top of page

Al Haramain Amber Oud Tobacco Edition Unisex Eau de Parfum 60ml - K 169,000 (In stock)

 

Tom Ford Tobacco Vanille နဲ့ ရနံ့ တူတယ်လို့ မှာ Fragrantica သုံးပြီးသူ တစ်ထောင်ကျော်က vote လုပ်ထားပါတယ်။ Sweet tobacco ရနံ့နဲ့ wood and spice ရနံ့များပါပြီး longevity ရော sillage ပါကောင်းတဲ့ heavy hitter တစ်ခုပါ။

ပထမဆုံးစဖြန်းလိုက်တာနဲ့ ခေါင်းထဲတန်းဝင်လာတာက သစ်ကြံပိုးခေါက် (Cinnamon) နံ့နဲ့ ဆေးရွက်ကြီးနံ့ပါပဲ။ မီးမရှို့ရသေးတဲ့ ဆေးပြင်းလိပ်ကောင်းကောင်းတစ်ခုကို နမ်းလိုက်ရသလိုမျိုး၊ နည်းနည်းခါးသက်သက်နဲ့ luxury ဖြစ်တဲ့ ဆေးရွက်ကြီးနံ့မျိုး။ အဲ့ဒီ့နောက်မှာ ဂျင်း (Ginger) နံ့လိုမျိုး စပ်ရှားရှားအနံ့လေးတွေလည်း ရပါတယ်။

​ခဏနေလို့ အသားပေါ်မှာ အနံ့လေးငြိမ်သွားတဲ့အခါမှာတော့ ဗနီလာ (Vanilla) နံ့ချိုချိုလေးက တက်လာပါတယ်။ အဲ့ဒီမှာ ဆေးရွက်ကြီးရဲ့ ခါးသက်သက်အနံ့ရယ်၊ ဗနီလာရဲ့ နွေးပြီးချိုတဲ့အနံ့ရယ်ပေါင်းပြီးတော့ ရှယ်ပါပဲ။ တော်တော်လေး sexy ကျပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့ဖြစ်သွားတယ်။ တချို့ပြောကြသလိုပဲ သူက Tom Ford ရဲ့ နာမည်ကြီး Tobacco Vanille နဲ့ တော်တော်တူပါတယ်။

ကြာချိန် (longevity) ကို Eternal (အရမ်း ကြာကြာခံတယ်) လို့ 666 ယောက်က vote လုပ်ထားပြီး Long Lasting ကြာကြာခံတယ်လို့ 1,044 ယောက်က vote လုပ်ထားပါတယ်။

Sillage ရနံ့ ပြန့်အား ကို enormous (တော်တော်ဝေးဝေးပြေးတယ်) လို့ 452 ယောက်က vote လုပ်ထားပြီး 1,094 ယောက်က Strong (ဝေးဝေးပြေးတယ်) လို့ vote လုပ်ထားပါတယ်။

Yangon Branded official website -

https://www.yangonbrandedperfume.com/product-page/amber-oud-tobacco

 

https://www.fragrantica.com/perfume/Al-Haramain-Perfumes/Amber-Oud-Tobacco-Edition-55791.html မှာ ဝင်ပြီး recommendation ပေါင်း 2700 ကျော်ကို check လုပ်နိုင်ပါတယ်။

Fragrantica overall rating က 4.2 out of 5 မို့ Chanel တွေ Dior တွေလောက်ကို user rating မြင့်ပါတယ်။

 

ပုလင်းနဲ့ packaging အဆင်အပြင်ကလဲမြင်တဲ့အတိုင်း luxury ဆန်ပါတယ်။ လက်ဆောင်ပေးဖို့ အရမ်းလှပါတယ်။

Made in Dubai

Imported from Singapore

Sealed original retail packaging

Video review - https://youtu.be/IsKEYJRfhOY

Al Haramain Amber Oud Tobacco Edition Unisex Eau de Parfum 60ml

K169,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page