Amouage Interlude Black Iris Eau de Parfum for Men 100ml - K 990,000 (In stock)
Amouage Interlude Black Iris က မူလ Interlude Man ကို ပိုပြီး ပြုပြင်မွမ်းမံထားတဲ့ improved version တစ်ခုပါ။ မူလ Interlude Man က "the Blue Beast" ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူ့ရဲ့ရနံ့က အရမ်းပြင်း၊ မီးခိုးနံ့စွဲပြီး အံ့ဩသွားစေလောက်တဲ့အထိ complex ဖြစ်တဲ့ ရနံ့မျိုးရှိလို့ပါ။
Black Iris ကတော့ အဲ့ဒီ beast perfume ကို ပိုပြီးယဉ်ပါးသွားအောင် ထိန်းချုပ်ထားတဲ့ပုံစံမျိုးပါ။ ရနံ့တွေက ပိုပြီးညက်ညောတယ်၊ ပိုပြီးအေးမြတယ်၊ ပိုပြီးကျက်သရေရှိသွားတယ်။
🌿 ရနံ့အဆင့်ဆင့် (Scent Profile)
// Top Notes - Bergamot ၊ Rosemary ၊ Violet Leaf
// Heart Notes - Orris ၊ Amber ၊ Frankincense ၊ Cistus၊ Myrrh ၊ Vanilla၊ Labdanum
Base Notes - Leather ၊ Agarwood (Oud) ၊ Sandalwood (စန္ဒကူး)၊ Patchouli ၊ Cedar
🌿 ရနံ့က ဘယ်လိုမျိုးလဲ?
စစဖြန်းချင်းမှာ Rosemary နဲ့ Violet Leaf ရနံ့တွေက အေးမြတဲ့ ခံစားမှုကိုပေးတယ်။ အရိပ်ကျနေတဲ့ တောအုပ်ထဲ လေပြေအေးအေးလေး တိုက်ခတ်သွားသလိုမျိုးပဲ။
Bergamot က လန်းဆန်းမှုကို နည်းနည်းပေးပေမယ့် ခဏလေးပါပဲ။ ဒါက Citrus ရေမွှေးမဟုတ်ဘူး။ ကိုယ့်ရဲ့ တည်ရှိမှုကို အသိပေးတဲ့ statement scent မျိုးပါ။ အဖွင့်ရနံ့က နောက်လာမယ့်အရာတွေအတွက် အသင့်ပြင်ထားခိုင်းလိုက်တာပဲ။
ခဏအကြာမှာ Orris (iris အမြစ်) ရနံ့က နူးညံ့ပြီး creamy ဖြစ်တဲ့ပုံစံနဲ့ ဝင်လာတယ်။ ဒီနေရာမှာ Black Iris က မူလ Interlude နဲ့ လုံးဝကွဲထွက်သွားတာပါ။
ထောပတ်လို ညက်ညောပြီး powdery ဖြစ်တဲ့ ခံစားမှုက Frankincense တို့ Myrrh တို့လို wild ဖြစ်တဲ့ resin အနံ့တွေကို ယဉ်ပါးသွားစေတယ်။ မီးခိုးနံ့ပါတယ်၊ ဒါပေမဲ့ တောမီးလောင်နေသလိုမျိုး မဟုတ်ဘဲ ခပ်ဝေးဝေးက ဘုရားကျောင်းမှာ ထွန်းထားတဲ့ incense နံ့လိုမျိုး သဲ့သဲ့ပဲ။ Vanilla နဲ့ Amber က နွေးထွေးမှုကိုပေးတယ်၊ ဒါပေမဲ့ မီးခိုးနံ့က အသက်ရှူကျပ်သွားစေမှာ မဟုတ်ဘူး။ သူက လွှမ်းမိုးမသွားဘဲ တခြား note တွေနဲ့ပေါင်းပြီးကခုန်နေသလိုပဲ။
