Afnan 9AM Unisex Eau de Parfum 100ml - K 135,000 (In stock)
မနက်ခင်း လေပြေအေးအေးလေးရဲ့ ကြည်လင်မှု၊ နေခြည်နုနုလေးတွေ ဖြာကျနေချိန်၊ လေထဲမှာ သင်းပျံ့နေတဲ့ စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ Citrus အနံ့လေး။ Afnan 9AM က ဒီလို ခံစားမှုမျိုးကို အတိအကျဖမ်းဆုပ်ဖို့ ရည်ရွယ်ထားပြီး၊ လန်းဆန်းမှုရော သိမ်မွေ့တဲ့ ခန့်ညားမှုမျိုးပါ ပေးနိုင်တဲ့ ရေမွှေးတစ်ခု။
🍋 *Top Notes*
// Mandarin & Cedrat - တောက်ပတယ်၊ အရည်ရွှမ်းတယ်၊ လန်းဆန်းတက်ကြွစေတယ်။ အခွံခွာထားခါစ Citrus သစ်သီးတွေလိုမျိုးပေါ့။
// Cardamom & Pink Pepper - အစပိုင်းအနံ့ကို ပိုပေါ်လွင်သွားအောင် aromatic warm spice အရိပ်အယောင်လေးတွေ ထည့်ပေးထားတယ်။
ဒီအနံ့တွေ အားလုံးပေါင်းလိုက်ရင် အရမ်းမစူးဘဲ တက်ကြွလန်းဆန်းစေတဲ့ opening မျိုး ရစေပါတယ်။
🪻*Heart Notes*
// Lavender & Orange Blossom - နူးညံ့တယ်၊ စိတ်ကို ငြိမ်သက်စေတယ်၊ ခန့်ညားတယ်။
// Rose & Green Apple - နှစ်လိုဖွယ် ဆန့်ကျင်ဘက်လေးပါ။ ပန်းရနံ့ရဲ့ နက်ရှိုင်းမှုနဲ့ သစ်သီးရဲ့ ကြည်လင်ပြတ်သားမှုတို့ ပေါင်းစပ်ထားသလိုမျိုး။ Rose အနံ့ပါးပါးလေးမို့ မပြင်းပါဘူး။
အနံ့က လှလှပပ ပြောင်းလဲသွားပြီး Citrus ရဲ့ ပြင်းရှမှုကို လျော့ကျစေပေမယ့် လန်းဆန်းတက်ကြွမှုကတော့ ကျန်နေဆဲပါပဲ။
🪵 *Base Notes*
// Cedarwood & Moss - တည်ငြိမ်စေတယ်၊ ခြောက်သွေ့တယ်၊ တိုးတိုးလေး မြေနံ့သင်းတယ်။
// Patchouli & Musk - သိမ်မွေ့တဲ့ ဆွဲဆောင်မှုနဲ့ အနံ့စွဲအားကို ဖြည့်စွက်ပေးတယ်။
နောက်ဆုံးကျန်တဲ့ drydown က သန့်ရှင်းတယ်၊ နွေးထွေးတယ်၊ relaxing ဖြစ်တယ်။ ဒါကြောင့် တစ်နေကုန် သုံးဖို့ အရမ်းအဆင်ပြေပါတယ်။
Afnan 9am က ဘက်စုံသုံးလို့ရတယ် ပူတဲ့ရာသီဖြစ်ဖြစ်၊ အေးတဲ့ရာသီဖြစ်ဖြစ် သုံးရတာ အဆင်ပြေတယ်။ သာမန်ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချိန်ရော၊ ရုံးတက်မျိုးတွေမှာပါ သုံးဖို့ သင့်တော်ပါတယ်။
သူ့ရဲ့ Musk အနံ့သင်းပြီး အနံ့စွဲတာကို ကြည့်ရင် Ambroxan ဒါမှမဟုတ် တခြား synthetic musk လိုမျိုး aroma molecule တွေကို သုံးထားပုံရတယ်။ ဒါတွေက ရေမွှေးကို အရမ်းပြင်းမသွားစေဘဲ နူးညံ့ချောမွေ့ပြီး ကိုယ့်အရေပြားနံ့နဲ့ တစ်သားတည်းကျသွားစေတဲ့ အာနိသင်ကို ပေးပါတယ်။
Afnan 9AM Eau de Parfum က ခေတ်မီ သပ်ရပ်ပြီး ပေါ့ပေါ့ပါးပါး ခံစားရစေတဲ့ ရေမွှေးအမျိုးအစားပါ။ သူက အရမ်းထူးခြားတဲ့ အကောင်းစား niche ရေမွှေးတစ်ခုပုံစံ ဖြစ်အောင် ကြိုးစားထားတာမျိုး မဟုတ်ပါဘူး။ အဲဒီအစား ကြည်တာ၊ တောက်တာ နဲ့ နေ့စဉ်သုံးဖို့ သင့်တော်တာတွေကို တန်ဖိုးသင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ပေးထားတာပါ။
