Mont Blanc Explorer Extreme Parfum (In stock)
# 100ml Tester Packaging - K 299,000
# 100ml Retail Packaging - K 349,000
2025 မှာအသစ်ထွက်ထားတဲ့ ဒီပြင်သစ်ရေမွှေးရဲ့ ထူးခြားချက်က သူ့ရဲ့ Freshness နဲ့ Woody နံ့ပေါင်းစပ်ထားတာပါပဲ။
🌿 ပထမဆုံးဆွတ်လိုက်ရင် Citrus (သံပုရာ၊ လိမ္မော်) နံ့လိုမျိုး လန်းဆန်းတဲ့အနံ့ကို ရတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ Vetiver (မြက်မွှေး) နဲ့ Patchouli (ပက်ချူလီ) လိုမျိုး မြေနံ့သစ်နံ့သင်းသင်းလေးတွေ ပေါ်လာတယ်။
✅ အခုလို ရန်ကုန်မှာ နေ့ဘက်ဆို (၃၅-၃၆ ဒီဂရီစင်တီဂရိတ်) ပူပြင်းတဲ့ ရာသီဥတုနဲ့ ညဘက်ဆိုလည်း အိုက်စပ်စပ် ရာသီဥတုမှာ ဒီရေမွှေးက တော်တော်လေး အသုံးတည့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက highest perfume concentration ဖြစ်တဲ့ Parfum ရေမွှေးအမျိုးအစားဖြစ်လို့ ချွေးထွက်များတဲ့အချိန်မျိုးမှာတောင် အနံ့က မပျယ်လွယ်ပါဘူး။
✅ လူအများစုအတွက် မနက်ပိုင်း ရုံးသွားခါနီး ဆွတ်ထားလိုက်ရင် ညနေ ရုံးဆင်းတဲ့အထိ အနံ့က စွဲမြဲနေနိုင်ပါတယ်။ Fragrantica မှာဆိုရင်လည်း Longevity အတွက် vote ပေးထားတဲ့သူတွေရဲ့ ၈၀% ကျော်က သူ့ရဲ့ ကြာရှည်ခံမှုကို 'Long lasting' ကနေ 'Very long lasting' လို့ သတ်မှတ်ထားကြပါတယ်။
✅ ဒါပေမဲ့ သူကအရမ်းကြီးမွှန်ထူနေအောင် ပြင်းတဲ့အမျိုးအစားမဟုတ်တဲ့အတွက် ပတ်ဝန်းကျင်အပူချိန် / ကိုယ်သုံးတဲ့ ရေမွှေး spray အရေအတွက်နဲ့ အသားပေါ်ဖြန်းသုံးလား အဝတ်ပေါ်မှာသုံးလားဆိုတာတွေအများကြီးပေါ်မှာ မူတည်ပါတယ်။ သေချာတာကတော့ Explorer EDP ထက်ပိုပြီး ကြာကြာခံတယ်ဆိုတာပါပဲ။
✅ Explorer Eau de Parfum classic version ကို ပြန်ကြည့်ရင် သူက Creed Aventus ရနံ့နဲ့ အရမ်းနီးစပ်ပြီး ဈေးနှုန်းချိုသာတာကြောင့် လူကြိုက်များခဲ့တဲ့ ရေမွှေးဖြစ်ပါတယ်။ Explorer Extreme က လူအများထင်နေသလို မူရင်း Explorer ထက် ပိုပြင်း၊ ပိုအားကောင်းတဲ့ Beast Mode Aventus ပုံစံမျိုးတော့ amp up လုပ်ထားတာမဟုတ်ပါဘူး။
✅ Explorer Extreme ကို လူအားလုံးကြိုက်အောင် maximum compliment factor ရအောင်လို့ (မူရင်း Aventus အနံ့နဲ့တိုက်ရိုက်မတူတဲ့) Absolute Aventus၊ (Sauvage EDT/EDP တွေနဲ့ တိုက်ရိုက်မတူတဲ့) Sauvage Elixir၊ မူရင်း Explorer နဲ့ မူရင်း Sauvage ရနံ့တွေကို ရောပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
✅ Explorer Extreme မှာ Aventus ရဲ့ ရနံ့ DNA နည်းနည်းလေးပဲ ပါပြီး Absolute Aventus လို နက်ရှိုင်းတဲ့ မီးခိုးငွေ့ရနံ့ (smokiness) နဲ့ ပြင်းအား (impact) မျိုးမရှိပါဘူး။ Extreme က Absolute Aventus ထက် Sauvage Elixir နဲ့ နည်းနည်းပိုနီးစပ်တယ်လို့ ပြောလို့ရပြီး ဒါကိုလဲ တိုက်ရိုက်ကူးချတာ မဟုတ်ပါဘူး။ Sauvage Elixir က အရမ်းပြင်းပြီး Explorer Extreme ကတော့ အဲ့လောက် မပြင်းပါဘူး။ Elixir ထက်စာရင် မူရင်း Dior Sauvage အနံ့မျိုးကို ပိုသတိရစေပါတယ်။
