top of page

ခြောက်သွေ့ပြီးပူတဲ့နွေဘက်မှာရော စိုစွတ်ပြီးပူတဲ့မိုးတွင်းမှာရော သုံးလို့ကောင်းပြီး သုံးထားတာနဲ့ fresh scent လန်းဆန်းတဲ့ရနံ့ရနိုင်တဲ့ / အမျိုးသားရေမွှေးတွေထဲမှာ Eau de Parfum ဖြစ်လို့အခြား fresh scent ရေမွှေးများထက်ပိုပြီးကြာကြာခံတဲ့ Dolce and Gabbana Light Blue Eau Intense Eau de Parfum ကို in stock အသင့်ဝယ်ယူနိုင်ပါပြီ။

 

@ 100ml retail packaging - K 262,900

@ 100ml tester packaging (အဖုံးပါ) - K 229,900

 

Master Perfumer Alberto Morillas ရဲ့၏လက်ရာဖြစ်ပြီး ဂရိတ်ဖရု၊ မန်ဒရင်း လိမ္မော်၊ Sea water၊ Juniper၊ ပယင်း နဲ့ Musk ရနံ့တွေနဲ့ ဖန်တီးထားတဲ့ Woody Aquatic အမျိုးအစားရေမွှေးဖြစ်ပါတယ်။ Eau de Parfum ဖြစ်တဲ့အတွက် Eau de Toilette အမျိုးအစားရေမွှေး တော်တော်များများထက်ပိုပြီး perfume concentration ပိုများပါတယ်။

 

Alberto Morillas က Versace Bright Crystal, Marc Jacobs Daisy, Lancome Miracle, Gucci Guilty, Gucci Bloom, Armani Acqua Di Gio, Gio Profumo, Estée Lauder Pleasures, 212 Sexy, CK One စတဲ့ bestseller တွေသာမက YouTube မှာနာမည်ကြီး ရေမွှေးဝေဖန်သူဖြစ်တဲ့ Jeremy Fragrance ရဲ့ကိုယ်ပိုင်ရေမွှေးတွေဖြစ်တဲ့ Office for Men, Date for Men နဲ့ Black Tie ရေမွှေးတွေကို ဖန်တီးပေးခဲ့သူဖြစ်လို့ ဒီရေမွှေးကို ဝယ်ပြီးလက်ဆောင်ဝယ်ပေးချင်တယ်ဆိုရင် သူ့ရဲ့တခြားလက်ရာတွေကိုကြည့်လိုက်တာနဲ့ အဝယ်မှားမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

 

https://www.yangonbrandedperfume.com/product-page/light-blue-eau-intense-men

Sealed original retail packaging နဲ့ tester packaging နှစ်မျိုးလုံး stock ရှိပါတယ်

လက်ဆောင်ပေးဖို့ဆိုရင် အပြင်စက္ကူဗူးခွံ ပိုလှတဲ့ Sealed original retail packaging ဝယ် သင့်ပြီး ကိုယ်တိုင်သုံးမယ်ဆိုရင် အများကြီးသက်သာတဲ့ tester packaging ဝယ်တာပိုတန်ပါတယ်။

Dolce and Gabbana Light Blue Eau Intense Men Eau de Parfum 100ml

K262,900.00Price
    bottom of page