top of page

ပြင်သစ်နိုင်ငံလုပ် အမျိုးသမီးသုံး Lalique Amethyst Eau De Parfum 100ml - K 145,900 (In stock)

 

ချိုမွှေးတဲ့ fresh fruity floral အမျိုးအစား Amethyst ရေမွှေးကို အနက်ရောင် ဘယ်ရီသီး၊ စပျစ်ညို၊ စတော်ဘယ်ရီ၊ Mulberry၊ နှင်းဆီ၊ peony၊ လီလီ၊ floral ylang-ylang၊ Bourbon ဗနီလာ နဲ့ကတိုး note တွေပေါင်းစပ်ပြီး ရေမွှေးပညာရှင် Nathalie Lorson ကဖန်တီးထားတာဖြစ်ပါတယ်။

Nathalie Lorson က Burberry Weekend for Women၊ Lalique Encre Noire၊ Shisedo Zen၊ Yves Saint Laurent Black Opium စတဲ့ နာမည်ကျော်ရေမွှေးများစွာကို တီထွင်ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

 

Nathalie Lorson က Parfums de Marly Meliora ကိုလည်းဖန်တီးသူဖြစ်လို့ Lalique Amethyst ရဲ့ရနံ့က Meliora ရနံ့နဲ့တော်တော်တူတယ်လို့လဲပြောကြပါတယ်။

 

ပန်းနှင့်သစ်သီးရနံ့ သင်းသင်းလေးပဲဖြစ်ပီး အရွယ်မရွေး အမျိုးသမီးအားလုံး ကြိုက်တဲ့ ရနံ့ရှိသောကြောင့် ထပ်ခါထပ်ခါ ဝယ်ယူသုံးစွဲသူများရှိတဲ့ best selling ရေမွှေးဖြစ်ပါတယ်။

Made in France

Imported from USA (FragranceX New York)

 

ထုတ်ပိုးပုံစံ - original sealed retail packaging // နာမည်ကြီး ပြင်သစ် ဖန်ထည်များတီထွင်သူ ဒီဇိုင်နာ René Lalique ကိုယ်တိုင်ဒီဇိုင်းဖန်တီးထားတဲ့ လှပဆန်းပြားတဲ့ ခရမ်းရောင်ဖန်ပုလင်းမှာထည့်သွင်းထုတ်ပိုးထားပါတယ်။

 

Product link - https://www.yangonbrandedperfume.com/product-page/lalique-amethyst-eau-de-parfum-100ml-1

Review - https://www.fragrantica.com/perfume/Lalique/Amethyst-1835.html

Lalique Amethyst EDP Perfume for Women 100ml

K145,900.00Price
    bottom of page