top of page

Dolce&Gabbana Light Blue EDT for Women 2025 Version 100ml Original Retail Packaging

Price - K 319,000 (ဈေး - ၃၁၉,၀၀၀ ကျပ်)

Made in Italy

Ready in stock ရှိပါတယ်

Light Blue Women 2025 အသစ် - ဘယ်လိုနေလဲ?

ဒီအသစ်လေးက Light Blue ရဲ့ အသက်ဖြစ်တဲ့ သံပုရာသီး (Sicilian Lemon) နဲ့ ပန်းသီးစိမ်း (Granny Smith Apple) နံ့ကိုတော့ အဓိကထားတုန်းပဲ။ ဒါပေမဲ့ အရင်ကထက် နည်းနည်းပိုပြီး ခေတ်ဆန်သွားတယ်။

Top note မှာ သစ်တော်သီးနံ့ ချိုချိုလေး ထပ်ထည့်လိုက်တော့ ပိုပြီး အရည်ရွှမ်းတဲ့ (juicy) feeling မျိုးရတယ်။ အလယ်မှာတော့ စံပယ်ပန်းနံ့အပြင် Peony ပန်းနံ့လေးပါ ထပ်ပေါင်းထားတော့ နည်းနည်းပိုပြီး မိန်းကလေးဆန်ဆန် romantic ဖြစ်သွားတာပေါ့။ Base note ကတော့ သိပ်မပြောင်းဘူး၊ သစ်သားနံ့ (Cedarwood) နဲ့ Musk နံ့ နွေးနွေးလေးပဲ။

တိုတိုပြောရရင် 2025 version က ပိုနူးညံ့တယ်၊ ပန်းနံ့လေး နည်းနည်းပိုသင်းပြီး အချိုဘက်နည်းနည်းရောက်သွားတယ်။ ရန်ကုန်လို ပူအိုက်တဲ့ ရာသီဥတုနဲ့ဆို ကွက်တိပဲ၊ တစ်နေကုန် လန်းဆန်းနေမှာ။

🌿 အရင် Original EDT နဲ့ ဘာကွာသွားလဲ?

// Original EDT: သူ့ရဲ့အဓိက character က သံပုရာနံ့ တော်တော်စူးတာ၊ လုံးဝ citrusy တောက်လျှောက်ပဲ။ တော်တော်လေး sharp ဖြစ်တယ်။ တက်တက်ကြွကြွ vibe မျိုး။

 

// 2025 EDT: ဒီကောင်လေးကကျတော့ အဲ့ဒီစူးတဲ့ citrus နံ့ကို နည်းနည်းလျှော့ပြီး ပန်းနံ့နဲ့ အသီးနံ့ကို ပိုနေရာပေးထားတယ်။ ဒါကြောင့် original လို အရမ်းမစူးတော့ဘဲ ပိုပြီး နူးနူးညံ့ညံ့လေး ဖြစ်သွားတယ်။ Original က နွေနေ့လယ်ခင်းအတွက်ဆိုရင်၊ 2025 ကတော့ နေ့ရောညပါ သုံးလို့ရတဲ့ all-rounder လေး။ (သတိထားရမှာက အရင် Classic EDT က ထပ်မထုတ်တော့ဘူး၊ ရှာရခက်သွားပြီ)။

 

🌿 Light Blue Eau Intense နဲ့ကော ဘာကွာတုန်း?

// Eau Intense: နာမည်အတိုင်းပဲ 'Intense' ဖြစ်တယ်။ အနံ့ပိုပြင်းတယ်၊ ပိုစူးတယ်၊ ပြီးတော့ တော်တော်လေး ကြာရှည်ခံတယ်။ အနံ့လွင့်အား (Projection) အရမ်းကောင်းတယ်။ တစ်နေကုန်ခံချင်ရင် ဒါကအကောင်းဆုံးပဲ။

// 2025 EDT: Eau Intense နဲ့ယှဉ်ရင် ဒီ 2025 version က အများကြီး ပိုပေါ့ပါးတယ်။ နေ့တိုင်းသုံးဖို့၊ ရုံးသွားအလုပ်သွားဖို့ သုံးတာမျိုးဆို ဒါက ပိုအဆင်ပြေတယ်။ သူ့အနံ့က ဘေးလူကိုမနှောင့်ယှက်ဘဲ ကိုယ့်အသားပေါ်မှာပဲ သင်းသင်းလေး မွှေးနေတဲ့ ပုံစံမျိုးပေါ့။ အနံ့ခံတာတော့ EDT ဆိုတော့ Intense လောက်တော့ မရဘူး၊ ၄ နာရီလောက်ပဲ ခံတယ်။ Eau Intense ကလည်း ထပ်မထုတ်တော့ဘူးဆိုတော့ Light Blue ပရိသတ်တွေက ဒီ 2025 ကိုပဲ အားထားရတော့မှာ။

🌿 ဘယ်သူတွေနဲ့ လိုက်လဲ?

အရင် Light Blue ကို ကြိုက်ပြီးသား၊ ဒါပေမဲ့ နည်းနည်းလေး ပိုမွှေးပြီး ပိုခေတ်ဆန်တဲ့ version အသစ်ကို စမ်းချင်တဲ့သူတွေအတွက်ဆို လုံးဝကွက်တိပဲ။ ပြီးတော့ လန်းဆန်းတဲ့ citrus-floral (သံပုရာ-ပန်းနံ့) ရေမွှေးကြိုက်တဲ့ ကောင်မလေးတွေအတွက်လည်း နေ့တိုင်းသုံးဖို့ ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပဲ။

စစထွက်တုန်းက ၄ သိန်းကျော်ပေးဝယ်ခဲ့ရတာ၊ အခု Discount ဈေး K 319,000 နဲ့ရမှာဆိုတော့ တော်တော်တန်နေပြီ 🪙🫰

📲 မှာချင်တယ်ဆိုရင်တော့ Customer Service Viber Number 0943065356 ကို message ပို့ပြီး မှာလိုက်တော့နော်။

Product link - https://www.yangonbrandedperfume.com/product-page/light-blue-women

Dolce&Gabbana Light Blue EDT for Women 2025 Version 100ml

K319,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page