Dior Homme Cologne for Men 125ml - K 599,000 (In stock)
မိုးရာသီရဲ့ အိုက်စပ်စပ် ရာသီဥတုမှာ လူကို ချက်ချင်း လန်းဆန်းသွားစေမယ့် Dior Homme Cologne ရဲ့ ပုလင်းဒီဇိုင်းကတင် Frosted White Finish နဲ့မို့ ကြည့်လိုက်တာနဲ့တင် ရေခဲတုံးလေးလို အေးမြတဲ့ ခံစားချက်ကို ပေးပါတယ်။
🌿 အနံ့က ရိုးရှင်းပြီး ပေါ့ပါးတယ်။ Calabrian Bergamot၊ Grapefruit Blossom နဲ့ Musk တို့ကိုပဲ သုံးထားလို့ ရိုးရိုးရှင်းရှင်းနဲ့ အနံ့က တော်တော်လေးကို သန့်ပါတယ်။ Exercise လုပ်တဲ့အခါနဲ့ အခုလို မိုးရွာပြီး အိုက်စပ်စပ် ဖြစ်နေတဲ့ နေ့တွေမှာ သောက်လိုက်ရတဲ့ အေးခဲနေတဲ့ Lemonade ဖျော်ရည်တစ်ခွက် လို ခံစားချက်မျိုး ပေးပါတယ်။
✅ Gym ဆော့ချိန်ပဲဖြစ်ဖြစ်၊ အပြင်ကပြန်လာလို့ လူက စေးထန်းထန်း ဖြစ်နေချိန်မှာပဲဖြစ်ဖြစ် ဒီကောင်လေးကို ဖြန်းလိုက်ရင် လူကို ချက်ချင်း Energy ပြန်တက်လာစေပြီး Clean & Refreshing Vibe နဲ့ သန့်ရှင်းလန်းဆန်းသွားစေပါတယ်။
✅ ဘေးကလူကိုလည်း အနံ့ပြင်းလို့ နှာခေါင်းမွှန်းတာမျိုး လုံးဝမဖြစ်စေပါဘူး။ High Quality Citrus ကို သုံးထားတာမို့ အနံ့က တော်တော်လေး Smooth ဖြစ်ပါတယ်။
Pro Tip - ဒီကောင်လေးကို သုံးရင် ရေချိုးပြီးခါစလို ခံစားချက်မျိုး အပြည့်အဝရဖို့ ၁၀ ချက်ကနေ ၁၅ ချက်လောက် ခပ်ရဲရဲလေး တကိုယ်လုံးပတ်ပတ်လည် ဖြန်းပေးဖို့ အကြံပြုချင်ပါတယ်။ လူကို စိတ်ကြည်လင်လန်းဆန်းမှုကို အပြည့်အဝ ပေးပါတယ်။
// Made in France
// Sealed retail packaging
// Duty free shop မှာ ကိုယ်တိုင်ဝယ်လာတာဖြစ်ပါတယ်
// Duty free sticker ပါပါတယ်
Official website -
https://www.yangonbrandedperfume.com/product-page/dior-homme-cologne
In stock ရှိတဲ့ Dior ရေမွှေးတွေရဲ့ review နဲ့ ဈေးတွေကို Yangon Branded official website 👉 https://www.yangonbrandedperfume.com/christian-dior မှာ ကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 599,000Price
bottom of page
