Nishane Hacivat X Extrait de Parfum Unisex 100ml - K 839,000 (In stock)
နာမည်ကြီး Hacivat ရဲ့ ပိုပြီး ပြောင်မြောက်တဲ့၊ ပိုပြီး အားကောင်းတဲ့ ပုံစံသစ်ပါ။ Hacivat X က မူရင်း Hacivat ကို ကြိုက်တဲ့သူတွေ သဘောကျခဲ့တဲ့ note အားလုံးကို အဆင့်မြှင့်ထားတာဖြစ်ပြီးတော့ ပုံမှန် flanker တစ်ခုတင် မဟုတ်ပါဘူး၊ တကယ်ကို statement တစ်ခုပါပဲ။
Hacivat က သပ်ရပ်ခန့်ညားတဲ့ Tuxedo ဝတ်ထားတဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုရင်၊ Hacivat X က blazer နဲ့ designer ဖိနပ်စီးထားတဲ့ ဆွဲဆောင်မှုရှိပြီး နည်းနည်း ဂျစ်ကန်ကန်နေတတ်တဲ့သူတစ်ယောက်လိုပါပဲ။ ဈေးကြီးတဲ့အနံ့၊ ရှုပ်ထွေးပြီး ခေတ်မီတဲ့အနံ့မျိုးလို့ ပြောရမှာပါ။
*ရနံ့ဖွဲ့စည်းပုံ (Fragrance Profile)*
Top: Pineapple, Bergamot, Pink Pepper
Heart: Lime, Jasmine, Orange Blossom
Base: Haitian Vetiver, Cedarwood, Patchouli, Frankincense
ပထမဆုံး စဖျန်းလိုက်တာနဲ့ ရင်းနှီးပြီးသား Hacivat ရဲ့ Pineapple အနံ့ကို ရမှာပါ။ ဒါပေမယ့် ဒီတစ်ခါ ပိုပြီး စူးရှတယ်။ Tangy ဖြစ်တဲ့ lime နဲ့ အောက်က smoky, peppery spice အငွေ့အသက်လေးလည်း ပါလာတယ်။ မူရင်းထက် ချက်ချင်း ပိုပြင်းထန်ပြီး assertive ဖြစ်လာတာကို ခံစားရလိမ့်မယ်။
Heart ထဲ ရောက်လာတာနဲ့ floral note တွေ ပွင့်လာတယ်။ Orange blossom က လင်းလင်းချင်းချင်းရှိတဲ့ light floral အနံ့ကိုပေးပြီး jasmine က ခေတ်ဆန်တဲ့ရေမွှေးတစ်ခုရဲ့ characteristic ကို ပေးတယ်။ ဒီနေရာမှာ fresh-sour-green vibe လေး ကအပေါ်ကပြောတဲ့ note အားလုံးနဲ့ပေါင်းပြီး ဒီ stage တစ်ခုလုံးမှာ ရှိနေတယ်၊ အနံ့တွေကအားလုံးပေါင်းသွားတဲ့အခါ crisp ဖြစ်နေပြီး သုံးထားတဲ့သူသာမက ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ pleasant ဖြစ်နေစေတယ်။
ဒါပေမယ့် Drydown ကတော့ Hacivat X ရဲ့ 'X' ကို ဘာကြောင့် အဲဒီလိုခေါ်လဲဆိုတာ ပြတဲ့နေရာပဲ။ Deep ဖြစ်တဲ့၊ သစ်သားဆန်တဲ့၊ မီးခိုးငွေ့ဆန်တဲ့၊ တကယ်ကို luxurious ဖြစ်တဲ့ အနံ့။ Vetiver က rich ဖြစ်ပြီး earthy ဖြစ်တယ်။ Quality တော်တော်လေးကောင်းတဲ့ patchouli extrait ကိုသုံးထားတဲ့အတွက် clean ဖြစ်ပေမယ့် dense ဖြစ်တယ်။ Frankincense က subtle incense-like layer လေးကို ထပ်ထည့်ပေးတယ်၊ Sacred & mysterious ဖြစ်တဲ့ grounding quality မျိုးကို ပေးတယ်။
