Armaf Club de Nuit Intense Man Parfum (Pure Perfume) 150ml Mega Size - K 249,000 (In stock)
လူတွေကို လှည့်ကြည့်စေတဲ့ ရနံ့တွေရှိသလို စကားစပြောစေတဲ့ ရနံ့တွေလည်းရှိတယ်။ *Club de Nuit Intense Man Parfum* က ဒုတိယအမျိုးအစားတစ်ခုပါ။ Armaf က သူတို့ရဲ့ နာမည်ကြီး EDT ရဲ့ DNA ကို ယူပြီး ပိုချောမွေ့၊ ပိုပြည့်ဝ၊ ပိုနူးညံ့တဲ့ အတွေ့အကြုံမျိုးဖြစ်အောင် ပြန်ပြင်ဆင်လိုက်တယ်။ မူလ DNA ကို ထိန်းသိမ်းထားပေမယ့် အရည်အသွေးကိုတော့ မြှင့်တင်ထားတယ်။ ဒါကို clone တစ်ခုလို့ပြောရမှာကိုတောင် အားနာဖို့ကောင်းလောက်အောင် သူ့ကိုယ်ပိုင်လက္ခဏာနဲ့ ကောင်းတဲ့ရေမွှေး ဖြစ်နေပါပြီ။
🍋 Top Notes
// Lemon, Pineapple, Bergamot တွေရဲ့ လန်းဆန်းပြီး စူးရှတဲ့ citrus ရနံ့ နဲ့
// Blackcurrant & Apple တို့ရဲ့ fruity ဆန်ပြီး ချိုမြိန်တဲ့ အနှစ်သာရ တွေက opening မှာ အားကောင်းတုန်းပါပဲ၊ ဒါပေမယ့် Parfum ဗားရှင်းမှာတော့ ပိုသဘာဝကျပြီး ညင်သာတယ်။ Designer ရေမွှေးကောင်းကောင်းတစ်ခုမှာရနိုင်တဲ့ opening အတိုင်း ချောချောမွေ့မွေ့နဲ့ ဖွင့်ပါတယ်။
❤️ Heart Notes
// Birch & Jasmine တွေနဲ့အတူ ရဲ့ Signature ဖြစ်တဲ့ smokiness ပါတုန်းပါပဲ၊ ဒါပေမယ့် ပိုချောမွေ့နေပြီ။ မီးနူးညံ့ပြီး အဆင့်အတန်းရှိပြီး ဟန်ချက်ညီရုံလောက်ပါ။
အားကောင်းပေမယ့် ဆွတ်လို့ကောင်းတယ်၊ ယောကျ်ားဆန်ပေမယ့် သိမ်မွေ့တယ်။
🪵 Base Notes
// နက်ရှိုင်းပြီး ယောက်ျားဆန်တဲ့ အနှစ် အနံ့တွေ ဖြစ်တဲ့
Musk, Ambergris, Patchouli & Vanilla တွေရဲ့ ကြာရှည်ခံတဲ့ တွေပါပါတယ်။
// Ambroxan ကိုလဲ ကြာရှည်ခံဖို့နဲ့ နွေးထွေးတဲ့ ရနံ့တစ်ခုဖြစ်ဖို့ထည့်ထားပုံရပါတယ်။
ဒါကြောင့် Drydown မှာ သုံးထားတဲ့သူတွေကို သန့်ရှင်းပြီး သစ်သား-musk ရနံ့နွေးနွေးလေးနဲ့ အချိန်တော်တော်လေးကြာကြာ မွှေးနေစေပါတယ်။ Synthetic ဆန်တာမျိုး၊ ပြင်းရှတာမျိုး လုံးဝမရှိဘူး။
မူရင်း *CDNIM EDT* ကို သုံးဖူးရင် အနံ့လွှင့်အားကောင်းတဲ့ monster ဆိုတာ သိမှာပါ။ ရနံ့ပျံ့ပြီး အားကောင်းတယ်၊ ဒါပေမယ့် opening မှာ နည်းနည်းလေးစူးတယ်။ *Parfum* ဗားရှင်းကတော့ အဲဒီအဝင်ကြမ်းတာကို ပြင်ပေးထားတယ်ပြီး note တွေကြားအဆင့်ဆင့်ပြောင်းလဲမှုပိုကောင်းတဲ့အတွက် ပိုချောမွေ့တဲ့ ခံစားမှုရပါတယ်တယ်။
EDT သုံးနေကြသူတွေ သတိထားမိမှာက Parfum version မှာ
✅ Citrus က ပိုအရည်ရွှမ်းပြီး စူးရှမှုနည်းတယ်။
✅ Smokiness က ပိုပြီး အဆင့်အတန်းရှိတယ်။ Clone တွေတော်တော်များများမှာ တွေ့ရတတ်တဲ့ Burnt rubber အနံ့မျိုး မဟုတ်ဘူး။
✅ ကြာရှည်ခံမှုက အရင် version တွေလိုပဲ ကောင်းတယ်။ ပျံ့နှံ့မှုက ပိုညင်သာတယ်။
✅ Smoky woods နဲ့ fresh citrus တွေကြားမှာ နူးညံ့ပြီး အဆင့်အတန်းရှိတဲ့ note တစ်ခုက အစွန်းတွေကို ချောမွေ့စေတယ်။ ချိုမြိန်မှုမပါဘဲ အလှတရားကို ထည့်ပေးထားတယ်။ ဒါက ရနံ့ကို ပိုမိုအဆင့်အတန်းရှိပြီး bold နဲ့ masculine ဖြစ်အောင် ထိန်းပေးထားတယ်။
