Carolina Herrera 212 VIP for Women Eau de Parfum 80ml Tester Packaging - K 249,000 (In stock)
🌿 ဒီရေမွှေးက Floral Oriental အမျိုးအစားဖြစ်ပြီး ပန်းနံ့သင်းသင်းကိုမှ နွေးထွေးတဲ့ အနံ့ဖက်ကိုသွားပါတယ်။ တကယ့်ကို dazzling ဖြစ်ပြီး တောက်ပတဲ့ ခံစားမှုရပါတယ်။
စစဖြန်းလိုက်တာနဲ့ Bergamot (ကမ္ဗလာသီး) ရဲ့ လတ်ဆတ်ပြီး နည်းနည်းစူးရှရှ citrus အနံ့လေးနဲ့ ဖွင့်ပါတယ်။ ဒါက လန်းဆန်းတက်ကြွတဲ့ ခံစားမှုကို ပေးပါတယ်။
အဖွင့်အနံ့ ပျယ်သွားတာနဲ့ တပြိုင်နက် နူးညံ့တဲ့ floral accords (ပန်းပေါင်းစုံရနံ့) တွေ ထွက်လာပြီး မိန်းကလေးဆန်တဲ့ vibe ကို အပြည့်အဝ ပေးပါလိမ့်မယ်။
ရေမွှေးအနံ့ငြိမ်သွားတဲ့အခါမှာတော့ vanilla ရဲ့ ချိုအီအီအနံ့နဲ့ musk ရဲ့ နူးညံ့သိမ်မွေ့တဲ့ အနံ့လေး ပေါင်းစပ်ပြီး စွဲမက်စရာကောင်းတဲ့ အနံ့လေးအဖြစ် ကျန်ရစ်နေမှာပါ။
🌿 ဘယ်လိုအချိန်တွေမှာ သုံးသင့်လဲ?
// နာမည်က VIP ဖြစ်တဲ့အတိုင်း ညဘက် ပါတီသွားတာ Dinner စားတာမျိုးတွေအတွက် အလိုက်ဖက်ဆုံးပါပဲ။
// Confidence Booster အနေနဲ့လူကြားထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ထင်ပေါ်ချင်တဲ့ အချိန်မျိုးတွေမှာလဲ သုံးသင့်ပါတယ်။
🌿 သူ့ရဲ့ perfumer ဖြစ်ကဲ့ Alberto Morillas က အရမ်းနာမည်ကြီးတဲ့ ရေမွှေးပညာရှင်ဖြစ်ပြီး Versace Bright Crystal, Marc Jacobs Daisy, Lancome Miracle, Gucci Guilty, Gucci Bloom, Armani Acqua Di Gio, Gio Profumo, Estée Lauder Pleasures, 212 Sexy, CK One စတာတွေကို ဖန်တီးပေးခဲ့သူဖြစ်လို့ သူ့ရဲ့ တခြားလက်ရာတွေကို ကြည့်လိုက်တာနဲ့ အ၀ယ်မှားမှာမဟုတ်ဘူးဆိုလားသေချာပါတယ်။
Made in Spain
Tester packaging
🎁 Tester packaging ဆိုပေမယ့် cap (အဖုံး) ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူဗူး အဖြူဖြစ်နေပဲကွာသွားတာပါ။ Retail packaging ထက် တစ်သိန်းကျော်လောက်သက်သာတဲ့အတွက် ကိုယ်တိုင်သုံးမယ်ဆိုရင်အရမ်းတန်တဲ့ value buy item ဖြစ်ပါတယ်။
https://www.yangonbrandedperfume.com/product-page/212-VIP-Women-80ml-Tester-Packaging
Video review -
https://youtu.be/7Sv-ihA489I
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K249,000.00Price
bottom of page