Concentration က Extrait de Parfum ဖြစ်တဲ့အတွက်အနံ့အရည်အသွေး ကောင်းတာကတော့ အထူးပြောဖို့မလိုတော့ပါဘူ။ ပြင်သစ်လူမျိုး ရေမွှေးပညာရှင် ယူလီယန် ရာစကီးနေ (Julien Rasquinet) ရဲ့လက်ရာဖြစ်တဲ့ ဒီရေမွှေး က ပျံ့လွင့်အား (Sillage) နဲ့ ကြာရှည်ခံမှု (Longevity) မှာ nuclear / beast mode လို့တောင် ပြောလို့ရတယ်။ အဝတ်ပေါ်ဖြန်းထားရင် မနက်ကနေ ညအထိ ခံပါတယ်။
*မူရင်း Hacivat နဲ့ ဘယ်လို ကွာလဲ*
// Hacivat က ပေါ့ပါးတယ်၊ လတ်ဆတ်တယ်၊ Classic ဆန်တယ်၊ ပိုပြီး သန့်စင်တဲ့ Aventus လိုမျိုး။
// Hacivat X က ပို deep ဖြစ်တယ်။ ပို dark ဖြစ်တယ်။ ပိုပြီး smokey ဖြစ်တယ်။ ပိုအားကောင်းတဲ့ projection နဲ့ ပို niche-feeling ဖြစ်တဲ့ complexity ရှိတယ်။
မူရင်းကို ကြိုက်တဲ့သူတွေက DNA ကို မှတ်မိကြမှာပါ၊ ဒါပေမယ့် X က moodier ဖြစ်ပြီး ပို drama ဆန်တယ်။ 'နေ့ခင်းဘက် ရုံးတက်ဖို့' ထက် 'အရှိန်အဝါနဲ့ နက်နဲမှုရှိတဲ့ ညဘက်ထွက်ဖို့' ပိုသင့်တော်တယ်။
*ဘယ်အချိန်၊ ဘယ်နေရာမှာ သုံးသင့်လဲ*
// ညနေခင်းတွေ၊ အထူးပွဲတွေ၊ Formal ပွဲတွေ၊ ဒါမှမဟုတ် လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် သတိထားမိစေချင်တဲ့ အခါတွေမှာ သုံးဖို့ အကောင်းဆုံးပါပဲ။
// OG Hacivat လောက် versatile မဖြစ်ပေမယ့်၊ တကယ်ကို ပို niche၊ ပို bold ဖြစ်ပြီး ပိုပြီး unapologetically luxurious ဆန်တယ်။
// ရာသီဥတုပူတဲ့ ဒေသတွေမှာဆိုရင် ဖြန်းတဲ့အခါ သတိထားပါ။ နည်းနည်းလောက်ပဲဖြန်းရုံနဲ့ လုံလောက်ချင် လုံလောက်လိမ့်မယ်နော်။
*ဘယ်လိုလူမျိုးတွေအတွက်လဲ*
// အားကောင်းတဲ့၊ ယုံကြည်မှုရှိတဲ့၊ နည်းနည်း mysterious ဖြစ်တဲ့ အနံ့ကို လိုချင်တဲ့ fragrance ချစ်သူတွေအတွက်ပါ။
// Safe ဖြစ်ပြီး linear ဖြစ်တဲ့ designer အနံ့တွေကို ပိုကြိုက်တဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး။
// Aventus ဒါမှမဟုတ် Hacivat ကို ပိုပြီး 'ယဉ်ကျေးလွန်းတယ်' လို့ ထင်ပြီး ပို drama နဲ့ depth ကို လိုချင်တဲ့သူတွေအတွက် တကယ်ကောင်းပါတယ်။
Hacivat က niche luxury ကို စဝင်ဖို့ entry point ဖြစ်ခဲ့ရင်၊ Hacivat X က power scent နယ်ပယ်ထဲကို စတင်ဖို့ လုပ်တာနဲ့ တူပါတယ်။
Made in Turkey
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/hacivat-x-100ml
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K839,000.00Price
bottom of page