✅ အဲဒီလို နာမည်ကြီး Brand တွေရဲ့ ခံစားချက်မျိုးကို ကြိုက်တဲ့သူတွေအတွက်ဆို ဒီ Mont Blanc Explorer Extreme Parfum က တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပါ။
✅ ဒါ့အပြင် သူ့ကိုသုံးရတာက Absolute Aventus/ Sauvage Elixir တွေလို့အရမ်းခက်ခဲမှာမဟုတ်တဲ့အပြင် မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတု အမြဲရှိတဲ့နိုင်ငံမှာ သုံးရတာပိုလွယ်မှာဖြစ်ပါတယ်။
✅ မိတ်ဆွေကရေမွှေးတွေကို သိပ်စိတ်မဝင်စားဘဲ ရေမွှေးအရေအတွက် အများကြီးလည်းမရှိဘဲ ရိုးရိုးသာယာတဲ့ရနံ့တစ်ခု ကောင်းတဲ့ရေမွှေးတစ်ခု ဘေးလူတွေဆီကချီးကျူးစကားတွေ အများကြီးရနိုင်တဲ့ရေမွှေးတစ်ခုကို နေ့တိုင်း ရိုးရိုးရှင်းရှင်းသုံးဖို့ လိုချင်ရင်တော့ Explorer Extreme ကို ရွေးတာမမှားပါဘူး။
✅ လူအများကြိုက်တဲ့အနံ့ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် အစည်းအဝေးတွေ၊ conference တွေ သွားရတဲ့သူတွေအတွက်ဆို အရမ်းသင့်တော်တယ်။ Professional ဆန်တယ်။ တည်ငြိမ်တယ်။ ပြီးတော့ ကိုယ့်ရဲ့ Personality ကို ပိုပြီး Strong ဖြစ်စေတယ်။ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။ ဘေးလူတွေကို စိတ်အနှောင့်ယှက်မဖြစ်စေဘူး။
✅ လက်ဆောင်ပေးဖို့ ဝယ်မယ်ဆိုရင်လည်း အပြင်ပန်း ဒီဇိုင်းက Mont Blanc ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ခန့်ညားပြီး ပရီမီယံဆန်တယ်။ ပုလင်းရဲ့ အမည်းရောင်ဒီဇိုင်းနဲ့ ရွှေရောင်စာလုံးတွေက ယောက်ျားပီသတဲ့ ခံစားချက်ကို ပေးတယ်။
အချုပ်ပြောရရင်တော့ Mont Blanc Explorer Extreme Parfum က ရန်ကုန်ရဲ့ ပူအိုက်တဲ့ ရာသီဥတုမှာတောင် စတိုင်ကျကျနဲ့ လန်းဆန်းနေချင်တဲ့ ယောက်ျားတွေအတွက် ဝယ်ထားရင်မမှားတဲ့ ဈေးတန်တဲ့ ရေမွှေးအသစ်တစ်မျိုးလို့ ပြောချင်ပါတယ်ခင်ဗျား။
Official website -
https://www.yangonbrandedperfume.com/product-page/explorer-extreme-tst-pkg
Made in France
Sealed retail packaging နဲ့ tester packaging နှစ်မျိုးလုံးရှိပါတယ်။
Tester Packaging မှာလဲအဖုံးပါပါတယ်။ အပြင်ဘူးခွံကပဲ အခုမြင်ရတဲ့အတိုင်း Tester ဘူးခွံနဲ့လာတာဖြစ်ပါတယ်။
လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင် sealed retail packaging ကိုဝယ်သင့်ပြီး ကိုယ်တိုင်ပဲ သုံးမှာဆိုရင်တော့ ပိုပြီးသက်သာတဲ့ tester packaging ကိုဝယ်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 299,000Price
bottom of page
