MFK Grand Soir နဲ့ရနံ့ ဆင်တဲ့ Lattafa Eternal Oud Eau de Parfum Unisex 100ml - K 177,000 (In stock)
စစဖြန်းဖြန်းခြင်းမှာ citruses, plum နဲ့ flowery ရနံ့တွေရမှာဖြစ်ပြီး တစ်ချိန်ထဲမှာ earthy, mossy ရနံ့လိုမျိုးကိုလဲ နဲနဲရမှာဖြစ်ပါတယ်။ နောက် ၁၅ မိနစ်လောက် မှာတော့ vanilla and the amber တွေရဲ့ အချို့နံ့တွေစပြီးရမှာပါ။ သကြားချိုသလို အချိုနံ့မျိုး တော့မဟုတ်ပါဘူး။ သစ်စေးကရတဲ့ လေးလေးမွှေးမွှေး အနံ့မျိုးပါ။ နှာခေါင်း စူးရှတဲ့သူတွေက ဒီနေရာလောက် မှာ လယ်သာနံ့ ခပ်ပါးပါးလေးကိုပါ ရကြပါတယ်။
တစ်နာရီလောက် မှာတော့ plum ရနံ့ စပြီးပေါ်လာပါပြီ။ grapefruit, vanilla, amber, tonka နဲ့ လယ်သာနံ့တွေလဲဆက်ရှိနေတုံးပါ။ ရေမွှေးနာမည်မှာ oud ပါပေမယ့် ဘယ်အဆင့်မှာမှ oud အနံ့ကို သဲသဲကွဲကွဲမရလိုက်ပါဘူး။
Longevity ကိုကြည့်မယ်ဆိုရင်လဲ သုံးပြီးတဲ့ Fragrantica reviewer 120 ယောက်က Eternal (အရမ်းကြာကြာခံတယ်) လို့ ပြောထားပြီး 630 ယောက်က Long lasting (ကြာကြာခံတယ်) လို့ပြောထားပါတယ်။ ဒါကြောင့် ကျေနပ်စရာ performance and price/value ratio ရှိတယ်လို့ ပြောလို့မလွဲပါဘူး။
အားနည်းချက်ကတော့သူ့ရဲ့ ပုလင်း နဲ့ packaging က ဈေးများတဲ့ high end ရေမွေးတွေလို မလှတာ မသေသပ်တာပဲ ဖြစ်ပါတယ်။ ပုလင်းအဖုံးက အချွန်အတက် တွေကို သယ်တဲ့အချိန်မှာမထိခိုက်အောင် ပလပ်စတစ် အအုပ် plastic dome တစ်ခုနဲ့ သေသေချာချာ အုပ်ပေးထားတဲ့ အတွက် ပုလင်းနဲ့ အဖုံးကဘာမှမဖြစ်ပေမယ့် အပေါ်က ပလပ်စတစ်အအုပ် dome ကတော့ အမြဲလိုလို ကွဲပြီးလာပါတယ်။
MFK Grand Soir နဲ့ ဆင်တယ်လို့ သုံးပြီးသူ 471 ကျော်က vote လုပ်ထားပြီး ဈေးနှုန်းက ၁၀ ဆ ကျော်ကွာတာမို့ Grand Soir ရဲ့ vanilla-benzoin ပေါင်းထားတဲ့ ချောမွေ့ ပြောဖြစ်မှုကိုတော့ Lattafa ကမယှဉ်နိုင်ပေမဲ့ ပေးရတဲ့စျေးနဲ့ဆိုရင် အရမ်းကို ကျေနပ်စရာကောင်းတဲ့ ရနံ့နဲ့ performance ရမှာမို့ တန်တယ်ဆိုတာကိုတော့ Fragrantica perfume rating 4.2 ( 5 ဆိုရင် အမြင့်ဆုံး) ကသက်သေခံနေပါတယ်။ Amazon မှာလဲ review တစ်ထောင်ကျော်နဲ့ perfume rating 4 ရထားပါတယ်။
Made in UAE
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/lattafa-eternal-oud-eau-de-parfum-unisex-100ml
Reviews -
https://youtu.be/MPGl8W9MhfU
https://youtu.be/xrajGMQp61Y
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K177,000.00Price
bottom of page