သရေရှိပါတယ်။ ဒါက ယောက်ျားပီသတာမှန်ပေမယ့် ရုံးထဲမှာ muscle ပြချင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ ကိုယ့်စီနီယာရှေ့မှာလည်း မျက်စိနောက်စရာမဖြစ်ဘူး၊ ဂျူနီယာတွေကလည်း လေးစားမှုရှိစေတယ်။
Dry-down stage ရောက်သွားတဲ့အခါမှာတော့ Parfum ရဲ့ ထူးခြားမှုကို ပိုသိသာစေပါတယ်။ နွေးထွေးပြီး ချိုဆိမ့်တဲ့ ကိုကိုးရနံ့က အရေပြားပေါ်မှာ နူးနူးညံ့ညံ့နဲ့ စွဲကျန်နေစေပါတယ်။ ဒီရနံ့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် တည်ငြိမ်အေးဆေးတယ် ဒါပေမဲ့ ပျော့ညံ့တဲ့သူတော့မဟုတ်ဘူးဆိုတဲ့ message ကို ပေးတယ်။
လုပ်ဖော်ကိုင်ဖက်တွေ၊ အရေးကြီးတဲ့ client တွေနဲ့ နီးနီးကပ်ကပ် စကားပြောရတဲ့အခါ ကိုယ့်ဘက်က အသာစီးရစေမယ့် ရနံ့မျိုးပေါ့ဗျာ။ အစည်းအဝေးခန်းထဲမှာ ကိုယ့်အလှည့်ရောက်လာတဲ့အခါမှာလဲ ဒီရနံ့လေးက ကိုယ့်ကို ပိုပြီးထင်ပေါ်စေလိမ့်မယ်။
❇️ *Performance*
// Longevity က ကိုယ်သုံးထားတဲ့ပမာဏနဲ့ ဘေးပတ်ဝန်းကျင်အပူချိန် တွေအပေါ်မူတည်ပြီး 4 to 6 hours လောက်ရတယ်။ နေ့လည်ထမင်းစားချိန်မှာ သုံးချက်လောက်ပြန်ပြီး respray ပေးတယ်ဆိုရင် မနက်ပိုင်းရုံးတက်ချိန်ကနေ ညနေရုံးဆင်းချိန်အထိ တခါတလေ အစည်းအဝေးနောက်ကျတဲ့အထိ ကောင်းကောင်းခံတယ်ဆိုတဲ့သဘောပဲ။ Strong scent မဟုတ်တဲ့အတွက် မနက်တစ်ကြိမ်ထဲ အိမ်ကဖြန်းသွားရုံနဲ့တော့ တစ်နေကုန်ရမှာမဟုတ်ပါဘူး။
// ရနံ့ပြန့်လွင့်တာ ညင်သာတယ် - ရုံးခန်းထဲမှာ ဒါက သိပ်အရေးကြီးတယ်။ ကိုယ့်ရနံ့ကြောင့် တစ်ယောက်ယောက် ခေါင်းမူးခေါင်းကိုက် ဖြစ်သွားတာမျိုး "ဟိုလူ့ဆီက ရေမွှေးနံ့ကတော့ ပြင်းလိုက်တာ" လို့ အပြောခံရတာမျိုး မဖြစ်စေဘူး။ ကိုယ့် Personal Space အတွင်းမှာပဲ မွှေးနေတာက ပိုပြီး Professional ဆန်တယ်။
// Sillage သိမ်မွေ့တယ် – ကိုယ်နေရာကထသွားရင်တောင် "သြော်... သူဒီနားမှာရှိသွားတာပဲ" လို့ သိမ်မသိမ်မွေ့မွေ့လေး သိသာစေတဲ့ရနံ့မျိုး။ ရုံးမှာ ကိုယ့်ကို သတိပြုမိစေချင်တယ်၊ ဒါပေမဲ့ အသံကျယ်ကျယ်နဲ့ ကြေညာနေတာမျိုး မဖြစ်ချင်တဲ့သူတွေအတွက် ကွက်တိပဲ။
ဒါက ကလပ်သွားတဲ့အခါသုံးတဲ့ ပြင်းရှတဲ့ရေမွှေးမျိုးတော့မဟုတ်ပါဘူး။ အဲဒါကပဲ သူ့ရဲ့အားသာချက်ပါ။ ရနံ့က နီးနီးကပ်ကပ်ရှိနေပြီး ယုံကြည်မှုရှိတဲ့ ခံစားချက်ကို ပေးပါတယ်။ သင့်ရဲ့ပုံပန်းသဏ္ဌာန်ကို အနှောင့်အယှက်မဖြစ်စေဘဲ ပိုမိုပေါ်လွင်စေပါတယ်။ ပြောရရင် ကိုယ့်အရည်အချင်းကို ရနံ့နဲ့ ဖေးမ ပေးလိုက်သလိုပေါ့။ ကိုယ့်ရဲ့ တည်ရှိမှုကို တိတ်တဆိတ် အားဖြည့်ပေးတယ်။
👨💼 *ဘယ်သူတွေနဲ့ သင့်တော်လဲ?*
// ရုံးမှာ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းစေချင်တယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားအောင်၊ အာရုံစိုက်ခံရအောင် တမင်လုပ်တဲ့ပုံ မပေါက်စေချင်တဲ့ ရုံးဝန်ထမ်းများ။ (သိတယ်မလား၊ တချို့က ရှိတယ်လေ၊ ရေမွှေးနဲ့တင် Spotlight ယူချင်တဲ့သူမျိုး)
// အလုပ်၊ ညစာစားပွဲ သို့မဟုတ် ပေါ့ပေါ့ပါးပါး အားလပ်ရက်တွေမှာပါ အသုံးပြုနိုင်တဲ့ "တစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့" ရေမွှေးကို ရှာဖွေနေသူများ – ရုံးမှာကတစ်မျိုး၊ အပြင်သွားမှတစ်မျိုး ပြောင်းသုံးဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပဲ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတယ်
