Al Haramain Amber Oud Tobacco Edition Unisex Eau de Parfum 60ml - K 219,000 (In stock)
✅ Tom Ford Tobacco Vanille နဲ့ ရနံ့ တူတယ်လို့ မှာ Fragrantica သုံးပြီးသူ တစ်ထောင်ကျော်က vote လုပ်ထားပါတယ်။
🌿 Sweet tobacco ရနံ့နဲ့ wood and spice ရနံ့တွေပါပြီး longevity ရော sillage ပါကောင်းတဲ့ heavy hitter တစ်ခုပါ။
🌿 ပထမဆုံးစဖြန်းလိုက်တာနဲ့ ခေါင်းထဲတန်းဝင်လာတာက သစ်ကြံပိုးခေါက် (Cinnamon) နံ့နဲ့ ဆေးရွက်ကြီးနံ့ပါပဲ။ မီးမရှို့ရသေးတဲ့ ဆေးပြင်းလိပ်ကောင်းကောင်းတစ်ခုကို နမ်းလိုက်ရသလိုမျိုး၊ နည်းနည်းခါးသက်သက်နဲ့ luxury ဖြစ်တဲ့ ဆေးရွက်ကြီးနံ့မျိုး။ အဲ့ဒီ့နောက်မှာ ဂျင်း (Ginger) နံ့လိုမျိုး စပ်ရှားရှားအနံ့လေးတွေလည်း ရပါတယ်။
🌿 ခဏနေလို့ အသားပေါ်မှာ အနံ့လေးငြိမ်သွားတဲ့အခါမှာတော့ ဗနီလာ (Vanilla) နံ့ချိုချိုလေးက တက်လာပါတယ်။ အဲ့ဒီမှာ ဆေးရွက်ကြီးရဲ့ ခါးသက်သက်အနံ့ရယ်၊ ဗနီလာရဲ့ နွေးပြီးချိုတဲ့အနံ့ရယ်ပေါင်းပြီးတော့ ရှယ်ပါပဲ။ တော်တော်လေး sexy ကျပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့ဖြစ်သွားတယ်။ တချို့ပြောကြသလိုပဲ သူက Tom Ford ရဲ့ နာမည်ကြီး Tobacco Vanille နဲ့ တော်တော်တူပါတယ်။
✅ ကြာချိန် (longevity) ကို Eternal (အရမ်း ကြာကြာခံတယ်) လို့ 700 ကျော်က vote လုပ်ထားပြီး Long Lasting ကြာကြာခံတယ်လို့ 1,200 ကျော်က vote လုပ်ထားပါတယ်။
✅ Sillage ရနံ့ ပြန့်အား ကို enormous (တော်တော်ဝေးဝေးပြေးတယ်) လို့ 470 ယောက်က vote လုပ်ထားပြီး 1,200 ကျော်က Strong (ဝေးဝေးပြေးတယ်) လို့ vote လုပ်ထားပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/amber-oud-tobacco
https://www.fragrantica.com/perfume/Al-Haramain-Perfumes/Amber-Oud-Tobacco-Edition-55791.html မှာ ဝင်ပြီး review ပေါင်း 400 ကျော်ကို check လုပ်နိုင်ပါတယ်။
Fragrantica overall rating က vote 3,100 ကျော် 4.2 out of 5 မို့ Chanel တွေ Dior တွေလောက်ကို user rating မြင့်ပါတယ်။
ပုလင်းနဲ့ packaging အဆင်အပြင်ကလဲမြင်တဲ့အတိုင်း luxury ဆန်ပါတယ်။ လက်ဆောင်ပေးမယ်ဆိုရင်လဲ gift box အမာနဲ့တစ်ခါထဲ ထည့်ထားပြီးသားမို့ လက်ဆောင်အဆင်သင့်ပေးလို့ လှပါတယ်။
Made in Dubai
Sealed original retail packaging
Video review - https://youtu.be/IsKEYJRfhOY
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 219,000Price
bottom of page
