Armaf Club de Nuit Sillage Unisex Eau de Parfum 105ml - K 185,000 (In stock)
Armaf Club de Nuit Sillage Eau de Parfum က Floral Woody Musk ရနံ့အမျိုးအစား အမျိုးသားရော အမျိုးသမီးတွေပါသုံးနိုင်တဲ့ unisex ရနံ့ရေမွှေးဖြစ်ပါတယ်။
Club de Nuit Sillage ကို 100ml ကို $470 လောက်ရှိတဲ့ Creed Silver Mountain Water နဲ့ ရနံ့တော်တော်တူတဲ့အတွက် လူသုံးများတာဖြစ်ပြီး နှင်းဖုံးတောင်တန်းတွေပေါ်က ကြည်လင်တဲ့စမ်းချောင်းလေးရဲ့ရနံ့ကို idea ယူပြီးလုပ်ထားလို့ စွဲဆောင်မှုကောင်းတဲ့ လန်းဆန်းတက်ကြွတဲ့ရနံ့ဖြစ်ပါတယ်။
Eau de Parfum concentration ဖြစ်လို့ ရနံ့ကြာရှည်ခံပြီး Creed ထက် ဈေး ၁၀ ဆလောက်သက်သာတာမို့ Asia and Middle East မှာသာမက USA, Canada and Europe မှာပါ လူသုံးများတာကို Amazon review ပေါင်း 7,600 ကျော်ရှိတာကိုကြည့်ပြီး သိနိုင်ပါတယ်။
စစဖြန်းဖြန်းခြင်းမှာ မွှေးပျံ့တဲ့ citrus scent တွေဖြစ်တဲ့ bergamot၊ သံပုရာသီး၊ သံပုယိုနှင့် စပျစ်ညို ရနံ့တွေရပါတယ်။ ခရမ်းရောင် violet အရွက်ကထွက်တဲ့ စိမ်းလန်းတဲ့ ရနံ့အနည်းငယ် နဲ့ ဂျင်ဂျာရဲ့ တောက်ပတဲ့ spice ရနံ့တွေကလည်း opening notes တွေကို bright, zesty and refreshing ဖြစ်စေပါတယ်။
Citrus Notes တွေက တော်တော်သဘာဝကျလို့ အသက်ဝင်ပြီး တက်ကြွတဲ့ စွဲဆောင်မှုကို ဖန်တီးပေးပါတယ်။ Mid note တွေကတော့ fresh and dewy ဖြစ်တဲ့ နှင်းဆီရနံ့၊ clean and airy ဖြစ်တဲ့ စံပယ်နဲ့ smooth and velvety ဖြစ်တဲ့ အိုင်းရစ်ပန်းရနံ့ တွေ ဖြစ်လို့ perfume composition တစ်ခုလုံးကို မသိမသာ ချိုမွှေးအောင် ကျက်သရေရှိအောင် ဒီ mid note တွေနဲ့ ထိမ်းထားတာပါ။
Floral note တွေအားလုံးက well balanced မျှတ သဟဇာတဖြစ်ပြီ citrus တွေနဲ့ ခြားနားတဲ့ခံစားမှုအဆင့်ဆင့်ကို ဖန်တီးပေးပါတယ်။
ရနံ့ရဲ့base notes တွေက စွဲဆောင်မှုရှိတဲ့ ambroxan ရနံ့၊ soft and cozy ဖြစ်တဲ့ ကတိုး musk ရနံ့၊ dry and woody ဖြစ်တဲ့ sandalwood ရနံ့နဲ့ subtle and refined ဖြစ်စေတဲ့ cedar ရနံ့ တို့ ပေါင်းစပ်ထားတာဖြစ်ပြီး နွေးထွေးတဲ့၊ woody ဖြစ်တဲ့၊ musky ဖြစ်တဲ့ base ဖြစ်လို့ မွှေးရနံ့ကို ပိုပြီးနက်ရှိုင်းအောင် တာရှည်ခံအောင် ကူပေးထားတာဖြစ်ပါတယ်။
Well blended perfume မို့ mid note ပန်းရနံ့တွေကနေ base note ကိုဆက်သွားတဲ့ အကူးအပြောင်းက ချောမွေ့သောအသွင်ကူးပြောင်းမှုဖြစ်ပါတယ်။
