top of page

Armaf Club de Nuit Urban Man Elixir Eau de Perfume 105ml

K 108,900 (Ready In Stock)


"Surpassed expectation. Tested at lunchtime, and still smelt it on my wrist the following morning, so it didn't come off until I washed it off. " - Fragrantica review

မိတ်ဆွေက ဈေးလည်းသက်သာတယ်၊ လူတိုင်းလက်ခံနိုင်တဲ့ ရနံ့မျိုးလဲ လိုချင်တယ်၊ တစ်ခြားရေမွှေးတွေထက် နဲနဲပိုပြီးကြာကြာခံတာ ကြိုက်တယ်၊ ကိုယ့်အနားကလူတွေကိုလည်း ကိုယ့်ဆီက ရေမွှေးနံ့လေးရစေချင်တယ် - ဒါဆိုရင် ခေါင်းစားမနေပဲ Armaf Club de Nuit Urban Man Elixir Eau de Parfum ကိုသာ ရွေးလိုက်ပါ။
 

ဘာလို့လဲဆိုတို့ Armaf Club de Nuit Urban Man Elixir က လူကြိုက်အများဆုံး အမျိုးသားရေမွှေးတွေထဲက Dior Sauvage EDP၊ Dior Sauvage EDT၊ Prada Luna Rossa Carbon၊ Office for Men (by Jeremy Fragrance) နဲ့ Creed Aventus တို့ရဲ့ ကောင်းတဲ့ note တွေကိုရွေးပြီး ပေါင်းထားတဲ့ တမင်ကို လူတိုင်းကြိုက်အောင် super mass appealing ဖြစ်အောင် လုပ်ထားတဲ့ budget friendly ရေမွှေး ဖြစ်လို့ပါပဲ။ 
 

သူ့မှာပါတဲ့ note တွေက 
 

Top Notes: Bergamot, Pink Pepper, Jasmine, Orange Blossom
Middle Notes: Lavender, Geranium, Elemi, Tagetes, Vetiver, Saffron
Base Notes: Ambroxan, Amber, Patchouli, Cedar, Labdanu တို့ဖြစ်ပါတယ်။ 

 

ပါတဲ့ note တွေကိုကြည့်လိုက်တာနဲ့ မျက်စိမှိတ်ပြီး blind buy ဝယ်လို့ရတဲ့ safe ဖြစ်တဲ့ ရေမွှေးဆိုတာ သိလောက်ပါပြီ။ 

ဘာဂါမုတ်၊ ပန်းရောင်ငရုတ်ကောင်း၊ စံပယ်နှင့် လိမ္မော်ပွင့် top note တွေက လူကို လန်းဆန်းတက်ကြွစေပြီး mid note ဖြစ်တဲ့ လာဗင်ဒါ၊ ဂျာရာနီယမ်၊ Elemi၊ Tagetes၊ vetiver နှင့် Saffron တို့၏ရနံ့တွေက  နက်နဲမှုနှင့် ရှုပ်ထွေးမှု ဖြစ်တဲ့ ရဲရင့်ပြီး ယောက်ျားလေးရနံ့ကို ဖန်တီးပေးပါတယ်။ Base note တွေကတော့ ambroxan၊ ပယင်း၊ patchouli၊ cedar နှင့် labdanum တွေဖြစ်ပြီး သူတို့က အနံ့ကြာကြာခံအောင် နွေးထွေးတဲ့ရနံ့မျိုးဖြစ်အောင် ရနံ့က လူပေါ်ကကြွတက်ပြီး အနီးအနားမှာ scent bubble ရှိနေအောင်ဖန်တီးပေးပါတယ်။

Club De Nuit Urban Elixir က Asia မှာတင်မကပဲ နိုင်ငံတော်တော်များများမှာလဲ လူကြိုက်များတဲ့ popular ရေမွှေး ဖြစ်ပါတယ်ဆိုတာ သူ့ရဲ့ Fragrantica rating က 4.5 out of 5 ရှိတာကို ကြည့်တာနဲ့သိနိုင်ပါတယ်။ လူသိများတဲ့ ရေမွှေးတွေဖြစ်တဲ့ Bleu de Chanel က 4.2 out of 5 ၊ Versace Eros က 4.1 out of 5 နဲ့ Dior Sauvage ဆိုရင် 3.9 out of 5 ပဲရှိပါတယ်။ သူ့ရဲ့ performance and value/performance ratio ကောင်းချက်က သူ့ rating တွေမြင့်ရတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ 

