top of page
Search

Dior Sauvage Buying Guide

Writer: Yangon Branded Perfume Shop
Yangon Branded Perfume Shop
3 days ago
3 min read


Dior Sauvage ဆိုတာ တစ်မျိုးတည်းမဟုတ်ဘူးဆိုတာ သိပါသလား? EDT နဲ့ EDP က ဘာကြောင့် လူအများစုအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်တာလဲ?


Dior Sauvage လို့ပြောလိုက်တာနဲ့ ရေမွှေးချစ်သူတော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်အများဆုံးဖြစ်တဲ့ Men's Designer Fragrance တစ်ခုဖြစ်သလို ယောက်ျားလေးတွေအတွက် ရေမွှေးရွေးတဲ့အခါ မကြာခဏတွေ့ရတဲ့ နာမည်တစ်ခုလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ Dior Sauvage မှာ Version တစ်မျိုးတည်းပဲ ရှိတယ်လို့ ထင်နေသေးရင်တော့ နည်းနည်းလေး မှားနေနိုင်ပါတယ်။


တကယ်တော့ ၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ မူလ Sauvage Eau de Toilette (EDT) ကနေစပြီး နောက်ပိုင်းမှာ Eau de Parfum (EDP), Parfum, Elixir, Eau Forte နဲ့ ၂၀၂၆ ခုနှစ်မှာ Extrait de Parfum ဆိုပြီး Version အမျိုးမျိုး ထွက်ထားပါတယ်။


နာမည်ကတော့ Sauvage အတူတူပါပဲ။ ဒါပေမဲ့ ရနံ့ Character နဲ့ အသုံးပြုရတဲ့ ခံစားမှုတွေကတော့ တစ်မျိုးနဲ့တစ်မျိုး မတူကြပါဘူး။


👉 ဒီတော့ ဘယ် Version ကို ရွေးသင့်လဲ?


အရင်ဆုံး Version တစ်ခုချင်းစီရဲ့ ကွာခြားချက်လေးတွေကို ကြည့်ကြရအောင်။


// Dior Sauvage Version ၆ မျိုးအကြောင်း


1. Sauvage Eau de Toilette (EDT) – 2015


ဒါကတော့ Sauvage Collection ရဲ့ မူလ Original Version ပါ။ Fresh Bergamot, Pepper နဲ့ Ambroxan တို့ရဲ့ ပေါင်းစပ်မှုကြောင့် လန်းဆန်းတယ်၊ သန့်ရှင်းတယ်၊ ခေတ်မီတယ်၊ ယောက်ျားပီသတဲ့ ရနံ့မျိုးကို ပေးတယ်။


အထူးသဖြင့် နေ့တိုင်း ပုံမှန်သုံးဖို့၊ ရုံးသွားဖို့၊ အပြင်သွားဖို့၊ နေ့ခင်းဘက်အသုံးပြုဖို့ အတော်လေးအဆင်ပြေတဲ့ ရနံ့မျိုးပါ။


Sauvage ရဲ့ လူသိများတဲ့ Fresh နဲ့ Masculine Character ကို ခံစားချင်သူတွေအတွက် အကောင်းဆုံးစတင်ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။


2. Sauvage Eau de Parfum (EDP) – 2018


EDT ရဲ့ Fresh Character ကို ကြိုက်ပေမဲ့ နည်းနည်းပိုနွေးထွေးပြီး ချောမွေ့တဲ့ ရနံ့မျိုးကို လိုချင်တယ်ဆိုရင် EDP ကို စမ်းကြည့်သင့်ပါတယ်။


Vanilla နဲ့ Warm Spicy Note တွေကြောင့် EDT ထက် ပိုပြီး mature ဖြစ်တဲ့ ခံစားမှုမျိုး ရစေပါတယ်။ နေ့ခင်းဘက်ကနေ ညဘက်အထိ အသုံးပြုနိုင်သလို ရုံးသွားတာ၊ Dinner သွားတာ၊ Date လုပ်တာ စတဲ့ အချိန်အခါမျိုးစုံမှာလည်း လိုက်ဖက်ပါတယ်။