💵 *ဘာလို့ ဈေးသက်သာတာလဲ?*
Armaf က အရည်အသွေးကို လျှော့ချလို့ ဈေးသက်သာတာ မဟုတ်ဘဲ ဈေးကြီးတဲ့ ထုပ်ပိုးမှုတွေ၊ နာမည်ကြီးတွေနဲ့ ကြော်ငြာတာတွေ၊ ဆိုင်တွေမှာ အများကြီးဈေးတင်ရောင်းတာတွေကို ရှောင်လို့ ကုန်ကျစရိတ်နည်းတာပါ။ အဲဒါတွေအစား သူတို့က ရေမွှေးအရည်အသွေးကိုပဲ အာရုံစိုက်တယ်။ Ambroxan လိုမျိုး စွမ်းဆောင်ရည်မြင့်တဲ့ aroma chemical တွေကို မကြာခဏ သုံးတယ်။ ပုလင်းဒီဇိုင်းကို ရိုးရှင်းအောင်ထားတယ်၊ ဈေးနှုန်းသင့်တင့်တဲ့ ဖြန့်ချိရေးလမ်းကြောင်းတွေကနေ ဖြန့်တယ်။ ဒါကြောင့်သူ့ရဲ့ရေမွှေးတွေက ကောင်းပေမဲ့ တော်တော်လေး ဈေးချိုနေတာဖြစ်ပါတယ်။
ဒီရေမွှေးမှာ Ambroxan, synthetic musks နဲ့ Iso E Super စတာတွေက အနံ့ကိုပိုကြာကြာခံစေပြီး လူတွေကို ဆွဲဆောင်နိုင်တဲ့ skin-like diffusion ကိုဖြစ်စေပါတယ်။ လူတွေကြိုက်ပြီးသား tried and tested proven formula ကို အဆင့်မြှင့်ထားတဲ့ ဈေးနဲ့ယှဉ်ရင် အဆင့်အတန်းရှိတဲ့ နေရာအစုံမှာသုံးနိုင်တဲ့ရနံ့ ဖြစ်ပါတယ်။
မကောင်းတဲ့အချက်တွေကတော့ ဒါကအနံ့အရမ်းပျော့တဲ့ရေမွှေးမဟုတ်တဲ့အတွက် soft နဲ့ minimal scent ကြိုက်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ နောက်ပြီးရင်အရမ်းပူတဲ့နေရာတွေနဲ့ လူတွေနဲ့အရမ်းနီးနီးကပ်ကပ်အလုပ်လုပ်ရတဲ့သူတွေ ဆိုရင်တော့ တော်တော်လေး သုံးတဲ့ပမာဏကို ချိန်ပြီးသုံးသင့်ပါတယ်။
နောက်တစ်ချက် က သူက အရမ်းလူကြိုက်များတဲ့ scent profile (Aventus, Explorer, Supremacy Not Only Intense etc.) ရနံ့ဖြစ်ပါတယ်။ ဒါကြောင့်သိပ်ပြီးတော့ unique ဖြစ်မှာတော့မဟုတ်ပါဘူး။
တကယ်လို့ မိတ်ဆွေက မီးခိုးနံ့သင်းတဲ့ Pineapple ရဲ့ ခန့်ညားတဲ့ ရနံ့ပုံစံမျိုးကို သဘောကျနေသေးတယ်ဆိုရင်အရမ်းကောင်းတဲ့ရေမွှေးတစ်ခုကို နေရာစုံမှာသုံးဖို့အတွက်ဝယ်ချင်တယ် ဆိုရင်တော့ Parfum က သေချာပေါက် ပိုစမတ်ကျပြီး ပို sexy ကျတဲ့ upgrade တစ်ခုဖြစ်ပါလိမ့်မယ်။
https://www.yangonbrandedperfume.com/product-page/armaf-club-de-nuit-intense-man-parfum-pure-perfume-150ml-mega-size
Review -
https://youtube.com/shorts/FLy-ThoVXgI
https://youtu.be/50Iz4oGzkSE
Made in UAE
Sealed original retail packaging
Yangon Branded Customer Service Viber - 0943065356 မှ order တင်နိုင်ပါတယ်။
Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။
ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။
// Important notice to all customers - ငွေဈေး မညိမ်တဲ့ အတွက် ဈေးအပြောင်းအလဲ နေ့တိုင်း ရှိနိုင်ပါတယ်။ Payment ချက်ချင်း မပို့ဖြစ်ရင် ဈေးတွေပြန်မေးပေးပါနော် //
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K249,000.00Price
bottom of page