// နွေးထွေးမှုနဲ့ ကျက်သရေရှိမှုကို ကြိုက်နှစ်သက်တဲ့ ခေတ်မီသစ်သားရနံ့ကို နှစ်သက်တဲ့ အမျိုးသားတေ။ ဒီရနံ့က ရင့်ကျက်တည်ငြိမ်မှုကို ပြတယ်။ ဒါပေမဲ့ ခေတ်နောက်ကျကျန်ခဲ့တဲ့ပုံလည်း မပေါက်ဘူး
Entry level ဝန်ထမ်းပဲဖြစ်ဖြစ်၊ middle management မန်နေဂျာတစ်ယောက်ပဲဖြစ်ဖြစ် Defy Parfum က ပေးချင်တဲ့ message ကတော့ "ငါက သပ်သပ်ရပ်ရပ်နေတယ်၊ အသေးအဖွဲလေးတွေကအစ ဂရုစိုက်တယ်၊ ဒါပေမဲ့ အပင်ပန်းခံပြီး ကြိုးစားထားတဲ့ပုံတော့ မဟုတ်ဘူး" ဆိုတာပါပဲ။ ဒါက ရုံးတွင်းဆက်ဆံရေးမှာ သိပ်အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြောင်းပြပေမယ့် တခြားသူတွေကို ဖိအားပေးသလို မဖြစ်စေရဘူး။ ကိုယ့် image ကို တည်ဆောက်ရာမှာ ပါးနပ်တဲ့ ရွေးချယ်မှုတစ်ခုပဲ။
🌀 *ဈေးနှုန်းနှင့် တန်ဖိုး*
Calvin Klein ရေမွှေးတွေကထုံးစံအတိုင်းပဲစျေးသိပ်မများပါဘူး။ အရည်အသွေးနဲ့ ထုပ်ပိုးမှုအပိုင်းမှာ ဈေးနှုန်းထက် ပိုတန်ပါတယ်။ ပုလင်းဒီဇိုင်းကလဲ ပုံမှာမြင်ရတဲ့အတိုင်း Premium ဆန်တဲ့ ခံစားချက်ကို ပေးတယ်။ ရေမွှေးရနံ့လိုပဲ ပုလင်းကအစ သိမ်မွေ့ပြီး ကျက်သရေရှိတယ်။ ရုံးမှာ ကိုယ့်စားပွဲပေါ်တင်ထားရင်တောင် ကြည့်ရဆိုးမနေဘူး။
🥊 အားနည်းချက် - "ငါ့ရေမွှေးနံ့က တစ်မိုင်ကလှမ်းရရမယ်" ဆိုတဲ့သူတွေ၊ ဒါမှမဟုတ် တခြားဘယ်သူနဲ့မှမတူတဲ့ တစ်မူထူးခြားတဲ့ရနံ့ကိုမှ ကြိုက်တဲ့သူတွေအတွက်တော့ အားနည်းချက်ရှိနိုင်တယ်။ ဒါပေမဲ့ ရုံးမှာတော့ အဲ့လို Unique ဖြစ်တာထက် Safe ဖြစ်တာက ပိုအရေးကြီးတတ်တယ်မဟုတ်လား။
Calvin Klein Defy Parfum က office friendly scent တွေမှာ တော်တော်လေး underrated ဖြစ်တဲ့ hidden gem တစ်ခုပါ။ ဒါကို လူတိုင်းသုံးနေတာမဟုတ်တဲ့အမျိုးအစားကို သုံးတယ်ဆိုရင် ကိုယ်က ရေမွှေးအကြောင်း နားလည်ရုံတင်မကဘူး ပတ်ဝန်းကျင်နဲ့ ဘယ်လို လိုက်လျောညီထွေနေရမလဲဆိုတာကိုပါ သိတဲ့သူအဖြစ် ထင်ဟပ်စေတယ်။ ယုံကြည်စိတ်ချရတယ် ခေတ်မီတယ် ပြီးတော့ ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေတဲ့ ရေမွှေးဖြစ်လို့ ကိုယ့်အခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မွန်းကျပ်မနေစေဘဲ ကိုယ့်ကို တိတ်ဆိတ်တဲ့ ယုံကြည်မှုတစ်ခု ပေးနိုင်ပါတယ်။
စမတ်ကျတဲ့ ရှပ်အင်္ကျီဝတ်ဆင်ပြီး ကိုယ့်ရဲ့ Inbox ကို ရှင်းရှင်းလင်းလင်းထားတတ်တဲ့ ရေမွှေးနံ့ကောင်းကောင်းလေးက ကိုယ့်ရဲ့ Professional Brand တစ်ခုကို တည်ဆောက်ရာမှာ မသိမသာ အထောက်အကူပြုတယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ ရုံးဝန်ထမ်းကောင်းတစ်ယောက်အတွက်တော့ ဒါက လုံးဝ Perfect ပဲ။
Made in Spain
Tester packaging ( Tester packaging ဆိုပေမယ့်လဲ cap အဖုံး ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ်ထူဗူး အဖြူဖြစ်နေပဲကွာသွားတာပါ )
Official website -
https://www.yangonbrandedperfume.com/product-page/ck-defy-parfum
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K229,000.00Price
bottom of page