top of page

နိုင်ငံတကာမှာလူသိများတာကြာပြီဖြစ်တဲ့ American pop rock band တစ်ခုဖြစ်တဲ့ Maroon 5 ရဲ့ပင်တိုင်အဆိုတော် Adam Levine နာမည်နဲ့ USA မှာထုတ်တဲ့ ရေမွှေးဖြစ်ပါတယ်။

ပုံမှန် celebrity ရေမွှေးတွေက fruity floral ရနံ့ ချိုချိုလေးတွေဖြစ်တာများပေမဲ့ ဒီရေမွှေးကတော့ပုံမှန်ရနံ့တွေနဲ့ကွဲထွက်နေပြီး သနပ်ခါးနံ.နဲ့ဆင်ဆင်တူတဲ့ စန္ဒကူး sandalwood ရနံ့ကိုအခြေခံထားတဲ့ရေမွှေးမို့ လူကြိုက်များပြီး အတော်လေးရောင်းကောင်းပါတယ်။

Adam Levine Eau de Parfum for Women

# 100ml - K 89,900 (In stock)

# 10ml decant (clear glass sprayer) - K 11,900

# 10ml decant (aluminium sprayer) - K 13,900

Made in USA ဖြစ်ပြီး စန္ဒကူး၊ spices၊ ဗနီလာ၊ marigold၊ benzoin၊ ကုံကုမံပန်း၊ စံပယ်၊ နှင်းဆီနှင့် citrus ရနံ့များပါတဲ့ ရနံ့သင်းတဲ့ warm spicy ရနံ့အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးရေမွှေးပေမယ့် စန္ဒကူးရနံ့ကိုနှစ်သက်သူ warm spicy ရနံ့ကြိုက်သူ အမျိုးသားများပါသုံးလို့ ရပါတယ်။ ပါတဲ့ note တွေက almost unisex ပါပဲ။

ဒီရေမွှေးကို Tom Ford Santal Blush နဲ့ Estee Lauder Sensuous Nude တို့နဲ့တူတယ်လို့ Fragrantica မှာသုံးစွဲသူနှစ်ရာကျော်လောက်ကပြောထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီရေမွှေးကိုဖန်တီးသူ Yann Vasnier ကနာမည်ကြီး Tom Ford ရဲ့ Santal Blush ရေမွှေးကိုဖန်တီးသူလည်း ဖြစ်လို့ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ Tom Black Orchid, Moschino Toyboy, Tom Ford Plum Japonaise, Marc Jacobs Lola, Jo Malone English Oak & Hazelnut စတဲ့ ကျော်ကြားလူကြိုက်များတဲ့ရေမွှေးပေါင်းများစွာကိုဖန်တီးသူဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ရေမွှေးတော်တော်များများဟာ sandalwood ကိုအခြေခံထားတာဖြစ်ပြီး warm spicy note ကိုအတော်ကျွမ်းကျင်ပိုင်နိုင်တဲ့ master perfumer ဖြစ်ပါတယ်။

ပုလင်းပုံစံကလည်း Adam Levine ကအဆိုတော်ဆိုတော့ မိုက်ကရိုဖုံးပုံနှင့်တူအောင်လုပ်ထားပါတယ်။ Budget perfume ဖြစ်ပေမယ့် ပုလင်းပုံစံက clean minimalist type ရှင်းရှင်းသန့်သန့်ခန့်လေးဖြစ်ပါတယ်။

https://www.yangonbrandedperfume.com/product-page/copy-of-adam-levine-for-men-edt-100ml

ဒီရေမွှေးကို သစ်သီးနှင့်ချိုချိုလေးကြိုက်သူတွေ၊ sexy type ရနံ့ကြိုက်သူတွေ၊ ဝေးဝေးပြေးတဲ့ sillage အနံ့စူးစူးနဲ့ရေမွှေးကြိုက်သူတွေ တော့မဝယ်သင့်ပါဘူး။ သူက အသားပေါ်မှာ ဒါမှမဟုတ်အဝတ်ပေါ်မှာ ကြာရှည်ခံပေမယ့် အနံ့ကဝေးဝေးကိုပြေးတဲ့အမျိုးအစားမဟုတ်ပါဘူး။ warm and cozy ငြိမ်တဲ့ရနံ့မျိုးဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ဆွတ်ထားရင်တစ်ခြားသူတွေကိုအနှောက်အယှက်ဖြစ်စေတဲ့ အနံ့မျိုးမဟုတ်ဘဲ ရုံးမှာသုံးမယ်၊ လူများနှင့်နီးနီးကပ်ကပ်လုပ်ရတဲ့ အလုပ်လုပ်တဲ့သူတွေ (doctors, dentists, teachers etc.) တွေသုံးမယ်၊ အိပ်ရာဝင် ညနေဘက်ညဘက်သုံးမယ်ဆိုရင် calming effect ရှိတဲ့အတွက် ပိုပြီးသင့်တော်ပါတယ်။ Master perfumer တစ်ယောက်ရဲ့ quality မြင့်တဲ့ရေမွှေးရနံ.ကို budget price နဲ့ရတာဆိုတော့ value for money ဖြစ်ပါတယ်။

Adam Levine EDP Perfume for Women 100ml

K89,900.00Price
    bottom of page