Ralph Lauren Polo Deep Blue Parfum for Men 125ml - K 335,000 (In stock)
Ralph Lauren ရဲ့ Polo Deep Blue Parfum က လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့အရင်ထွက်ခဲ့တဲ Polo Blue EDT ရဲ့ DNA ကို ပိုပြီး နက်ရှိုင်းတဲ့၊ ပိုပြီး ကြွယ်ဝတဲ့ aquatic note နဲ့ သစ်သားရနံ့တွေနဲ့ ပေါင်းထားတဲ့ aromatic aquatic ရနံ့ အမျိုးသားသုံး ရေမွှေးပါ။ မူရင်း Polo Blue ကိုလည်း ဖန်တီးခဲ့သူ Carlos Benaïm ဆိုတဲ့ Master Perfumer ကပဲ ဒီ Deep Blue parfum version ကိုလည်း ဖန်တီးထားတာပါ။
Top note က လတ်ဆတ်ပြီး ချိုမြိန်တဲ့ ရနံ့ပါ။ Green mango နဲ့ grapefruit တွေကြောင့် tropical ရနံ့လေးနဲ့ လှပတဲ့ ခံစားမှုကို ပေးပါတယ်။ ဒီအနံ့တွေကို ပိုပြီးပေါ်လွင်စေဖို့ Polo Deep Blue Parfum မှာ CristalFizz™ လို့ခေါ်တဲ့ special aroma ingredient တစ်ခုကိုပါထည့်ထားတဲ့အတွက် အစိမ်းရောင်သရက်သီးနဲ့ citrus ရနံ့တွေက ဒီရေမွှေးမှာ fizzy ဖြစ်နေသလို အရမ်းလန်းဆန်းပြီး ထူးခြားပါတယ်။
Mid note မှာတော့ cypress နဲ့ clary sage တွေကြောင့် ယောက်ျားပီသပြီး aromatic ရနံ့သင်းသင်းလေးတွေ ရပါတယ်။ ဒါပေမယ့် ဒီရနံ့ရဲ့ အဓိက ထူးခြားချက်က Deep Ocean Accord ပါ။ ဒီရနံ့က သမုဒ္ဓရာရေအနက်ကြီးမှာရနိုင်တဲ့ ဆားငန်ငန်လေးနဲ့ ဓာတ်သတ္တုရနံ့လေးတွေကို စဉ်းစားပုံဖော်ပြီးပေးပါတယ်။ Base layer မှာ musk နဲ့ patchouli တွေလဲပါပါတယ်။
ဒီရနံ့က နွေရာသီနဲ့ နွေဦးရာသီတွေမှာ နေ့ခင်းဘက်နဲ့ ပေါ့ပေါ့ပါးပါး အခြေအနေတွေမှာ သုံးဖို့ အကောင်းဆုံးပါ။ ပင်လယ်ကမ်းခြေသွားတာ၊ အားလပ်ရက်ထွက်တာ၊ ရုံးသွားတာတွေမှာ သုံးလို့ ကောင်းပါတယ်။ ရနံ့က သိပ်မပြင်းတာကြောင့် ညဘက်သုံးဖို့ ဒါမှမဟုတ် ဆောင်းရာသီမှာ သုံးဖို့တော့ သိပ်မသင့်တော်ပါဘူး။
Aquatic နံ့လေးတွေ ကြိုက်တဲ့သူတွေ၊ Polo Blue EDT ဒါမှမဟုတ် EDP ထက် ပိုပြီး နက်ရှိုင်းတဲ့ ရနံ့လေးကို လိုချင်တဲ့သူတွေအတွက် ဒီရနံ့က ကောင်းပါတယ်။ ဒါပေမယ့် beast mode ရနံ့ပြင်းပြင်းကြီး လိုချင်တယ်ဆိုရင်တော့ ဒီရနံ့က သိပ်မသင့်တော်ပါဘူး။
နွေရာသီမှာ သုံးဖို့ အကောင်းဆုံးဖြစ်နေဆဲ Polo Blue ကို ကြိုက်တဲ့သူတွေအတွက် ဒီရနံ့က လန်းဆန်းပြီး နည်းနည်းပိုနက်နဲတဲ့ ရနံ့ကွဲလေးကို ပေးတာကြောင့် သုံးကြည့်ဖို့အကြံပြုပါတယ်။ ဒါပေမယ့် နဲနဲပိုရနံ့ပြင်းပြင်းနဲ့ ကြာကြာခံတာကို လိုချင်တယ်ဆိုရင်တော့ Gio Profondo EDP ဒါမှမဟုတ် Azzaro Chrome Extreme တွေလို long lasting ဖြစ်တာတွေကို စဉ်းစားကြည့်ဖို့ လိုပါတယ်။
Fragrance Family: Fresh
Scent Type: Fresh Aquatics
Key Notes: Hawaiian Green Mango, Cypress Oil, Deep Ocean Accord
Made in France
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/ralph-lauren-polo-deep-blue-parfum-for-men-125ml
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K335,000.00Price
bottom of page