top of page

Agent Provocateur Fatale Eau de Parfum for Women Decants

# 10ml decant (glass sprayer) - K 24,000

# 10ml decant (aluminium sprayer) - K 27,000

# 37ml decant (glass sprayer) - K 75,000

ချိုချိုမွှေးမွှေး gourmand ရနံ့ကောင်းကြိုက်သူတွေအတွက် Lancome La Vie est Belle နဲ့ ရနံ့တူတဲ့ UK နိုင်ငံလုပ် Agent Provocateur Fatale

Agent Provocateur Fatale ကတော့ တကယ်ကို ဆွဲဆောင်မှုရှိပြီး bold ဖြစ်တဲ့ မိန်းကလေးတွေအတွက် perfume တစ်ခုပါပဲ။ မြန်မာပြည်ရဲ့ ပူအိုက်တဲ့ နွေရာသီမှာတောင် ဆွဲဆောင်မှုအပြည့်နဲ့ လန်းဆန်းနေစေမယ့် ဒီ ရေမွှေးရဲ့ ထူးခြားချက်ကတော့ sweet ဖြစ်သလို တစ်ဖက်ကလည်း spicy ဖြစ်နေတာပါပဲ။

🌿 စဖြန်းလိုက်တာနဲ့ သရက်သီး (mango) နဲ့ black currant တို့ရဲ့ လန်းဆန်းတဲ့ အသီးရနံ့ကို အရင်ဆုံး ခံစားရမှာပါ။ Pink pepper လေးလည်း ပါတာမို့ နည်းနည်းလေး စပ်ရှိမ်းရှိမ်းနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရနံ့မျိုးနဲ့ စတာပါ။ ခဏနေရင်တော့ Gardenia ပန်းရနံ့လေးက ပိုသိသာလာပါတယ်။

🌿 အကြာဆုံး စွဲကျန်နေခဲ့မှာကတော့ ချောကလက် (chocolate)၊ vanilla နဲ့ musk ရနံ့တွေပဲ ဖြစ်ပါတယ်။ ချောကလက်နံ့ ပါပေမယ့် အရမ်းကြီး အီမသွားဘဲ ဆွဲဆောင်မှုရှိတဲ့ "femme fatale" vibe ကို အပြည့်အဝ ပေးနိုင်ပါတယ်။

❤️ မြန်မာပြည်ရဲ့ နွေရာသီက တော်တော်ပူတာကြောင့် ရေမွှေးရွေးရင် အရမ်းအီတာမျိုးဆို အဆင်မပြေပါဘူး။ ဒါပေမဲ့ Fatale ကတော့ သူ့မှာပါတဲ့ အသီးရနံ့တွေကြောင့် နွေရာသီ ညဘက် date သွားတာပဲဖြစ်ဖြစ်၊ ပွဲတက်တာပဲဖြစ်ဖြစ် တကယ့်ကို အမိုက်စားပါပဲ။

🌿 နေ့ခင်းဘက် အပြင်သွားရင်တော့ အများကြီး မဖြန်းဘဲ အလိုက်အထိုက်လောက်ပဲ ဖြန်းပေးရင် ပူအိုက်တဲ့ ရာသီဥတုမှာတောင် တခြားသူတွေ လည်ပြန်ကြည့်ရလောက်အောင် မွှေးနေမှာဗျ။ Longevity လဲတော်တော်ကောင်းတယ်လို့ ပြောလို့ရပါတယ်ဗျ။ တစ်ခါဖြန်းထားရင် ၅ နာရီကနေ ၆ နာရီလောက်အထိ အေးအေးဆေးဆေး ခံပါတယ်။

Agent Provocateur Fatale fatale က ဈေးနှုန်းနဲ့ အရည်အသွေး ယှဉ်လိုက်ရင် တကယ့်ကို တန်တဲ့ perfume တစ်ခုပါ။ Sexy ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုးကို ပေါ်လွင်စေချင်ရင်တော့ ဒါကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Agent Provocateur Fatale ကိုဖန်တီးသူက Burberry London, CK Euphoria for Men, CK Eternity Summer, Taylor Swift Wonderstruck Enchanted စတဲ့ အလွန်လူကြိုက်များသော ရေမွှေးကောင်းများစွာကိုဖန်တီးခဲ့သူ ပြင်သစ် ရေမွှေးပညာရှင် Jean-Marc Chaillan ဖြစ်လို့ အရည်အသွေးကို ခန့်မှန်းနိုင်ပါတယ်။ ရေမွှေးကလည်း အရမ်း yummy ဖြစ်ပြီး warm and seductive လို့သုံးသူတွေကပြောထားလို့ ဝယ်ထားဖို့ကောင်းတဲ့ ရေမွှေးပဲဖြစ်ပါတယ်။

Made in UK

10ml / 37ml Decant တွေပဲ ရပါမယ်

Official website -

https://www.yangonbrandedperfume.com/product-page/agent-provocateur-fatale

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Agent Provocateur Fatale EDP 10ml / 37ml Decants

K24,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page