top of page

PREORDER SERVICE

ရန်ကုန်မှာအသင့်မရှိသေးတဲ့ရေမွှေးများကို USA မှတိုက်ရိုက်မှာယူပေးတဲ့ service ရှိပါတယ်။


 

homeimage_mq4-2x-webp-WEBP-Image-2338-×-420-pixels-.jpg

Preorder မှာချင်တဲ့ ရေမွှေးရှိ၊ မရှိကို USA မှာ အကြီးဆုံး discount ရေမွှေး supplier ဖြစ်တဲ့ www.fragrancex.com မှာသွားကြည့်ပြီး အဲဒီဆိုဒ်မှာရှိတဲ့ ရေမွှေးအမျိုး သုံးသောင်း ကျော်ထဲက လိုအပ်တဲ့ ပုလင်းဆိုဒ်၊ ပုံစံ (retail or tester bottle etc.)၊ အရေအတွက်အတိုင်း အတိအကျ မှာပေးနိုင်ပါတယ်။  

Preorder မှာတဲ့ အဆင့်များ

 

  • www.fragrancex.com website ကိုသွားပြီး လိုတဲ့ရေမွှေးကိုရွေးပါ။

  • လိုချင်တဲ့ရေမွှေးတွေ့ပြီဆိုရင် Yangon Branded ရဲ့  Viber 0943065356 ကို ပစ္စည်းရဲ့ link ကိုပို့ပေးပြီး လိုချင်တဲ့ဆိုဒ် ကိုပြောပါ။

  • Yangon Branded က ကျသင့်မည့်စုစုပေါင်းတန်ဖိုးတွက်ပြီး အကြောင်းပြန်ပါမယ်။

  • ဝယ်သူမှ KBZ, AYA, CB mobile banking/KPay ဖြင့် ပစ္စည်းတန်ဖိုး 50% ကို deposit ပေးချေရပါမယ်။ Yangon Branded မှငွေရပြေစာပြန်ပို့ပေးပါမယ်။ ရန်ကုန်အိမ်မှာ cash ငွေသား / KBZ, AYA, CB mobile banking/KPay တွေနဲ့ လူကိုယ်တိုင်လာပေးမယ်ဆိုရင်လဲ ကြိုတင် appointment လုပ်ပြီး ကိုယ်တိုင်လာပေးလို့လဲ ရပါတယ်။

  • ၆ပါတ်မှ ၈ပါတ် အတွင်းပစ္စည်း ရန်ကုန်ကိုရောက်ပါမယ်။

  • ပစ္စည်းကို ရန်ကုန်အိမ်မှာလာယူရပါမယ်။ ဒါမှမဟုတ် delivery company နဲ့လဲအပ်ပေးလို့ရပါတယ်။ ရန်ကုန်မြို့တွင်းနဲ့ နယ်ပို့ခတွေကို ဝယ်သူကပေးချေရပါမယ်။


လောလောဆယ်မှာ မူလတန်ဖိုးအနည်းဆုံး US$ 35 နဲ့အထက်ရေမွှေးတွေကိုပဲ service ပေးနိုင်ပါအုံးမယ်။ Order များလို့လူမနိုင်လို့ပါ။ Customer အသစ်များကို order မတင်ခင်မှာ သိလိုတာအားလုံးကို ဖုံးဆက်ပြီးဖြစ်စေ ရန်ကုန်အိမ်မှာ လူကိုယ်တိုင်လာပြီးဖြစ်စေ မေးကြည့်ဆွေးနွေးပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

www.fragrancex.com က American နိုင်ငံ New York မှာရှိပြီး စိတ်ချယုံကြည်ရတဲ့ discount perfume supplier ဖြစ်တယ်ဆိုတာကို အောက်မှာပြထားတဲ့ international business review website တွေမှာသွားကြည့်နိုင်ပါတယ်။

www.sitejabber.com/reviews/fragrancex.com
မှာ review ပေါင်း 100,000+ ကို ကြည့်နိုင်ပါတယ်။
www.trustpilot.com/review/www.fragrancex.com မှာ review ပေါင်း 20,000+ ကို ကြည့်နိုင်ပါတယ်။

နိုင်ငံတကာရေမွှေး review ဆိုဒ်တွေဖြစ်တဲ့ www.fragrantica.com တို့ www.basenotes.net တို့မှာလည်း စုံစမ်းနိုင်ပါတယ်။  World's number 1 fragrance reviewer ဖြစ်တဲ့ Jeremy ရဲ့ Fragrancex ရဲ့ warehouse ကိုသွားကြည့်တဲ့ ဗီဒီယိုကို
https://youtu.be/tLdQoqxjuIU မှာကြည့်နိုင်ပါတယ်။


သင်အွန်လိုင်းတွင်ကိုယ်တိုင်ရွေးချယ်နိုင်သောကြောင့်သင်လိုချင်သည့် ရေမွှေးအမျိုးအစား၊ အရည်အသွေး အတိအကျကိုရနိုင်သည်။ သင့်တင့်သော ဈေးဖြင့်သာ USA တွင်ဝယ်ပေးခြင်း၊ USA မှ မြန်မာနိုင်ငံသို့ သယ်ယူခြင်း၊ အကောက်ခွန်များပေးဆောင်ခြင်း နှင့် သင်၏အိမ်တံခါးအထိအရောက်ပို့ခြင်း အတွက် Yangon Branded မှတာဝန်ယူပါသည်။

လမ်းမှာပျက်စီး၊ ပျောက်ဆုံးမှုများအားလုံးကို money back guarantee အာမခံပေးထားလို့စိတ်ချမ်းမြေ့စွာ မှာယူနိုင်ပါတယ်။

Preorder မှာလိုပါက ရေမွှေးတန်ဖိုးကို 50% ပေးထားရမည်ဖြစ်ပြီး USA မှ မြန်မာသို့ရောက်ရန် ၆ ပါတ်မှ ၈ ပါတ်ခန့်ကြာပါမည်။ ဒီအချက်ကိုအဆင်ပြေမှပဲ Preorder service ကိုအားပေးပါလို့ မေတ္တာရပ်ခံပါတယ်။

Preorder မစောင့်ချင်သူတွေအတွက် in stock items တွေလည်း ရန်ကုန်မှာအဆင်သင့် အများကြီးရှိလို့ လိုချင်တဲ့ ရေမွှေးပုံကို Viber - 0943065356 မှာပို့ပြီးမေးနိုင်ပါတယ်။

လက်ကားဝယ်လိုသူတွေအတွက်လည်း wholesale price တွေရှိတဲ့အတွက် USA import ရေမွှေးတွေပြန်ရောင်းချင်တဲ့ နယ်မှ ရေမွှေးဆိုင်များလည်း ဆက်သွယ်နိုင်ပါတယ်။

FragranceX-Reviews-Read-Customer-Service-Reviews-of-www-fragrancex-com.jpg
bottom of page