top of page

French Avenue X Aromatix Platine Blanc Extrait de Parfum 100ml - K 215,000 (In stock)

ဒီနေ့တော့ မြန်မာပြည်ရဲ့ ပူပြင်းလှတဲ့ နွေရာသီမှာ ပိုက်ဆံအများကြီးမကုန်စေဘဲ လူကြားထဲမှာ fresh ဖြစ်ပြီး အနံ့လေးက တန်ဖိုးကြီး niche perfume တစ်ခုလို ခံစားရစေမယ့် Aromatix X French Avenue (Fragrance World) ရဲ့ Platine Blanc အကြောင်း ပြောပြပေးပါမယ်။

ဒီရေမွှေးက နာမည်ကြီး YouTuber Aromatix နဲ့ French Avenue တို့ collab လုပ်ထားတာဖြစ်ပြီး လူကြိုက်များလှတဲ့ Xerjoff - Torino21 ရဲ့ clone လို့လည်း လူသိများပါတယ်။

🌿 ပထမဆုံး ဖြန်းလိုက်တာနဲ့ လန်းဆန်းသွားစေမယ့် Mint (ပူစီနံ)၊ Lemon နဲ့ Basil (ပင်စိမ်း) အနံ့တွေကို အရင်ဆုံး ရပါလိမ့်မယ်။ မြန်မာပြည်ရဲ့ နေပူထဲကနေ အဲကွန်းခန်းထဲ ဝင်လိုက်ရသလို ခံစားချက်မျိုး ပေးပါတယ်။ အနံ့က အေးအေးလေးနဲ့ သန့်သန့်လေးပါ။ Dry down ရောက်သွားရင်တော့ အနည်းငယ် ပန်းနံ့ (Jasmine) နဲ့ Musk အနံ့လေးကပ်ပြီး ကျန်ခဲ့မှာပါ။ အနံ့က အရမ်းကြီး cheap မဖြစ်ဘဲ တကယ့် high-end ရေမွှေးတစ်ပုဒ်လို အဆင့်အတန်းရှိပါတယ်။

🌿 မြန်မာပြည်နွေရာသီ ၄၀ ဒီဂရီလောက် ပူတဲ့အချိန်မျိုးမှာ တချို့ ရေမွှေးတွေက အရမ်းချိုလွန်းရင် လူကို မူးစေပါတယ်။ ဒါပေမဲ့ Platine Blanc ကတော့ အဲဒီပြဿနာ လုံးဝမရှိဘူး။ သူက citrus & aromatic အမျိုးအစားဖြစ်လို့ ပူလေလေ၊ အနံ့က ပိုထွက်လေလေဖြစ်ပြီး ဘေးနားကလူကိုလည်း မနှောင့်ယှက်ပါဘူး။ ချွေးနံ့နဲ့ ရောသွားရင်တောင် အနံ့ဆိုးမထွက်ဘဲ သန့်သန့်လေး ကျန်နေမှာပါ။

🌿 Xerjoff Torino21 ဆိုရင် သိန်းဆယ်ဂဏန်း ပေးရနိုင်ပေမယ့် ဒီ Platine Blanc က သူ့ရဲ့ ၆ပုံ၁ပုံဈေးပဲ ရှိတာမို့ udget Conscious ဖြစ်တဲ့သူတွေအတွက် အင်မတန်တန်ပါတယ်။ ပုလင်းဒီဇိုင်းကလည်း အလေးကြီးနဲ့ တော်တော်လေး premium ဆန်ပါတယ်။

❤️ ဘယ်သူတွေနဲ့ သင့်တော်လဲ?

// ရုံးတက်တဲ့သူတွေ၊ ကျောင်းသားတွေ

// Gym ဆော့တဲ့သူတွေ (Gym မှာ ဖြန်းရင် အရမ်းမိုက်တယ်)

// အရမ်းမချိုဘဲ အေးအေးသန့်သန့် အနံ့မျိုး ရှာနေသူတွေ။

// ပိုက်ဆံအများကြီး မကုန်ဘဲ ဈေးကြီးပေးရတဲ့ ရေမွှေးနံ့မျိုး ရချင်သူတွေ။

❤️ Platine Blanc က မြန်မာပြည် နွေရာသီအတွက် "Blind Buy" (အနံ့မစမ်းဘဲ ဝယ်ရင်တောင်) နောင်တရမှာမဟုတ်တဲ့ ရေမွှေးမျိုးပါ။ အေးအေးသန့်သန့်နဲ့ ပတ်ဝန်းကျင်ကိုပါ လန်းဆန်းစေမယ့် အနံ့မျိုးမို့ ဒီနွေမှာ တစ်ပုဒ်လောက်တော့ ဆောင်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

Rating - 8.5/10 (Price to Performance ကတော့ ရှယ်ပဲ!)

Made in UAE / Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/platine-blanc

French Avenue X Aromatix Platine Blanc Extrait de Parfum 100ml

K215,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page