top of page

Goldfield & Banks Pacific Rock Moss Unisex Perfume 100ml - K 575,900 (In stock)

ဩစတေးလျနိုင်ငံက indigenous brand တစ်ခုဖြစ်တဲ့ Goldfield and Banks မှ ထုတ်လုပ်တဲ့ Pacific Rock Moss ကသုံးလိုက်တဲ့သူရဲ့စိတ်ကိုပျော်အောင် ညိမ်အောင်လုပ်ပေးနိုင်တဲ့ calming scent တစ်ခုဖြစ်ပါတယ်။

ခုန်ပေါက်ပြေးလွှားနေတဲ့အပျော်မျိုးတော့မဟုတ်ဘူးနော် - ပူနွေးနေတဲ့နေ့တစ်နေ့မှာ ပင်လယ်ဘေးမှာ G&T တစ်ခွက်၊ စာအုပ်ကောင်းကောင်းတစ်အုပ်၊ လတ်ဆတ်တဲ့ ပင်လယ်လေရှူရှိုက်၊ လှိုင်းပုတ်သံလေးတွေ နားထောင်ပြီးရတဲ့ ပျော်ရွှင်မှုမျိုးဖြစ်ပါတယ်။

ဒါက နွေးထွေးတဲ့ အသားပေါ်ကို Pacific Rock Moss ရဲ့မွှေးပျံ့တဲ့ ရနံ့ကို ဖြန်းလိုက်တဲ့အခါ ခံစားရတဲ့ ခံစားချက်ပါ။စစဖြန်းလိုက်တာနဲ့ လန်းဆန်းသော သံပုရာသီးကို အနံ့ရပါမယ် - အရမ်းချင်စူးနေတဲ့ strong citrus ရနံ့မဟုတ်ဘူးနော် သန့်ရှင်း လတ်ဆတ်ပြီး ပင်လယ်ကမ်းစပ်ကို စွဲမက်ဖွယ်ဖြစ်စေသည့် အေးမြတဲ့ သံပုရာသီး + ပင်လယ်လေ + herbal green ရနံ့မျိုး သင်းသင်း soft, gentle scent that is noticeable but not overwhelming citrus နံ့ပါ။

ရေညှိ၊ sage နှင့် geranium တို့ရဲ့ ပေါင်းစပ်မှုကလည်း အရသာရှိရှိ လန်းဆန်းစေတယ် - ပင်လယ်လေညင်းက သင့်ဆီမရောက်မီ စိမ်းစိုနေတဲ့တောအုပ်လေးကိုဖြတ်ကျော်ပြီး ရနံ့တွေကို ယူလာသလိုပါပဲ။ခဏကြာတဲ့အခါမှာ top note တွေ ပျော့ပြောင်းလာပြီး sage ရနံ့တစ်ခုကပဲ စွဲကျန်နေပါတယ်။

ပင်လယ်ဘေးက နေထိုးထားတဲ့ တောအုပ်လေးဘေးမှာထိုင်နေရင်ရမယ့် ရနံ့မျိုးပါ။ ဒီအဆင့်မှာပဲ ဆားငံဓာတ်ရှိတဲ့ လေရူးရနံ့လေးပေါ်လာပါတယ်။ Sea note က အရမ်းမပြင်းပါဘူး - ဆွဲဆောင်မှုရှိပြီး စိတ်သက်သာရာရစေ relax ဖြစ်စေတဲ့ ပင်လယ်ရနံ့သင်းသင်းလေးပါ။

Pacific Rock Moss ၏ နောက်ဆုံးအဆင့်မှာ စောစောက sage ရဲ့ herbal facets အသွင်အပြင် ဝိုးတဝါးလောက်ပဲခံစားရတော့မှာဖြစ်ပြီး creamy ဖြစ်တဲ့သစ်သားရနံ့စရပါပြီ။ မွှေးပျံ့နေသောသစ်သားရနံ့က warm and creamy, with a subtle hint of sea salt that lingers on the surface of the wood sent ပါ။

ဒီအချိန်မှာပဲ clean musk နံ့လဲထွက်လာပေမဲ့ တစ်ခြားရနံ့တွေက musk နံ့နဲ့လုံးထွေးပြီးရှိနေတာမို့ ရေမွှေးအများကြီးသုံးပြီး notes တွေကို သေသေချာခွဲနိုင်တဲ့ အနံ့ခံအာရုံရှိတဲ့လူတွေလောက်ပဲ musk နံ့ကိုရမှာဖြစ်ပါတယ်။Pacific Rock Moss က နွေရာသီ မှာသုံးဖို့ကောင်းတဲ့ soothing green aquatic citrus fragrance တစ်မျိုးပါ။

