Yves Saint Laurent Paris EDT Perfume for Women 125ml - K 299,000 (In stock)(Discount Item)
Yves Saint Laurent Paris ဆိုတာ ရုံးဝန်ထမ်းတွေအတွက် သင့်တော်တဲ့ ပန်းရနံ့မွှေးမွှေးလေးပါ
နာမည်ကြီး ရနံ့ဖန်တီးသူ Sophia Grojsman က ဖန်တီးခဲ့တာဖြစ်ပြီး နူးညံ့တဲ့ ပန်းရနံ့လေးတွေနဲ့ သစ်သားရနံ့လေးတွေ ရောထားတာမို့ ရုံးမှာ ယုံကြည်မှုရှိရှိနဲ့ သပ်သပ်ရပ်ရပ် လှလှပပ နေချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ
*Scent Profile*
Top note - နှင်းဆီ၊ မီမိုဆာ၊ ကြာပန်း၊ ရေမွှေးပန်း၊ green notes၊ လိမ္မော်ပွင့်၊ နာစတားတီယမ်၊ ဟောသွန်း၊ ကက်ဆီယာ၊ ဘာဂါမော့
Mid note - ဗိုင်အိုးလက်၊ နှင်းပန်း၊ ထုံးပန်း၊ ယလန်းယလန်း၊ နှင်းဆီပန်း၊ စံပယ်၊ အိုင်းရစ်အမြစ်
Bsse note - အိုင်းရစ်၊ musk၊ ဟီလီယိုထရုပ်၊ စန္ဒကူး၊ oakmoss၊ ပယင်း၊ cedar
*Sophia Grojsman* ဟာ ရနံ့ဖန်တီးတဲ့လောကမှာ ထင်ရှားတဲ့သူတစ်ယောက်ပါ။ သူမရဲ့ လက်ရာတွေထဲမှာ အခုပြောနေတဲ့ Yves Saint Laurent Paris အပြင်၊ တခြားနာမည်ကြီး ရနံ့တွေလည်း အများကြီးရှိပါတယ်။ ဥပမ - Lancôme Trésor / Calvin Klein Eternity / Estée Lauder White Linen စတာတွေဖြစ်ပါတယ်။ Grojsman ရဲ့ ရနံ့တွေဟာ ပန်းရနံ့တွေကို အထူးပြုပြီး ဖန်တီးထားတာများပါတယ်။ သူမရဲ့ လက်ရာတွေဟာ နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်တဲ့ ရနံ့တွေကို အဓိကထားပါတယ်။
*ရုံးအတွက် ဘာကြောင့် အဆင်ပြေတာလဲ*
// လှလည်းလှတယ်၊ သင်းလည်းသင်းတယ် - နှင်းဆီရနံ့နဲ့ ဗိုင်အိုးလက်ရနံ့လေးတွေက လှပသပ်ရပ်ပြီး အရမ်းမပြင်းတော့ ရုံးအတွက် အတော်သင့်တော်ပါတယ်။
// သန့်ရှင်းပြီး သပ်ရပ်တဲ့ ခံစားချက် - green notes လေးတွေနဲ့ musk ရနံ့လေးတွေ ရောစပ်ထားတော့ သန့်ရှင်းပြီး သပ်ရပ်တဲ့ ခံစားချက်ကိုပေးတယ်။ ရုံးအစည်းအဝေးတွေ ဒါမှမဟုတ် ကော်ဖီသောက်ရင်း စကားပြောတဲ့အခါတွေအတွက် အဆင်ပြေပါတယ်။
// တစ်နေကုန် သုံးလို့ရတယ် - အရမ်းမပြင်းတော့ ရုံးခန်းအကျယ်ကြီးတွေမှာရော ကိုယ့်စားပွဲမှာပါ သုံးလို့ရတယ်။
*ဘယ်အချိန်မှာ သုံးသင့်လဲ*
နေ့ဘက်မှာ အကောင်းဆုံးပါ။ အထူးသဖြင့် နွေဦးနဲ့ ဆောင်းဦးရာသီတွေမှာပါ။ presentation လုပ်တာပဲဖြစ်ဖြစ်၊ client တွေနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုပ်တွေပဲလုပ်လုပ်၊ ဒီရနံ့လေးက ကိုယ့်ကို ယဉ်ကျေးပြီး သပ်ရပ်စေတယ်။
ပန်းရောင်ဖျော့ဖျော့လေးနဲ့ ဖန်သားပုလင်းလေးက မိန်းမဆန်ပြီး ယဉ်ကျေးတဲ့ ရနံ့ကို ထင်ဟပ်စေတယ်။ ရုံးစားပွဲပေါ်မှာ တင်ထားရင်လည်း လှနေမှာပါ။
Made in France
Imported from USA
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/yves-saint-laurent-paris
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K299,000.00Price
bottom of page