Longevity ကိုကြည့်မယ်ဆိုရင်လဲ သုံးပြီးတဲ့ ၃၇ ယောက်က Eternal (အရမ်းကြာကြာခံတယ်) လို့ ပြောထားပြီး ၁၆၉ ယောက်က Long lasting (ကြာကြာခံတယ်) လို့ပြောထားပါတယ်။ Sillage ရနံ့ပြန့်အားအနေနဲ့ ၈၁ ယောက်က ၈၁ Moderate (သင့်တယ်)၊ ၁၄၀ ယောက်က Strong (ပြန့်အားကောင်းတယ်) နဲ့ ၂၁ ယောက်က Enormous (ပြန့်အားအရမ်းကောင်းတယ်) လို့ ပြောထားတဲ့အတွက် လူအများစုက performance ကိုကျေနပ်စရာထက် ပိုတယ်လို့ ပြောထားပါတယ်။ ဒါတွေက လူတစ်ယောက်ထဲရဲ့အမြင် influencer တစ်ဦးထဲရဲ့အမြင် မဟုတ်ပဲ နိုင်ငံတကာက အမှန်သုံးပြီးသားလူတွေရဲ့အမြင်ပါ။ https://www.fragrantica.com/perfume/Armaf/Club-De-Nuit-Urban-Elixir-77860.html မှာ ကိုယ်တိုင်သွားဖတ်ကြည့်လို့ ရပါတယ်။ 

ဝယ်သင့်တဲ့အကြောင်းတွေကို ပြောပြီးရင် မဝယ်သင့်တဲ့အကြောင်းတွေလည်း ပြောပြပါအုံးမယ်။ မိတ်ဆွေက unique ဖြစ်တဲ့၊ အနံ့ကတစ်ခြားရေမွှေးတွေနဲ့ ကွဲထွက်သွားတာ လိုချင်ရင်၊ brand conscious ဖြစ်တဲ့ တစ်ခြားသူတစ်ယောက်ကို လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင် (Armaf brand ကို ရေမွှေးတွေအသေအချာသုံးတဲ့ ရေမွှေးတွေအကြောင်းကို အနည်းဆုံး နဲနဲတော့သိတဲ့ ဝါသနာရှင်တွေသာ သိကြတဲ့ brand မို့ပါ)၊ ပုလင်း/packaging အရမ်းလှပသေသပ်တဲ့ ရေမွှေးမျိုးပဲ ဝယ်ချင်ရင်တော့၊ ကိုယ်ရေမွှေးဆွတ်ထားတာကို ကိုယ့်နားကလူတွေသိပ်မသိစေချင်ရင် ဒါကိုမဝယ်ဖို့အကြံပေးချင်ပါတယ်။

Armaf Club de Nuit Urban Man Elixir အပါအဝင် ခုနောက်ပိုင်းထွက်တဲ့ Armaf တွေက အဝင်ရောအထွက်ပါ တော်တော်ကို smooth ဖြစ်သွားတာ လူတော်တော်များများ သတိပြုမိနေမှာပါ။ စစဆွတ်ခြင်းမှာ စူးတာမျိုး လုံးဝနီးပါး မရှိတော့ပါဘူး။ လေထဲမှာရတဲ့ ရနံ့ scent trail က သူ့ထက်အဆပေါင်းများစွာ ဈေးများတဲ့ရေမွှေးတွေလိုပဲ ပြေပြစ်ချောမွတ်နေပါပြီ။ In house perfumer တော်တော်ကောင်းကောင်းတွေ Armaf မှာရောက်နေပြီလို့ ယူဆရပါတယ်။

ဝေခွဲမရဖြစ်နေသေးတယ် ဆိုရင် အောက်မှာ တစ်စုတစ်စည်းထဲ တင်ပေးထားတဲ့ international reviewer တွေရဲ့ comment တွေကိုကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။ 
 

Super long lasting on my skin and great projection. You will get noticed with this one.
Above all though is the price. You CANNOT go wrong! Pick this one up!! -
Fragrantica review

Armaf Club de Nuit Urban Man Elixir Eau de Perfume 105ml - K 108,900 (Ready In Stock in Yangon)

Mobile/Viber - 0943065356 တို့ကနေ order နိုင်ပါတယ်။

Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။

ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။

ကြားဖြတ် ကြော်ငြာဝင်လိုက်ပါအုံးမယ် :) 
 

Sauvage မဝယ်ပဲ Armaf ကိုဝယ်ပြီး သက်သာသွားမယ့်ပိုက်ဆံတွေကို ပိုလန်နိုင်ငံမှာလုပ်တဲ့ La Rive ရေမွှေး ၉/၁၀ မျိုးလောက်ကိုဝယ်နိုင်ပါတယ်။ စိတ်ဝင်စားရင် ဒီနေရာ မှာကြည့်လို့ရပါတယ်။ 

bottom of page