top of page

Nishane Vain & Naive Unisex Extrait de Parfum 50ml - K 459,000 (In stock)

🌹 ချစ်ခြင်းမေတ္တာနဲ့ လွမ်းဆွတ်ခြင်းကို ကိုယ်စားပြုတဲ့ Nishane ရဲ့ Vain & Naïve

ဒီ Vain & Naïve ဆိုတဲ့ ရေမွှေးလေးက Extrait de Parfum အမျိုးအစားဖြစ်ပြီး ယောကျ်ားလေးရော၊ မိန်းကလေးပါ သုံးလို့ရတယ်။ Chris Maurice ဆိုတဲ့ နာမည်ကြီး Perfumer က ဖန်တီးပေးထားတဲ့ ဒီရေမွှေးလေးက အချစ်ရဲ့ ရှုပ်ထွေးတဲ့ သဘောသဘာဝကို ကိုယ်စားပြုတယ်လို့ ဆိုတယ်။ အချစ်ရဲ့ ဖြူစင်မှု၊ မာနတွေ၊ ပြီးတော့ ချိုမြိန်တဲ့ ခံစားချက်တွေကို ပေါင်းစပ်ထားတာပေါ့။

🎵 Fragrance Notes

// Top Notes - လိမ္မော်သီး၊ Bergamot

// Heart Notes) - Raspberry၊ ဆီးသီး (Plum)၊ နှင်းဆီ၊ စံပယ်၊ Cedarwood

// Base Notes) - Sandalwood၊ Tonka Bean၊ Musk၊ Amber၊ Patchouli၊ Benzoin

ဒီရေမွှေးကို စစဖျန်းချင်းမှာ လိမ္မော်နဲ့ ဘာဂါမော့ရဲ့ လန်းဆန်းတောက်ပတဲ့ Citrus ရနံ့သင်းသင်းလေးကို ရမှာပါ။ နည်းနည်းကြာလာတော့ ရက်စ်ဘယ်ရီ၊ ဆီးသီးတို့ရဲ့ မွှေးကြိုင်တဲ့အနံ့နဲ့အတူ နှင်းဆီ၊ စံပယ်တို့ရဲ့ ပန်းရနံ့လေးတွေ ထွက်လာပြီး cedarwood ရဲ့ သစ်သားနံ့သဘောမျိုးလေးက အောက်ခံပေးထားတယ်။ Base အနံ့တွေကတော့ Sandalwood၊ Tonka Bean၊ Musk၊ Amber၊ Patchouli၊ Benzoin တို့ ဖြစ်ပြီး ဒီအနံ့တွေက ရေမွှေးကို နက်ရှိုင်းပြီး အနံ့ကြာရှည်ခံအောင် လုပ်ပေးထားတယ်။

Quality အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်ပြီး (EDT, EDP, Parfum) တွေအားလုံးထက် ရေမွှေးအဆီပါဝင်နှုန်း perfume concentration ပိုများတဲ့ Extrait de Parfum ဖြစ်လို့ ရနံ့အရည်အသွေးတော်တော်လေးကောင်းပါတယ်။

📖 နာမည်နောက်ကွယ်က ပုံပြင်

Vain & Naïve ဆိုတဲ့ နာမည်က Antoine de Saint-Exupéry ရဲ့ နာမည်ကျော် ပြင်သစ်ပုံပြင်လေးဖြစ်တဲ့ "မင်းသားလေး" (Le Petit Prince) ဇာတ်အိမ်ထဲကနေ inspiration ရယူထားတာပါ။

ပုံပြင်ထဲမှာ မင်းသားလေးက သူ့ရဲ့ ကိုယ်ပိုင်ဂြိုဟ်ပေါ်က နှင်းဆီပန်းလေးတစ်ပွင့်ကို ချစ်မိသွားတယ်။ အဲ့ဒီနှင်းဆီပန်းလေးက မာနကြီးပြီး ဖြူစင်တဲ့ သဘောရှိပေမယ့် သူ့ရဲ့ချစ်ခြင်းကို မပြတတ်ဘူး။ ဒါကြောင့် မင်းသားလေးက စကြာဝဠာတစ်ခွင် ခရီးထွက်ခဲ့ရတာပေါ့။ သူ့ရဲ့ အပြစ်အနာအဆာတွေ ရှိပေမယ့် အဲ့ဒီနှင်းဆီပန်းလေးက မင်းသားလေး ခရီးသွားနေတဲ့တစ်လျှောက်လုံး ချစ်ခြင်းမေတ္တာနဲ့ လွမ်းဆွတ်ခြင်းရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေခဲ့တယ်။

Nishane Brand ရဲ့ Creative Director တွေဖြစ်ကြတဲ့ Murat Katran နဲ့ Mert Guzel က အဲ့ဒီနှင်းဆီပန်းလေးရဲ့ အလှ၊ ရှုပ်ထွေးမှုနဲ့ စိတ်ခံစားမှု နက်ရှိုင်းပုံ တွေကို ရေမွှေးကနေတစ်ဆင့် ဖော်ပြချင်ခဲ့ကြတာပါ။ ဒီလိုဖန်တီးခြင်းအားဖြင့် မာနကြီးပြီး ဖြူစင်တဲ့ နှင်းဆီလေးရဲ့ နှစ်မျိုးပြိုင် သဘောသဘာဝအတိုင်း အချစ်ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေဆိုတဲ့ လူတိုင်းခံစားရနိုင်တဲ့ အရာတွေကို ဖော်ညွှန်းချင်ခဲ့ကြတာ ဖြစ်ပါတယ်။

