top of page

Guerlain L'homme Ideal Platine Prive EDT Perfume for Men 100ml - K 355,900 (In stock)

Citrus, almond နဲ့ spice note တွေအဓိကသုံးထားပြီး အခုဆက်မထုတ်တော့တဲ့ ရောင်းအားအလွန်ကောင်းခဲ့တဲ့ အပူပိုင်းဒေသသုံး Guerlain L'homme Ideal Cologne ရဲ့အစားဒီရေမွှေးကို ထုတ်ထားတာလို့ reviewer တော်တော်များများကဆိုပါတယ်။

Top notes - Fresh ဖြစ်တဲ့ citrus တွေဖြစ်တဲ့ Grapefruit နဲ့ Bergamot ရနံ့

Middle notes - ဆိမ့်ပြီးမွှေးတဲ့ L'homme Ideal series ကရေမွှေးတိုင်းမှာပါနေကျဖြစ်တဲ့ Green Almond နဲ့ Neroli ရနံ့

Base notes - လမ်းဆန်းတဲ့ရနံ့တွေ ချိုမွေးတဲ့ရနံ့တွေကို feminine ဖြစ်မသွားအောင်ပြန်ပြီးထိန်းညှိထားတဲ့ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားပီသတဲ့ Musk နဲ့ Vetiver ရနံ့

Fragrantica rating 4.4 out of 5 ရှိတဲ့အတွက် အလွန်လူကြိုက်များတဲ့ House of Guerlain ရဲ့ပင်တိုင်ရေမွှေးပညာရှင် Delphine Jelk ရဲ့လက်ရာ ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

Guerlain L'homme Ideal Cologne/ LV Imagination/ Bvlgari Tyger တွေလိုပဲ citrus forward type ဖြစ်ပြီးရနံ့က classic ဖြစ်တဲ့ရနံ့တွေနဲ့ contemporary ဖြစ်တဲ့ရနံ့တွေကို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်ဖန်တီးထားတာမို့ အရမ်းကောင်းတဲ့ရေမွှေးတစ်ခုဆိုတာကို စစဖြန်းလိုက်တဲ့အချိန်ကစပြီး သိရမှာဖြစ်တဲ့အပြင် Imagination နဲ့ Tyger တွေလို ဈေးဆယ်သိန်းကျော်မပေးရဘဲ တော်တော်လေးကောင်းတဲ့ niche quality ရေမွှေးတစ်မျိုးကို သင့်တင့်တဲ့ဈေးနဲ့သုံးရမှာဖြစ်ပါတယ်။

ဒီရေမွှေးကို L'homme Ideal series ရဲ့အမှတ်တံဆိပ်ပုလင်းဖြစ်တဲ့ လေးထောင့်ပုလင်းဖန်သားထူထူကောင်းကောင်းနဲ့ ထည့်ထားပြီးတော့ အဖုံးကလည်း guilloché detailing လို့ခေါ်တဲ့ ဈေးကြီးတဲ့နာရီတွေမှာသုံးတဲ့ ပုံထွင်းနည်းပညာကိုသုံးပြီး intricate pattern တစ်ခုကို အဖုံးပတ်ပတ်လည်မှာထည့်ထားပါတယ်။ ဒါကြောင့်ပုလင်းကိုကိုင်ကြည့်လိုက်တာနဲ့ အဆင့်အတန်းမြင့်တဲ့ရေမွှေးတစ်ခုဆိုတာကို သေချာပေါက်ခံစားရမှာပါ။

ပူတဲ့အချိန်တွေမှာသုံးဖို့ ရိုးရိုးရှင်းရှင်းနဲ့ elegant ဖြစ်တဲ့ရေမွှေးတစ်ခု လိုနေတယ်ဆိုရင် / အနံ့စူးတဲ့ fresh type ရေမွှေးတွေကိုမကြိုက်ရင် / အရမ်းပြင်းတဲ့ရေမွှေးတွေကိုမကြိုက်ရင် စမတ်ကျကျနဲ့သင်းသင်းလေးမွှေးနေဖို့အတွက် Guerlain L'homme Ideal Platine Prive ကိုစဉ်းစားသင့်ပါတယ်။

Official website - https://www.yangonbrandedperfume.com/product-page/guerlain-l-homme-ideal-platine-prive-edt-perfume-for-men-100ml

Made in France

Sealed original retail packaging

Guerlain L'homme Ideal Platine Prive EDT Perfume for Men 100ml

K355,900.00Price
    bottom of page