top of page

*Guerlain Vetiver Parfum (Pure Perfume) 2024 Version*

Guerlain ရဲ့ 2024 ခုနှစ်ထုတ် Vetiver Parfum ကအရင်ကထွက်ခဲ့တဲ့ Vetiver EDT/EDP တွေလိုပဲ သန့်ရှင်းပြီးဆွဲဆောင်မှုရှိတဲ့ Vetiver နွယ်မြက်ရဲ့သဘာဝရနံ့ ကိုအခြေခံပြီး လုပ်ထားတာဖြစ်ပါတယ်။

Parfum ဆိုတဲ့အတိုင်း ဒီ version မှာတော့ vetiver ရဲ့ရနံ့ပိုလေးနက်သွားပြီး creamy ဖြစ်သွားတယ် / tonka bean နဲ့ vetiver ပေါင်းထားပုံကအရင် EDT ထက်အများကြီး ပိုအဆင်ချောပြီး ပိုလှတဲ့ scent profile ဖြစ်သွားစေတယ် /  ရေမွှေးအဆီပါဝင်နှုန်းပိုများလာတဲ့အတွက် ပိုပြီးလည်း ကြာကြာခံလာပါတယ်။

ဒီရေမွှေးက တကယ်တော့ အရင် EDT version တွေတောင် fresh ဖြစ်တဲ့ ရေမွှေးတစ်ခုအနေနဲ့ပြောရရင် longevity သိပ်မဆိုးခဲ့တဲ့အမျိုးအစားပါ။ ဒါကြောင့်အခု ပို long lasting ဖြစ်လာတာမဆန်းပါဘူး။

Vetiver ရေမွှေးတွေရဲ့သဘောအတိုင်းပဲ နွေဘက်နေပူကြဲကြဲထဲမှာသုံးနိုင်သလို အေးမြသောရာသီဥတုအချိန်တွေဖြစ်လာရင်လည်း ဆက်သုံးလို့ကောင်းနေမှာပါ။ အထူးသဖြင့် မိုးဦးကာလတွေမှာ ပြောင်းလဲလာတဲ့လေရဲ့ စိုထိုင်းမှုနဲ့ပေါင်းပြီး ပူတဲ့အချိန်တွေရတဲ့ရနံ့ထက်နည်းနည်းလေးပိုပြီး လေးနက်တဲ့ note တွေကို ပီပီသသခံစားရမှာဖြစ်ပါတယ်။ နည်းနည်းအပူချိန်လျော့သွားရင် projection မသိမသာလျော့သွားပေမယ့် အနားကပ်လာတဲ့လူတွေခံစားရမယ် sillage cloud ပိုကျစ်ကျစ်လျစ်လျစ်ဖြစ်သွားတယ် ကောင်းသွားတယ် လို့ထင်ပါတယ်။

Top Notes - Juniper Berries, Vetiver

Heart Notes - Coriander, Smoky Notes

Base Notes - Tonka Bean

These notes reflect a balanced composition that opens with fresh and aromatic tones, deepens with smoky and spicy elements, and finishes with a smooth, slightly sweet base.

Audience အနေနဲ့ nose maturity ရှိတဲ့သူတွေ အရင် Guerlain Vetiver EDT ကိုကြိုက်တဲ့သူတွေနဲ့ Dior Homme Parfum လို Terre D'Hermes လို smooth ဖြစ်တဲ့ earthy fresh type တွေကို ကြိုက်တဲ့သူတွေကိုပဲ recommend လုပ်ပါတယ်။ အခုမှ ရေမွှေးစသုံးမယ့်သူတွေဆိုရင် ဒီရေမွှေးကိုမဝယ်သင့်ပါဘူး။ ရေမွှေးပုလင်းအရေအတွက် နည်းနည်းပဲရှိတဲ့သူဆိုရင်လည်း မဝယ်သင့်ပါဘူး။ 

ဒီရေမွှေးကို Guerlain website မှာ retail price USD 175 နဲ့ အခုရောင်းနေပေမယ့် discounter တွေမှာ ဒီလစဝင်လာပြီမို့ အရင်ထက်ပိုပြီးသက်သာတာတဲ့စျေး *K 540,000 (100ml / retail packaging)* နဲ့ Preorder မှာလို့ရပါပြီ။

* Preorder မှာချင်တယ်ဆိုရင် Customer Service Viber 0943065356 ကိုဆက်သွယ်နိုင်ပါတယ်။*

Guerlain Vetiver Parfum

K540,000.00Price
    bottom of page