EDT ရဲ့ လန်းဆန်းမှုနဲ့ EDP ရဲ့ နွေးထွေးမှုကို ယှဉ်ကြည့်မယ်ဆိုရင် ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။


3. Sauvage Parfum – 2019


ဒီ Version ကတော့ ပိုပြီး Creamy Woody Character ဘက်ကို ဦးတည်ထားပါတယ်။ Sandalwood ရဲ့ နူးညံ့ချောမွေ့တဲ့ ရနံ့ကြောင့် ပိုပြီးနွေးထွေးသိမ်မွေ့တဲ့ ခံစားမှုမျိုးကို ပေးပါတယ်။


4. Sauvage Elixir – 2021


Elixir ကတော့ Sauvage Collection ထဲမှာ အတော်လေးထူးခြားတဲ့ Version တစ်ခုပါ။


Cinnamon, Lavender, Grapefruit နဲ့ Rich Woody Notes တွေကြောင့် ပိုပြီး Spicy, Aromatic နဲ့ Intense ဖြစ်တဲ့ Character ကို ပိုင်ဆိုင်ထားပါတယ်။


EDT / EDP တွေနဲ့ သိသိသာသာကွဲထွက်သွားပြီး ရနံ့ပြင်းပြင်း၊ ထင်ရှားတဲ့ Character မျိုးကြိုက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ ပူတဲ့နေရာ နိုင်ငံတွေက လူတိုင်းအတွက် နေ့စဉ်အသုံးပြုဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ 


5. Sauvage Eau Forte – 2024


ဒီ Version ရဲ့ ထူးခြားချက်က Alcohol-free Formulation ကို အသုံးပြုထားတာပါ။


ပုံမှန် Alcohol-based Perfume တွေနဲ့ မတူတဲ့ Water-based Fragrance Experience ကို စမ်းသပ်လိုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ Version ဖြစ်ပါတယ်။ Sauvage series သုံးနေကျသူတွေ အများစုက ဒီတစ်ခုကို မကြိုက်ကြလို့ လူကြိုက်အနည်းဆုံး ဖြစ်ပါတယ်။


6. Sauvage Extrait de Parfum – 2026


၂၀၂၆ ခုနှစ်မှာ ထပ်ထွက်လာတဲ့ Version အသစ်ဖြစ်ပါတယ်။


ဒီ Version မှာတော့ မူလ Sauvage ဖန်တီးမှုတွေနဲ့ မတူဘဲ အခြား Perfumer တစ်ဦး ပါဝင်ဖန်တီးထားတာကလည်း စိတ်ဝင်စားစရာတစ်ခုပါ။ Elixir version ဝယ်ပြီးသားဆိုရင် ဒါကိုဝယ်ဖို့မလိုလောက်အောင် redundant ဖြစ်ပါတယ်။


👉 ဒါဆို EDT နဲ့ EDP ကို ဘာကြောင့် အရင်စဉ်းစားသင့်တာလဲ?


ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုကို ပြောပြချင်ပါတယ်။


ရေမွှေးဝယ်တဲ့အခါ လူတော်တော်များများက EDT ထက် EDP ပိုကောင်းတယ်၊ EDP ထက် Parfum ပိုကောင်းတယ်၊ Elixir ဆိုရင် ပိုပြင်းလို့ ပိုတန်တယ်ဆိုပြီး တွေးတတ်ကြပါတယ်။


ဒါပေမဲ့ ရေမွှေးလောကမှာ Concentration ပိုမြင့်တာနဲ့ ပိုကောင်းတယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။

တကယ်အရေးကြီးတာက ကိုယ်ဘယ်လိုရနံ့မျိုး ကြိုက်လဲ၊ ဘယ်အချိန်မှာ အသုံးပြုမလဲ၊ ကိုယ့် Lifestyle နဲ့ ဘယ် Version က ပိုလိုက်ဖက်လဲဆိုတာပါ။