စိတ်အပန်းဖြေမှု၊ သက်တောင့်သက်သာရှိမှု vibe တွေ ရပြီး တစ်ချို့ reviewer တွေက ဒီရေမွှေးကို seaside holiday သွားရင် ယူသွားဖို့ကောင်းတယ်လို့ပြောတာကြားဖူးပေမယ့် တကယ်ကတော့ အားလပ်ရက်တွေကို အိပ်မက်မက်ရင်း စားပွဲခုံမှာ ပိတ်မိနေတဲ့အခါ ကိုယ့်စိတ်ကို လွတ်မြောက်ဖို့ ထွက်ပေါက်ပေးတဲ့အနေနဲ့ သုံးဖို့အသင့်ဆုံးလို့ထင်ပါတယ်။

Pacific Rock Moss ရဲ့ က Francois Merle-Baudoin ဖြစ်ပါတယ်။ သူက Cartier၊ Montblanc နှင့် Acqua di Parma အပါအဝင် luxury brand မျိုးစုံအတွက် ရေမွှေးတွေကိုဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ Merle-Baudoin သည် အရည်အသွေးပြည့်မီသော ပါဝင်ပစ္စည်းတွေနဲ့ အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ပြီး ဆန်းသစ်တဲ့ ရနံ့များကို ဖန်တီးရာမှာ ကျွမ်းကျင်တဲ့အတွက် လူသိများပါတယ်။ သုံးလိုက်ရင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုဖြစ်စေတဲ့ ရနံ့မျိုးတွေကို ဖန်တီးနိုင်စွမ်းအတွက် အသိအမှတ်ပြုခံရတဲ့သူ ဖြစ်ပါတယ်။

Société Française des Parfumeurs ၏အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Merle-Baudoin က Cartier အတွက်ဖန်တီးပေးခဲ့တဲ့ "L'Heure Mysterieuse XII" အတွက် Prix International du Parfum အပါအဝင် သူ၏လက်ရာအတွက် ဆုများစွာကို ရရှိခဲ့သည်။

Pacific Rock Moss က မိုးဦးနှင့် နွေရာသီမှာ ပူအိုက်တဲ့အချိန်တွေမှာ စိတ်ညစ်နေလို့ pick me up scent သုံးဖို့လိုတဲ့အချိန်တွေမှာ သုံးဖို့ အကောင်းဆုံးရနံ့တစ်ခုဖြစ်လို့ intensity and longevity အရမ်ပြင်းပြီး ကြာကြာခံဖို့လုပ်ထားတာမဟုတ်ပါဘူး။ ကိုယ်အမှန်တကယ်လိုနေတဲ့ အချိန်ရောက်လာပြီး နောက်ကနေညိမ်ညိမ်လေးအားပေးနေတဲ့ သူငယ်ချင်းလိုမျိုးရနံ့ ဖြစ်ပါတယ်။ နေ့ခင်းဖက်သုံးဖို့ အထူးသင့်လျော်ပြီး ရုံးပတ်ဝန်းကျင်မှာသုံးရင် သင့်အား သင်းပျံ့စေပြီး လန်းဆန်းစေသော်လည်း လုပ်ဖော်ကိုင်ဖက်များကို စိတ်အနှောက်အယှက်မဖြစ်စေဘဲ အနံ့သင်းသင်းလေးဖြစ်စေမှာမို့ office and professional scenario အတွက် အထူးသင့်လျော်ပါတယ်။

တစ်နေကုန်ခံချင်ရင်တော့ တခြား fresh scent တွေလိုပဲ decant ဆောင်ဖို့ / overspray လုပ်ဖို့လိုပါတယ်။

Fresh တဲ့ရေမွှေးထဲမှာ ပိုပြီး long lasting ဖြစ်တာကြိုက်ရင်တော့ D&G Light Blue Eau Intense ကိုသုံးနိုင်ပါတယ်။ Budget friendly ထဲကဆိုရင် La Rive Aqua ကတော်တော် ဈေးချိုပြီး အနံ့ profile ကောင်းပါတယ်။

ဘယ်လိုရေမွှေးသုံးရမယ်ကို မသေချာဘူးဆိုရင် Yangon Branded Customer Service Viber 0943065356 ကို message ပို့ပြီး မေးလို့ရပါတယ်။

Made in Australia

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/goldfield-banks-pacific-rock-moss-unisex-perfume-100ml

Video review -

https://youtu.be/IWgQw42ve48

Goldfield & Banks Pacific Rock Moss Unisex Perfume 100ml

K575,900.00Price
    bottom of page