top of page

Lattafa Eclaire Eau de Parfum for Women 100ml - K 139,000 (In stock)

ချိုအီမွှေး scent type ချော့ကလက် ဗနီလာ ပျားရည် ရနံ့ အမျိုးသမီးသုံးရေမွှေးဖြစ်ပါတယ်။

Long lasting ဖြစ်ပြီး USD 150 လောက်ပေးရတဲ့ Giardini Di Toscana Bianco Latte နဲ့အနံ့တူတဲ့အတွက် လက်တလောလူကြိုက်အရမ်းများနေတဲ့ အမျိုးအစားပါ။

စဖြန်းလိုက်တာနဲ့ ကြွယ်ဝတဲ့၊ ချိုမြိန်တဲ့ ကာရမယ်နဲ့ ပိုးသားလို နူးညံ့တဲ့ lactonic note ရဲ့ အထိအတွေ့ကို ချက်ချင်း ခံစားရပါတယ်။ White floral note ရဲ့ ထိတွေ့မှုက မိန်းကလေးဆန်တဲ့ အထိအတွေ့ကို ပေါင်းထည့်ပေးတာကြောင့် လုံးဝ unisex မဟုတ်ဘဲ အမျိုးသမီးဘက်ကို ပိုယိမ်းသွားပါတယ်။

တဖြည်းဖြည်း ရနံ့ပြောင်းလဲလာတာနဲ့အမျှ ဗနီလာနဲ့ ပရာလင်းတို့က ရှေ့ကိုထွက်လာပြီး ရေမွှေးရဲ့ နက်ရှိုင်းမှုကို ပေါင်းထည့်ပေးပါတယ်။ ပရာလင်းက ဝါဂွမ်းသကြားလုံးလို ချိုမြိန်မှုကိုပေးပြီး ထူထဲတဲ့ ကာရမယ် notes တွေကို ပြီးပြည့်စုံစွာ မျှတစေပါတယ်။ ပျားရည်ရနံ့က နွေးထွေးမှုနဲ့ အနည်းငယ် မှုန့်မှုန့်လေး ခံစားမှုကို ယူဆောင်လာပေးမှာပါ။ နောက်ဆုံးအဆင့်မှာတော့ musk နဲ့ ဗနီလာတို့က ဦးဆောင်ပြီး ကာရမယ်နဲ့ ပရာလင်းမုန့် ရနံ့တို့နဲ့ ရောထားတဲ့ comforting ဖြစ်တဲ့ ending ကို ပေးပါတယ်။

ယေဘုယျအားဖြင့် Éclair က ပန်းအဖြူတွေပွင့်နေတဲ့ဥယျာဉ်ထဲမှာ ကာရမယ်ရည်လောင်းထားတဲ့ ဗနီလာသကြား cookies လေးတစ်လုံးလိုမျိုး အနံ့ထွက်ပါတယ်။ အရမ်းအရသာရှိပြီး သက်တောင့်သက်သာရှိပြီး နွေးထွေးစေပါတယ်!

ကျွန်တော် အရမ်းကြိုက်တဲ့အရာတစ်ခုက ဒီရေမွှေးမှာ အမျိုးမျိုးကို ဘယ်လောက်ကောင်းကောင်း ရောစပ်ထားလဲဆိုတာပါပဲ။ တချို့ gourmand ရေမွှေးတွေက အလွန်အကျွံ synthetic ဖြစ်တယ် ဒါမှမဟုတ် သကြားဓာတ်များလွန်းတယ်လို့ ခံစားရနိုင်ပေမယ့် ဒီတစ်ခုက ချောမွေ့ပြီး မျှတပါတယ်။

Made in UAE

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/lattafa-eclaire

Lattafa Eclaire Eau de Parfum for Women 100ml

K139,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page