top of page

Kilian Apple Brandy On The Rocks Eau de Parfum 50ml - K 776,900 (In stock)

ဒီရေမွှေးကိုနာမည်ပေးထားတဲ့အတိုင်း စစဖြန်းခြင်းမှာ

ဖြစ်တဲ့ bergamot နဲ့ cardamom ရနံ့တွေနဲ့အတူ ကြည်လင်တဲ့ ပန်းသီးနဲ့လုပ်ထားတဲ့ဘရန်ဒီရနံ့နဲ့ စဖွင့်ပါတယ်။

Brandy အနံ့ရအောင် rum accord လို့ခေါ်တဲ့ ရနံ့ဒြပ်ပေါင်းကိုသုံးထားပြီး ယမကာနဲ့သက်သက်ပြင်းပြင်းကြီးထွက်မနေအောင် ပြန်ထိန်းတဲ့အနေနဲ့ moss ရနံ့ နဲ့ ပိုပြီးအရသာရှိတဲ့ smooth ဖြစ်တဲ့ liqueur ရနံ့ပီပီသသရအောင် vanilla ရနံ့တွေထည့်ပေါင်းထားပါတယ်။ အများကြီးမဟုတ်ပေမယ့် pineapple ရနံ့ကိုလည်း သေသေချာချာခံစားကြည့်ရင် အနည်းငယ်ရနိုင်ပါတယ်။

ယောက်ျားပီသဖို့အတွက် cedarwood ရနံ့နဲ့ ကြာရှည်ခံပြီး ပျံ့အားကောင်းဖို့အတွက် ambroxan ရနံ့တွေကိုလည်း ထည့်ထားပါတယ်။

ဒီရေမွှေးက designer perfume အများစုနဲ့လုံးဝမတူတဲ့ ထူးခြားတဲ့ရနံ့ကွဲဖြစ်ပြီး blend လုပ်ထားတာချောမွေ့ပြီး palatable ဖြစ်တဲ့အတွက် နေရာမရွေးအချိန်မရွေးသုံးနိုင်ပါတယ်။ Unisex ဖြစ်ပေမယ့်အမျိုးသားများသာ အသုံးများပါတယ်။

အဖွင့်မှာပါတဲ့ ပန်းသီးရနံ့က Hugo Boss Bottled မှာပါတဲ့ပန်းသီးရနံ့မျိုးဖြစ်ပြီး အဲဒီထက် quality အများကြီးပိုကောင်းပါတယ်။ ဒါကြောင့် apple scent ရေမွှေးကောင်းကောင်းကြိုက်သူတွေဆိုရင် ဒီရေမွှေးကိုကြိုက်မှာပါ။

Official website - https://www.yangonbrandedperfume.com/product-page/kilian-apple-brandy-on-the-rocks-eau-de-parfum-50ml

Made in France

Sealed original retail packaging

Video reviews -

https://youtu.be/-L84Yk3TT4k

https://youtu.be/EXDJNZn_yRA

https://youtu.be/1Ke26t0NkcY

Kilian Apple Brandy On The Rocks Eau de Parfum 50ml

K776,900.00Price
    bottom of page