✅ အားသာချက်တွေ
// သန့်ရှင်းတယ်၊ ကြည်လင်ပြတ်သားတယ်၊ ကျား/မ မရွေး သုံးနိုင်တယ်။
// နေ့စဉ်သုံးဖို့ ကောင်းတယ်။
// ပေးရတဲ့ဈေးနဲ့ တန်တယ်။
🚧 အားနည်းချက်တွေ
// တချို့အတွက် အစပိုင်းအနံ့က နည်းနည်းလေးပြင်းတယ်လို့ ခံစားရနိုင်တယ်။
// အရမ်းကြီး ထူးဆန်းတဲ့ scent profile မဟုတ်ဘူး။
ဈေးကြီးပေးစရာမလိုဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကြည်လင်ပြတ်သားတဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့ ရေမွှေးမျိုးကို ရှာနေတယ်ဆိုရင်တော့ Afnan 9AM က စမ်းသုံးကြည့်ဖို့ တကယ်ကို တန်ပါတယ်။
🎁 Bottle design
Afnan 9AM series ရေမွှေးပုလင်းတွေအားလုံးက ပြတ်ပြတ်သားသား ခေတ်မီတဲ့ပုံစံမျိုးနဲ့ ထင်ရှားတယ်။
ပုံစံလှတယ်။ ရှင်းသန့်တဲ့ လေးထောင့်ပုံစံမျိုးလေးတွေ။ ခေတ်မီတဲ့ပုံစံပေါက်ပြီး ဖန်သား ကောင်းကောင်းကိုထူထူလေးလုပ်ထားတဲ့အတွက် ကိုင်ရတာလည်း တင်းတင်းရင်းရင်းနဲ့ လက်ထဲမှာ အသားကျတယ်။
Shiny ဖြစ်တဲ့ metal cap မို့ အဖုံးမိုက်တယ်။ သူက ဒီဇိုင်းရဲ့ အဓိက အစိတ်အပိုင်းပဲ။ တကယ့် သတ္တု နဲ့လုပ်ထားတဲ့အတွက် တော်တော်လေးလေးပြီး အဲ့ဒါက ပုလင်းကို ပိုပြီးဆွဲဆောင်မှုရှိစေပြီး luxury နည်းနည်းဆန်းတယ်လို့ ထင်ရစေတယ်။ Personally အမြင်ကိုပြောရမယ်ဆိုရင် တချို့ရဲ့ စျေးများတဲ့ niche ရေမွှေးတချို့ရဲ့အဖုံးတွေကတောင် ဒီလောက်မသားနားဘူး။
မှန်သားကြည်ကြည်မို့ အထဲက ရေမွှေးအရည်ရဲ့ အရောင်ကို မြင်ရတယ်။ ဘယ်လောက် ကျန်နေလဲဆိုတာ အလွယ်တကူ ကြည့်လို့ရတယ်။
Packaging ဒီဇိုင်းတစ်ခုလုံးက တော်တော်ပြောင်မြောက်ပြီး သပ်သပ်ရပ်ရပ်ရှိတယ်လို့ ပြောရမယ်။ စင်ပေါ်တင်ထားရင် ကြည့်ကောင်းသလို မျှော်လင့်ထားတဲ့ လန်းဆန်းပြီး တက်ကြွတဲ့အနံ့နဲ့လည်း လိုက်ဖက်တဲ့ ခံစားချက်မျိုး ပေးတယ်။
Made in UAE
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/afnan-9am-unisex-eau-de-parfum-100ml
Yangon Branded Customer Service Viber - 0943065356 မှ order တင်နိုင်ပါတယ်။
Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။
ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။
// Important notice to all customers - ငွေဈေး မညိမ်တဲ့ အတွက် ဈေးအပြောင်းအလဲ နေ့တိုင်း ရှိနိုင်ပါတယ်။ Payment ချက်ချင်း မပို့ဖြစ်ရင် ဈေးတွေပြန်မေးပေးပါနော် //
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K135,000.00Price
bottom of page
