ရင့်ကျက်ခန့်ညားတဲ့ လူကြီးလူကောင်းတို့ရဲ့ ရွေးချယ်မှု - Roja Danger Eau de Parfum
Roja ဆိုတာနဲ့ ရေမွှေးလောကမှာတော့ သူ့နေရာနဲ့သူ နာမည်ကြီးပြီးသား brand တစ်ခုပေါ့။ အဲ့ထဲကမှ Danger ဆိုတဲ့ နာမည်နဲ့ ရေမွှေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ နာမည်မှာ "Danger" (အန္တရာယ်) လို့ပါပေမယ့် တကယ်တမ်းသုံးကြည့်တဲ့အခါ ဘယ်လို ခံစားရလဲဆိုတာ ပြောပြမယ်နော်။
စစဆွတ်လိုက်တဲ့အချိန်မှာ သံပုရာ၊ ရှောက်သီးနံ့လိုမျိုး citrus အနံ့လန်းလန်းလေးတွေနဲ့အတူ လာဗင်ဒါပန်းနံ့ သင်းသင်းလေးကိုရတယ်။ တော်တော်လေး fresh ဖြစ်ပြီး သန့်ပြန့်သွားတဲ့ ခံစားချက်ကိုပေးတယ်။ Classic fougere ရေမွှေးတွေရဲ့အဖွင့်မျိုးပါပဲ။
ဆွတ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ သူ့ရဲ့အနံ့အစစ်အမှန်က ပေါ်လာပါပြီ။ အစက citrus နံ့လေးတွေ တဖြည်းဖြည်းပျောက်သွားပြီး သစ်သားနံ့၊ patchouli နဲ့ moss ရဲ့ earthy ဖြစ်တဲ့ဘက်ကိုပြောင်းသွားတယ်။ Base မှာ leather နဲ့ ambergris နံ့တွေကလည်းပါတော့ အနံ့က တည်ငြိမ်ပြီး ရင့်ကျက်တဲ့ gentleman ပုံစံကို အပြည့်အဝဖော်ဆောင်တယ်။ လူကြီးလူကောင်းဆန်တဲ့ barbershop ရေမွှေးနံ့မျိုးပါပဲ။
// ဘယ်လိုလူတွေနဲ့လိုက်ဖက်လဲ?
သူ့ကို Danger လို့နာမည်ပေးထားတာက ရန်လိုတဲ့၊ တိုက်ခိုက်တဲ့အဓိပ္ပာယ်ထက် ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုရှိတဲ့ impeccable gentleman ပုံစံကို ဆိုလိုတာဖြစ်နိုင်ပါတယ်။
Classic, old-school vibe ကိုကြိုက်တဲ့သူတွေ၊ ရုံးသွား၊ အစည်းအဝေးသွား ဒါမှမဟုတ် ညနေပိုင်း dinner date တွေအတွက်ဆိုရင် တော်တော်မိုက်တယ်။ လူငယ်လေးတွေထက်စာရင် အသက် ၃၀ ကျော် ရင့်ကျက်တဲ့ senior business executive type တွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
Guerlain Heritage OG version, Davidoff Zino's pre-reformulation scent, Creed Bois Du Portugal စတဲ့ gentleman-scholar type scent တွေကိုကြိုက်မယ် ဆိုရင် Roja Danger ကိုလဲ ကြိုက်မှာ သေချာပါတယ်။
// အနံ့စွဲတာနဲ့ ပြန့်တာ (Longevity & Sillage)
Eau de Parfum concentration ဖြစ်ပြီး အနံ့စွဲတာကတော့ တော်တော်ကောင်းပါတယ်။ အနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်ထိ ကိုယ်ဘယ်လောက်သုံးလဲ ဘယ် environment မှာနေလဲပေါ်မူတည်ပြီး ခံတယ်။ အနံ့ပြန့်တာကတော့ အခန်းထဲဝင်လိုက်တာနဲ့ တစ်ခန်းလုံးမွှေးသွားတဲ့အထိတော့မဟုတ်ဘဲ ကိုယ့်အနားကလူတွေ သင်းသင်းလေးရနိုင်တဲ့အနေအထားပါ။
ခြုံပြီးပြောရရင် Roja Danger က classic ဖြစ်ပြီး ရင့်ကျက်ခန့်ညားတဲ့ ရေမွှေးတစ်မျိုးကိုရှာနေတဲ့သူတွေအတွက်တော့ must-try ပါ။ ဈေးတော့နည်းနည်းများတယ်၊ ဒါပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ တည်ငြိမ်ခန့်ညားတဲ့အနံ့ Roja ရဲ့ brand prestige တွေပါတော့ တကယ်ကို ပေးပျော်တယ်လို့ ပြောလို့ရပါတယ်။
// Roja Danger Eau de Parfum for Men
// 100ml Size
// Sealed Original Retail Packaging
// Made in England
// Price - K 859,000
Official website -
https://www.yangonbrandedperfume.com/product-page/roja-danger-1
🎥 Video Review -
https://youtu.be/enktl94NVdg
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K859,000.00Price
bottom of page