Base ရောက်မှ Oud၊ Leather၊ Patchouli နဲ့ Sandalwood တို့ရဲ့ရနံ့တွေ ပေါ်လာတာပါ။ ဒါပေမဲ့ animalic oud မဟုတ်ဘဲ အရမ်းကို ပြောင်လက်သန့်စင်ထားတဲ့ oud ရနံ့မျိုး။ ဈေးကြီးတယ်၊ ရှုပ်ထွေးတယ်၊ ပြီးတော့ ညက်ညောတယ်လို့ ခံစားရတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ vibe မျိုးကိုပေးတယ်။ ဥပမာ Jazz bar တစ်ခုမှာ Jean-Paul Sartre စာအုပ်ဖတ်ပြီး ဆေးပြင်းလိပ်သောက်နေတဲ့နဲ့ လူကြီးလူကောင်းတစ်ယောက်လိုပေါ့။
💪 Performance
ကျနော်ကိုယ်တိုင်စမ်းကြည့်တာတော့ air-con အခန်းမှာ ဆယ်နာရီလောက် ခံတယ်။ ဘေးလူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင် မပြင်းဘူး။ မူလ Interlude လို အခန်းတစ်ခုလုံးကို လွှမ်းသွားတာမျိုးမဟုတ်ဘဲ ကိုယ့်တည်ရှိမှုကို ယုံကြည်မှုရှိရှိနဲ့ အသိပေးနိုင်တယ်။ Sillage ကအေးတဲ့နေရာ ဒါမှမဟုတ် air-con ခန်းထဲမှာဆို ပိုသိသာတယ်။
🌍 ရာသီဥတု & အချိန်အခါ
👍 အသင့်တော်ဆုံးက မိုးအေးတဲ့နေ့တွေ / ညနေခင်းတွေ / formal event တွေ / Date Night တွေ / တစ်ယောက်တည်း အတွေးနယ်ချဲ့ချင်တဲ့ညတွေ။
🚨 ရှောင်ဖို့က ပူပြင်းတဲ့ နွေရာသီနေ့တွေမှာ ရှောင်ပါ။ Resin အနံ့တွေက စေးကပ်ကပ်ဖြစ်သွားနိုင်တယ်။
🎁 ဒါက ဘယ်သူ့အတွက်လဲ?
Classy ဖြစ်တဲ့၊ individualism ကို တန်ဖိုးထားတဲ့ အမျိုးသားတွေအတွက်ပါ။ Low-key intellect နဲ့လူတွေရဲ့ အမှတ်ရခြင်းကို ခံချင်တဲ့သူတွေအတွက်ပေါ့။
💰 ဈေးနှုန်း & တန်ဖိုး
Niche ရေမွှေးဖြစ်တဲ့အတွက် ဈေးတော့ အရမ်းမသက်သာပါဘူး။ ဒါပေမဲ့ သူ့ရဲ့လက်ရာ၊ ပါဝင်ပစ္စည်းတွေနဲ့ ရနံ့ဆိုင်ရာ အနုပညာအတွက် ပေးရတာပါ။ မူလ version ထက် ပိုပြီးသုံးရလွယ်ကူတာက ဒီရေမွှေးကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ တန်စေပါတယ်။ မူလ Interlude Man က မိတ်ဆွေအတွက် အရမ်းပြင်းလွန်းခဲ့တယ်ဆိုရင် ဒါက နေ့စဉ်သုံးဖို့ ပိုအဆင်ပြေတဲ့ sensory masterpiece တစ်ခုပါပဲ။
Amouage ရေမွှေးတွေက packaging & presentation လည်း အရမ်း အဆင့်မြင့်ပြီး သပ်ရပ်ခန့်ငြားပါတယ်။ လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင် သေချာပေါက် မျက်နှာပန်းလှမယ့် ရေမွှေးမျိုးဖြစ်ပါတယ်။
Sealed original retail packaging
Made in Sultanate of Oman
Imported from Singapore
Official website -
https://www.yangonbrandedperfume.com/product-page/amouage-interlude-black-iris
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K990,000.00Price
bottom of page