top of page

*Al Dirgham – စျေးချိုပြီး ကြာရှည်ခံတဲ့ အမျိုးသားရေမွှေး*

Chanel Allure Homme Sport အနံ့မျိုးကိုကြိုက်ပြီး သူ့ထက် အများကြီးဈေးသက်သာတဲ့ အခြားရွေးစရာ ရှာနေတယ်ဆိုရင် Al Dirgham Eau de Parfum ကိုစမ်းသုံးကြည့်နိုင်ပါတယ်။

စဖြန်းလိုက်တာနဲ့ လတ်ဆတ်ပြီး လန်းဆန်းစေတဲ့ Tangerine / Lemongrass နဲ့ Geranium

တို့ရဲ့ refreshing ဖြစ်တဲ့ ရနံ့တွေစခံစားရပြီး ပူပြင်းတဲ့ ရာသီဥတုအတွက် အကောင်းဆုံးဖြစ်ပါတယ်။

ခဏအကြာမှာ သန့်ရှင်းပြီး ယောင်္ကျားဆန်တဲ့ လေးညှင်းပွင့်နဲ့ သစ်ကြံပိုးခေါက်တို့ရဲ့ နွေးထွေးမှုနဲ့ စတိုင်ကျတဲ့ရနံ့ကို သိမ်မွေ့တဲ့ ပန်းရနံ့တွေဖြစ်တဲ့ Tuberose၊ lily of the valley၊ စံပါယ်ရနံ့တွေနဲ့ တူတူခံစားရမှာဖြစ်ပါတယ်။

အဆုံးပိုင်းမှာ နူးညံ့ပြီး inviting ဖြစ်တဲ့ အနံ့ ဖြစ်လာအောင် floral ရနံ့၊ ချိုဆိမ့်တဲ့ tonka bean နဲ့ ဗနီလာ အပြင် ကြာရှည်ခံတဲ့ musk ရနံ့တွေကို ခံစားရစေပါတယ်။

*ဘာကြောင့် ဒီရေမွှေးကို စမ်းသင့်တာလဲ*

// *ကြာရှည်ခံတယ်* - 6-8 နာရီ အသာလေး ရတယ်။ လတ်ဆတ်တဲ့ ရေမွှေးတွေအတွက် ဒါကတော်တော်ကောင်းတဲ့ performance ပါ။

// *စျေးသက်သာပြီး ပြေပြေသင်းသင်းရှိတဲ့ အနံ့* - အနံ့သင်းပြီး သုံးရတာသက်တောင့်သက်သာရှိပါတယ်။ ပြင်းလွန်းတဲ့ note တွေ မပါပါဘူး။

// *နွေဖက်မှာ အသုံးဝင်ပြီး အနံ့မပြင်းလွန်းတာ* - ရုံးသွား၊ အားကစားလုပ်ချိန်နဲ့ ပုံမှန်အပြင်ထွက်ချိန်တွေအတွက် အကောင်းဆုံး – fresh scent ပေမယ့် မစူးလွန်းပါဘူး။

// *Chanel Allure Homme Sport နဲ့ ဆင်တူတာ* - စျေးကြီးတဲ့ တွေကို စျေးသက်သက်သာသာနဲ့ အစားထိုးနိုင်တဲ့ ရွေးချယ်စရာတစ်ခုပါ။ ပြည်တွင်းထုတ် ရေမွှေးတွေထက်တောင်ပိုပြီး သက်သာတဲ့ဈေးပါ။

// *စုစုပေါင်း 120ml ပါတယ်* - 100ml တစ်ပုလင်းနဲ့ 20ml pocket sprayer လေးပါလို့ အပြင်ထွက်ရင် 20ml pocket sprayer လေးကိုယူသွားလို့ရတယ်။ စုစုပေါင်း 120ml ပါတဲ့အတွက် ပုံမှန် 100ml ဆိုဒ်တွေထက် 20% ပိုပါတယ်ပြောလို့ရတယ်။

*အားနည်းချက်*

// ပုလင်းတော်တော်လှပေမယ့် သူ့ရဲ့မူလထုတ်ပိုးပုံသဘောကိုက အပြင်စက္ကူဗူးခွံသိပ်မလှပါဘူး။ ဒါကြောင့် လက်ဆောင်ပေးဖို့ဆိုရင် အရမ်းလှမှာမဟုတ်ပါဘူးလို့ ထင်ပါတယ်။

// Chanel Allure Homme Sport နဲ့ယှဉ်လိုက်ရင် သူကပိုပြီးတော့ floral note များပါတယ်။

Fragrantica မှာ 4.4/5 / Amazon မှာ 4.4/5 နဲ့ Parfumo မှာ 8.3/10 ရထားတဲ့ Al Dirgham က လန်းဆန်းတာ၊ ဘက်စုံသုံးလို့ရတာ နဲ့ စျေးနှုန်းသက်သာတာကို တစ်တွဲထဲလိုချင်တဲ့ အမျိုးသားတိုင်းအတွက် နေ့စဉ်သုံးဖို့ အကောင်းဆုံး budget friendly fresh ရေမွှေးတစ်မျိုးပါ။

*Al Dirgham Eau de Parfum for Men

# 120ml - K 99,000

# 10ml decant (glass sprayer) - K 17,000

# 30ml decant (glass sprayer) - K 42,000*

// 120ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာလာဝယ်နေကျတွေဆိုရင် လာနေကျအိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/al-dirgham

Made in UAE

Sealed original retail packaging (120ml)

_Budget ပိုသုံးချင်လို့ quality ပိုကောင်းတဲ့ Chanel Allure Homme Sport ကိုပဲ လိုချင်တယ်ဆိုရင်လည်း ready in stock ရှိပါတယ်။_

Al Dirgham Eau de Parfum for Men 120ml

K99,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page