top of page

Dunhill Icon Eau de Parfum for Men 100ml - K 249,000 (In stock)

🌿 Dunhill Icon Eau de Parfum for Men – ရုံးသွားဖို့အတွက် အကောင်းဆုံး လန်းဆန်းပြီး သန့်ပြန့်တဲ့ ရနံ့

ပူပြီးစိုထိုင်းတဲ့ရာသီမှာ ရုံးတွင်းပတ်ဝန်းကျင်အတွက်

✅ လန်းဆန်းပြီး သန့်ပြန့်တဲ့ အဖွင့်ရနံ့ -

Neroli, Bergamot, Black Pepper နဲ့ Petitgrain တို့ရဲ့ လန်းဆန်းတက်ကြွတဲ့ ရနံ့က နေ့သစ်တခုရဲ့ မနက်ခင်းတိုင်းအတွက် လုံးဝအသင့်တော်ဆုံးပါ။

✅ တန်ဖိုးကြီးပြီး ဆွဲဆောင်မှုရှိတဲ့ Heart Note -

Black Pepper, Lavender, Cardamom, Juniper Berries, နဲ့ Sage တို့ရဲ့ ပေါင်းစပ်မှုက သန့်ရှင်းပြီး spicy floral ရနံ့ကိုပေးပြီး တန်ဖိုးကြီးတဲ့ ခံစားမှုကိုရစေမှာပါ။

✅ တည်ငြိမ်ပြီး ခန့်ညားတဲ့ အပိတ်ရနံ့ -

Vetiver, Oakmoss, Iris, Leather, နဲ့ Agarwood (Oud) တို့ရဲ့ base note တွေက မြေကြီးရနံ့အပျော့စားလေးကိုပေးပြီး ရုံးတွင်းပတ်ဝန်းကျင်မှာ ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ ခံစားမှုကိုရစေမှာပါ။

🧊 အပူပိုင်းဒေသအတွက် အထူးသင့်တော်ပြီး ရန်ကုန် နဲ့ မန္တလေးလို ပူစပ်စပ် ရာသီဥတုမှာ ကိုယ့်ရဲ့ ရေမွှေးနံ့က ကပ်စေးနဲလိုမျိုး ဖြစ်နေတာကို ဘယ်သူမှ ကြိုက်မှာမဟုတ်ပါဘူး။ Dunhill Icon က ပေါ့ပါးလန်းဆန်းတဲ့ ရနံ့ကို ပေးစွမ်းပြီး သင့်ရဲ့ သဘာဝကိုယ်သင်းနံ့ကို ပိုပြီး ဖြစ်စေမှာပါ။

⏳ Icon က fresh ဖြစ်တဲ့ scent type ဖြစ်လို့ မနက်ကနေ ညအထိ ကြာရှည်ခံတဲ့ ရနံ့ပြင်း အမျိုးအစားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပူအိုက်တဲ့ ရာသီဥတုမှာတော့ ဒါက သူ့ရဲ့ အားသာချက်ပါပဲ။ နေ့လည်စာစားပြီးချိန်မှာ တချက်လောက် ထပ်ဖျန်းလိုက်ရုံနဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မနှောင့်ယှက်စေဘဲ လန်းဆန်းမှုကို ပြန်လည်ရရှိစေမှာပါ။

👔 ဘယ်လိုလူတွေနဲ့ သင့်တော်လဲ

// Corporate ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ Customer Service ဝန်ထမ်းများ

// လေအေးစက်တပ်ဆင်ထားသော ရုံးခန်း / အပူပိုင်းဒေသတွင်း ပတ်ဝန်းကျင်တွင် အလုပ်လုပ်သူတိုင်း

// ချိုအီရနံ့တွေ / ကလေးဆန်တဲ့ရနံ့တွေကို မကြိုက်ဘဲ လန်းဆန်းပြီး ထည်ဝါတဲ့ ရနံ့ကို နှစ်သက်တဲ့ အမျိုးသားတွေ

✅ လန်းဆန်းတယ်၊ ဒါပေမယ့် ဘယ်တော့မှ ရိုးမသွားဘူး

✅ သန့်ရှင်းတယ်၊ ဒါပေမယ့် ဘယ်တော့မှ အေးစက်မနေဘူး

✅ ဆန်းပြားတယ်၊ ဒါပေမယ့် ဘယ်တော့မှ over မဖြစ်ဘူး

🎁 Packaging and bottle

ပုလင်းကလဲ တင်ထားတဲ့ပုံထဲကအတိုင်း သတ္တု နဲ့ ဖန် ပေါင်းပြီး လုပ်ထားတဲ့ 1kg လောက်ကို လေးတဲ့ ရေမွှေး ကုန်သွားရင်တောင် သိမ်းထားချင်နေနိုင်တဲ့ အရမ်းခန့်တဲ့ collectable art piece ဖြစ်ပါတယ်။ 100ml ဘူးဆိုဒ်ကို ရုံးစားပွဲပေါ်မှာ တင်ထားရင် ခန့်ညားတဲ့ပုံစံကိုပေးမှာပါ။

Made in USA

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/dunhill-icon-edp-perfume-for-men-100ml

Dunhill Icon EDP Perfume for Men 100ml

K249,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page