top of page

Armani Acqua Di Gio EDT Perfume for Men 200ml Mega Size - K 499,000 (In stock)

 

သံပုယို၊ လိမ္မော်ခါးဆီ၊ အစိမ်းရောင် တန်ဂျရင်းလိမ္မော်၊ စပယ်ပွင့်ဖတ်၊ ကျောက်နှင်းဆီ၊ ရို့စ်မယ်ရီ၊ တယ်သီး၊ Indonesian patchouli၊ တို့ဖြင့် ဖန်တီးထားပါတယ်။ ယောကျ်ားပီသပြီး လန်းဆန်းစေသော၊ ဆွဲဆောင်မှုရှိသော aquatic, aromatic အမျိုးအစားရေမွှေးဖြစ်ပါတယ်။

Armani Acqua Di Gio EDT ကတော့ နှစ်ဘယ်လောက်ကြာကြာ လူကြိုက်မပြတ်တဲ့ classic ရနံ့တစ်ခုပါ။ သူ့ရဲ့ အဓိက အားနည်းချက်တစ်ခုကတော့ အနံ့သိပ်မခံတာပါပဲ။ ဒါကြောင့် တစ်နေကုန်အပြင်ထွက်နေရလို့ ရနံ့ကြာကြာခံတာမျိုးကိုမှ သုံးချင်တဲ့သူတွေအတွက်ဆိုရင်တော့ Acqua Di Gio က အကောင်းဆုံးရွေးချယ်မှု ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ သူ့ရဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ လန်းဆန်းတဲ့ citrus ရနံ့သင်းသင်းလေးကြောင့် ရေမွှေးကြိုက်တဲ့သူတိုင်းရဲ့ စင်ပေါ်မှာ နေရာယူထားဆဲဖြစ်ပြီး လူကြိုက်အများဆုံး ရေမွှေးတွေထဲက တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေတုန်းပါပဲ။

 

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/acqua-di-gio-edt-200ml

Armani Acqua Di Gio EDT Perfume for Men 200ml Mega Size

K499,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page