🌈 Vain & Naïve က fruity note တွေရဲ့ လန်းဆန်းမှု၊ floral note တွေရဲ့ ဆန်းပြားလှပမှုနဲ့ နွေးထွေးတဲ့ သစ်သားအနံ့အောက်ခံတို့ကို ပိုင်ပိုင်နိုင်နိုင် ပေါင်းစပ်ထားတဲ့ ရေမွှေးပါ။ "မင်းသားလေး" ပုံပြင်ကနေ ယူထားတဲ့ စိတ်ကူးလေးက ရိုးရိုးရေမွှေးအနံ့တစ်ခုတင်မကဘဲ ပုံပြင်တစ်ပုဒ်လို ခံစားရစေတယ်။

ဒီရေမွှေးက အနံ့ရော၊ ခံစားမှုပိုင်းအရပါ ရှုပ်ထွေးပြီး နက်နဲတဲ့ ရေမွှေးမျိုးကို ကြိုက်တဲ့သူတွေအတွက် သင့်တော်တယ်။ Nishane Brand က ရေမွှေးတွေကို အနံ့တင်မကဘဲ ခံစားမှုမျိုးစုံကိုပါ ထင်ဟပ်စေဖို့ ဘယ်လောက်အလေးထားလဲဆိုတာကို ဒီရေမွှေးက သက်သေပြနေပါတယ်။

🌹 ပုံပြင်တစ်ပုဒ်နဲ့ ကံကြမ္မာကို ထင်ဟပ်စေတဲ့ ရေမွှေး

ဒီ Vain & Naïve ဆိုတဲ့ ရေမွှေးရဲ့နောက်ကွယ်မှာ စာရေးဆရာတစ်ယောက်ရဲ့ ထူးဆန်းတဲ့ဘဝဇာတ်ကြောင်းက ပါနေတယ်။

စိတ်ဝင်စားဖို့ကောင်းတာက စာရေးဆရာ Saint-Exupéry ကိုယ်တိုင်ကလည်း သူ့ပုံပြင်ထဲက မင်းသားလေးလိုပဲ ပြင်သစ်မျိုးရိုး ဘုရင့်မျိုးနွယ်တစ်ယောက်ဖြစ်သလို ဒုတိယကမ္ဘာစစ်အတွင်း ကောင်းကင်မှာ ရဲရဲဝံ့ဝံ့ ပျံသန်းခဲ့တဲ့ စွန့်စားခန်းတွေ ပြည့်တဲ့ Free French Air Force က ပိုင်းလော့တစ်ယောက်ပါ။ ၁၉၄၄ မှာ "မင်းသားလေး" ပုံပြင်လေးရေးပြီး သိပ်မကြာခင်မှာပဲ ဒီပုံပြင်ထဲမှာပါတဲ့ ဆဟာရကန္တရနားက မြေထဲပင်လယ်ထဲမှာ သူ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တယ်။ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရဘူး။

Saint-Exupéry ရဲ့ စွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ဘဝနဲ့ နောက်ဆုံးမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တဲ့အဖြစ်ကို သိပြီး ဒီရေမွှေးနာမည်လေးကို ပြန်ကြည့်တဲ့အခါ ပိုပြီး နက်နဲလာသလို ခံစားရတယ်။ ပုံပြင်ထဲက မင်းသားလေးရဲ့ ခရီးလမ်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကြယ်ဆီ ပြန်ထွက်သွားတာဟာ စာရေးဆရာရဲ့ ဘဝနဲ့ သူရုတ်တရက် ပျောက်ဆုံးသွားခဲ့တဲ့ ကံကြမ္မာကိုများ ထင်ဟပ်နေသလားလို့ တွေးစရာဖြစ်လာတယ်။ စာရေးဆရာရဲ့ ထူးခြားတဲ့ဘဝရယ်၊ သူရေးခဲ့တဲ့ ထာဝရပုံပြင်ရယ်ကြားက နယ်နိမိတ်တွေက မှေးမှိန်သွားသလိုပဲ။

Nishane ရဲ့ ဖန်တီးသူတွေကလည်း လူ့ဘဝရဲ့ ခံစားမှုတွေကို ဖော်ညွှန်းရင်း၊ စာရေးဆရာရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပုံပြင်တို့ကြားက နက်နဲတဲ့ ဆက်သွယ်မှုကိုပါ ဒီရေမွှေးထဲ ထည့်သွင်းထားသလိုပါပဲ။

ဒါကြောင့် Vain & Naïve က အနံ့ကောင်းရုံမကဘူး၊ သူ့နောက်ကွယ်က ပုံပြင်၊ စာရေးဆရာရဲ့ နက်နဲတဲ့ဘဝဇာတ်ကြောင်းတွေကြောင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့၊ နက်နဲတဲ့ ခံစားမှုမျိုးကိုပါ ပေးနိုင်တဲ့ ရေမွှေးတစ်ပုဒ် ဖြစ်နေတာပါဗျာ။

❇️ ဘယ်သူတွေအတွက်လဲ

Perfume concentration အရမ်းမြင့်တဲ့အတွက် နေပူထဲမှာ သွားလာလှုပ်ရှားသူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လေအေးစက်ရှိတဲ့အခန်းတွေနဲ့ ရုံးခန်းတွေမှာသုံးမယ်ဆိုရင်တော့ ရေမွေးကောင်းတစ်ခု ဆွတ်ထားတာကို ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှားဖြစ်နေမယ့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။

Nishane ရေမွှေးတွေက Extrait de Parfum concentration မို့ EDT/EDP တွေထက် ရေမွှေးအဆီပါတဲ့နှုန်းပိုများပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/nishane-vain-naive-unisex-extrait-de-parfum-50ml

 

Made in Turkey

Imported from USA

Sealed original retail packaging

Nishane Vain & Naive Unisex Extrait de Parfum 50ml

K459,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page