top of page
Search
Writer's pictureYangon Branded Perfume Shop

ရေမွှေးတစ်ပုလင်းဘယ်လောက်ကြာကြာ အသုံးခံလဲ

Updated: Feb 25, 2023


ရေမွှေးတစ်ပုလင်းပုံမှန်ဆိုဒ် 100ml ဆိုရင် အချက် 900 ကနေ 1200 ဖြန်းလို့ရတာဖြစ်လို့ တနေ့ကို 4 ချက်ဆွတ်တယ် ဆိုရင် 225 ရက်ကနေ 300 လောက်ရပါတယ်။ ဆိုဒ်အလတ် 50ml ဆိုရင်တော့ ခုနပြောတဲ့အချိန်အတွက် ရဲ့တဝက်ပဲသုံးရပါမယ်။ ဆိုက်ကြီး ဆိုရင်တော့ ရက်ပေါင်း 400 ကနေ 600 လောက်ရပါတယ်။ ရေမွှေးတွေမှာပါတဲ့ sprayer head ရဲ့အမျိုးအစားတွေမတူတာကြောင့် တစ်ပုလင်းနဲ့ပုလင်းအနည်းငယ်တော့ကွာနိုင်ပါတယ်။ တကယ့်လက်တွေ့အပြင်မှာ ရေမွှေးတော်တော်များများရဲ့သဘောကြောင့်နဲ့ မြန်မာနိုင်ငံကရာသီဥတုပြင်းတာကြောင့် လေးချက်ဆိုတာကတော်တော်နည်းပါတယ်။ သိရသလောက် sillage ကောင်းဖို့အတွက် အရမ်းပြင်းတဲ့ရေမွှေးတွေကလွဲလို့ 8 ချက်က 12 ချက်လောက် ဆွတ်ကြပါတယ်။ အောက်ကဇယားလေးကတော့ ကိုယ့်ရဲ့ရေမွှေးပုလင်းဘယ်လောက်ကြာကြာခံမယ်ဆိုတာ သိရအောင်အကြမ်းတွက်ပေးထားတာပါ။

100ml - 4 sprays - 225/300 days 100ml - 8 sprays - 110/150 days 100ml - 12 sprays - 75/100 days 200ml - 4 sprays - 400/600 days 200ml - 8 sprays - 200/300 days 200ml - 12 sprays - 133/200 days

ရေမွှေးအကြောင်းဗဟုသုတတွေကို လေ့လာနိုင်ဖို့နဲ့ stock update သိနိုင်ဖို့ Yangon Branded Viber channel ကို join နိုင်ပါပြီ။ ကိုယ်တိုင်ရေးထားတာမို့ ကျေးဇူးပြု၍ စာသားတွေကိုကူးယူပြီး Facebook ပေါ်မတင်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Share မယ်ဆိုရင် ဒီ post ရဲ့ url/web address ကို share ပဲပေးရင်နောက်ပိုင်း review တွေရေးဖို့ပိုအားရှိမှာပါ။




0 comments

Recent Posts

See All

Comentarios

Obtuvo 0 de 5 estrellas.
Aún no hay calificaciones

Agrega una calificación
bottom of page