ဥပမာ -


✅ Sauvage EDT ကို ရွေးသင့်သူ


// လန်းဆန်းပြီး သန့်ရှင်းတဲ့ ရနံ့မျိုးကြိုက်သူ

// နေ့တိုင်း အလွယ်တကူသုံးဖို့ daily driver ရေမွှေးရှာနေသူ

// ရုံးသွား၊ ကျောင်းသွား၊ အပြင်သွားတဲ့အခါ အပူဒါဏ်ခံတဲ့ရေမွှေး သုံးချင်သူ

// Fresh, Peppery, Woody Character ကို နှစ်သက်သူ

// Sauvage ရဲ့ Original Character ကို ခံစားချင်သူ


✅ Sauvage EDP ကို ရွေးသင့်သူ


// EDT ထက် ပိုနွေးထွေးပြီး ချောမွေ့တဲ့ ရနံ့မျိုးကြိုက်သူ

// Fresh နဲ့ Sweet-Warm Character ကို မျှမျှတတခံစားချင်သူ

// နေ့ခင်းရော ညဘက်ပါ သုံးနိုင်တဲ့ ရေမွှေးလိုချင်သူ

// Dinner, Date နဲ့ Casual Outing တွေအတွက် ရေမွှေးရှာနေသူ

// မူလ Sauvage ထက် ပိုပြီး Rich ဖြစ်တဲ့ ရနံ့မျိုးကို စမ်းချင်သူ


အမှန်တော့ EDT နဲ့ EDP နှစ်မျိုးစလုံးက Sauvage Collection ရဲ့ လူကြိုက်များတဲ့ အဓိက Version တွေဖြစ်ပြီး ရေမွှေးစသုံးမယ့်သူတွေအတွက်လည်း သုံးရလွယ်ကူတဲ့ ရွေးချယ်စရာတွေပါ။


👉 Elixir ရှိတာနဲ့ EDT, EDP တွေက နောက်ကျသွားပြီလား?


လုံးဝမဟုတ်ပါဘူး။


Elixir က ပိုပြီးပြင်းတဲ့ Character ကို ပေးနိုင်ပေမဲ့ အဲဒါကြောင့် EDT နဲ့ EDP တွေထက် အမြဲတမ်းပိုကောင်းတယ်လို့ မဆိုလိုပါဘူး။


မြန်မာနိုင်ငံလို ဆောင်းမှာတောင် ပူတဲ့ ရာသီဥတုမှာ နေ့တိုင်းအသုံးပြုဖို့ဆိုရင် Fresh ဖြစ်တဲ့ EDT ကို ပိုနှစ်သက်သူတွေ များပါတယ်။ 


EDP ကတော့ Freshness နဲ့ Warmth ကို မျှတစွာခံစားချင်သူတွေအတွက် ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါ။

Elixir လို အရမ်းအားကောင်းတဲ့ရနံ့တွေကိုတော့ ကိုယ့်အကြိုက်နဲ့ အသုံးပြုမယ့်အခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။


အဓိကက ဝယ်ပြီးရင် ကိုယ်တကယ်အသုံးပြုဖြစ်မယ့် ရေမွှေးကို ရွေးဖို့ပါပဲ။


👉 နောက်ဆုံးအကြံပြုချင်တာက Dior Sauvage Collection ထဲမှာ Version အမျိုးမျိုးရှိပေမဲ့ စသုံးမယ့်သူတွေအတွက်တော့ မူလ EDT နဲ့ EDP နှစ်မျိုးကို အရင်ဆုံး သုံးဖို့ အကြံပြုချင်ပါတယ်။


ရေမွှေးကောင်းတစ်ပုလင်းဆိုတာ အကြားဆုံးခံပြီး အပြင်းဆုံးရနံ့ရှိတဲ့ ရေမွှေးမဟုတ်ပါဘူး။ ကိုယ်နေ့တိုင်း ယုံကြည်မှုရှိရှိ အသုံးပြုချင်တဲ့ ရေမွှေးဖြစ်ဖို့ပဲ အရေးကြီးပါတယ်။


ရေမွှေးအကြောင်းတွေမေးချင်တာဖြစ်ဖြစ် ရေမွှေးဝယ်ချင်တာဖြစ်ဖြစ် Customer Service Viber 0943065356 ကို message ပို့ပြီးဆက်သွယ်နိုင်ပါတယ်။


 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page