top of page

French Avenue Aether Extrait Eau de Parfum 100ml - K 179,000 (In stock)

PDM Greenley နဲ့ ရနံ့တူတဲ့ aromatic fruity fresh scent type unisex ရေမွှေးဖြစ်ပါတယ်။

Aether က ပြေပြစ်သိမ်မွေ့ပေမယ့် မှတ်မိလွယ်တဲ့ ရနံ့တစ်မျိုးပါ။ စဖြန်းလိုက်တာနဲ့ ပန်းသီးစိမ်း၊ ဘာဂါမော့နဲ့ လိမ္မော်သီးတို့ရဲ့ လန်းဆန်းတဲ့အနံ့ကို ချက်ချင်းသတိထားမိစေမယ်။ နည်းနည်းကြာတော့ သစ်ကတိုး၊ ပက်တီဂရိန်း၊ violet နဲ့ cashmeran တို့ရဲ့ နူးညံ့ပြီး အေးမြတဲ့အနံ့ ဖြည်းဖြည်းချင်းဝင်လာမယ်။ နောက်ဆုံးမှာတော့ oakmoss၊ musk နဲ့ amberwood တို့ရဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသားရနံ့ ကျန်ရစ်ခဲ့မယ်။

ဒီရေမွှေးက တစ်နေ့တာလုံးအတွက် သင့်တော်ပြီး ဘယ်နေရာသွားသွား ယဉ်ကျေးလှပတဲ့အသွင်နဲ့ လိုက်ဖက်ပါတယ်။ သပ်သပ်ရပ်ရပ် သိမ်သိမ်မွေ့မွေ့ ကြိုက်တဲ့သူတွေအတွက် အိပ်မက်တစ်ခုလိုပါပဲ - ခေတ်မီတယ်၊ သန့်ပြန့်တယ်၊ စိတ်ခံစားမှုနဲ့လည်း ထိတွေ့မှုရှိတယ်။ သူက အရမ်းကြီး ကြိုးစားပြမနေဘူး၊ အဲ့ဒါကပဲ သူ့ရဲ့ ဆွဲဆောင်မှုပဲ။

Aether Extrait က clean line architecture တွေ၊ နူးညံ့တဲ့ linen dress တွေကိုကြိုက်ပြီး စကားကိုတည်တည်ငြိမ်ငြိမ်နဲ့ တိုးတိုးပြောတတ်သူတွေအတွက် ရေမွှေးဖြစ်ပါတယ်။

ရာသီဥတုပူတဲ့အခါမှာ သူက ပိုတောက်ပတယ်၊ ဒါပေမယ့် သူ့ရဲ့ နူးညံ့မှုက အေးတဲ့လတွေမှာ အိမ်ထဲမှာ သက်တောင့်သက်သာ နေချိန်တွေနဲ့လည်း လိုက်ဖက်ပါတယ်။

နေ့ခင်းဘက်သုံးဖို့ အကောင်းဆုံးဖြစ်ပေမယ့်၊ တိတ်ဆိတ်တဲ့ ညနေခင်းတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။ ဆူညံတဲ့ ပါတီပွဲတွေ ဒါမှမဟုတ် clubbing scene တွေအတွက်တော့ မဟုတ်ဘူး - ဒါပေမယ့် ဒိတ်လုပ်တာတွေ၊ brunch စားတာတွေ၊ ဒါမှမဟုတ် တစ်ယောက်တည်း အတွေးနယ်ချဲ့နေတဲ့ နေ့လည်ခင်းတွေအတွက်တော့ ကွက်တိပဲ။

Aether က ယုံကြည်မှုရှိရှိနဲ့ မှတ်မိလွယ်စေမယ့် ရနံ့တစ်မျိုးဖြစ်လို့ လန်းဆန်းမှုနဲ့ နွေးထွေးမှုကို ဟန်ချက်ညီညီပေါင်းစပ်ထားတဲ့ ဒီရနံ့ကို မိတ်ဆွေအနားကိုကပ်လာသူတိုင်း ချစ်ကြမှာပါ။

Fragrantica perfume rating 4.4 out of 5 with 711 votes

Made in UAE

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/aether-extrait

French Avenue Aether Extrait Eau de Parfum 100ml

K179,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page