Club de Nuit Sillage က လူအများစုအတွက် pleasant ဖြစ်တဲ့ရေမွှေးဖြစ်လို့ ရာသီမရွေး အမျိုးသားရော အမျိုးသမီးပါ သုံးနိုင်တဲ့ စွယ်စုံရ versatile ရနံ့တစ်ခုဖြစ်သည်။
ရနံ့ပြန့်လွင့်အားကို သုံးပြီးသူတွေတဲ့ Fragrantica vote ကိုကြည့်မယ်ဆိုရင် moderate လို့ 1319 ယောက်၊ strong ဖြစ်တယ်လို့ 1203 ယောက်နဲ့ enormous (very strong) လို့ 186 ယောက်က ပြောထားပါတယ်။ Club de Nuit Intense Men လိုမျိုးအရမ်းမပြင်းပဲ တော်တော်လေးကောင်းတဲ့ projection ကိုပေးနိုင်ပါတယ်။
ကြာရှည်ခံမှုကို longevity ပေးထားတာတွေက moderate သင့်တယ်လို့ 800 ယောက်၊ long lasting ဖြစ်တယ်လို့ 1688 ယောက်နဲ့ Eternal (very long lasting) လို့ 243 ယောက်က ပြောထားပါတယ်။ ဒါကြောင့် long lasting ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ဒီရေမွှေးက projection and performance တော်တော်ကောင်းတာမို့ ရေမွှေးရနံ့ပျော့တာကြိုက်တဲ့သူတွေနဲ့ ရနံ့အရမ်း sensitive ဖြစ်တဲ့သူတွေ နဲနဲ metallic note ဖြစ်တဲ့ ambroxan ရနံ့မကြိုက်သူတွေတော့ မသုံးသင့်ပါဘူး။
သူ့ရဲ့ performance က Silver Mountain Water နဲ့သူ့ရဲ့တခြား dupe တွေထက် သိသိသာသာပိုကောင်းပြီး ဘေးလူတွေဆီပါ ရနံ့ပြန့်အားကောင်းအောင် ရနံ့ကြာရှည်ခံအောင် ambroxan နဲ့ woody notes ပါတဲ့ accords များကိုသုံးထားတဲ့အတွက် ဆွတ်ပြီးပြီးခြင်း တစ်နာရီ နှစ်နာရီမှာတော့ ရနံ့မသိမသာလေးစူးသယောင်ရှိလို့ပါ။ သူ့ထက် ၁၀ ဆဈေးများတဲ့ Creed လောက်တော့ smooth မဖြစ်တာတော့အမှန်ပါ။
Club de Nuit Sillage က Creed Silver Mountain Water နဲ့ရနံ့တူပေမဲ့ တိုက်ရိုက်ကူးချထားတာမျိုး မဟုတ်ပါဘူး။ မူလ ဖော်မျူလာကို သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေ ထည့်ပေါင်းပြီး လူအများသုံးနိုင်တဲ့ ဈေးနဲ့ရနိုင်တဲ့ အရည်အသွေးမြင့် စွမ်းဆောင်ရှိပြီး ရနံ့ကလည်းကောင်းလို့ လက်ရှိစျေးကွက်မှာ ဈေးသက်သာပြီး ကြာရှည်ခံမယ့် ရေမွှေးအမျိုးအစားကို ရှာနေတဲ့ ရေမွှေးချစ်သူတွေအတွက် မရှိမဖြစ်ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/armaf-club-de-nuit-sillage-unisex-eau-de-parfum-105ml
Made in UAE
Sealed original retail packaging
Imported from Singapore ( Armaf ရဲ့ Singapore distributor ဖြစ်တဲ့ ကနေ Aurel Singapore ကိုယ်တိုင်ဝယ်လာတာ ဖြစ်ပါတယ်)
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K185,000.00Price
bottom of page
