top of page

Armaf Club de Nuit Untold Eau de Parfum Unisex 105ml - K 145,900 (In stock)

 

Armaf ရဲ့ရောင်းအားအကောင်းဆုံး ရေမွှေးတွေထဲမှာပါတဲ့ Untold ရဲ့ထူးခြားမှုက အရင်က CDNIM series ရေမွှေးတွေမှာရတတ်တဲ့ စသုံးသုံးခြင်းမှာရကြတဲ့ ရနံ့ခတ်ပြင်းပြင်းကြမ်းကြမ်းကို ဒီမှာလုံးဝမတွေ့ရတော့ပဲ အဝင်ချောမွေ့ပြီး တခြားနံမည်ကြီး designer ရေမွှေးတွေလိုပဲ smooth and well balanced opening ဖြစ်နေတာပဲဖြစ်ပါတယ်။

 

ကနဦးရမည့် အာရုံခံစားမှုက Mancera Instant Crush လို တော်တော်လေးချိုပြီး mid နှင့် base note တွေက BR540 ကို သေချာပေါက်အမှတ်ရစေမှာဖြစ်ပါတယ်။

 

BR540 နဲ့တူတဲ့ နောက်ရေမွှေးတစ်ခုဖြစ်တဲ့ Afnan Amber Oud Rouge နဲ့ Ariana Grande Cloud တွေရှိပြီးသားဆိုရင်တော့ Untold ကိုမဝယ်ရင်လဲ ရနိုင်ပါတယ်။ ဒါပေမဲ့ BR540/Amber Oud Rouge/Cloud ရနံ့ကိုကြိုက်တယ် တူတဲ့အနံ့ဝယ်ထားတာမရှိသေးဘူး ဆိုရင်ဖြစ်ဖြစ် ၊ BR540/Amber Oud Rouge/Cloud ကိုဝယ်ထားပြီး daily use အတွက်အကြမ်းများများသုံးချင်လို့ပဲဖြစ်ဖြစ် ၊ unisex ဆန်ဆန်ရနံ့ထဲမှာ ချိုချိုမွှေးမွှေးရနံ့ကိုကြိုက်တာပဲဖြစ်ဖြစ် Untold ကိုဝယ်သင့်ပါပြီ။

 

https://fimgs.net/mdimg/perfume/375x500.78476.jpg

Fragrance notes - Top notes are Saffron and Jasmine; middle notes are Amberwood and Ambergris; base notes are Fir Resin and Cedar.

 

Made in France

Batch we currently have in stock - 13741 (Expiry - Feb 2028)

Sealed original retail packaging

 

မြန်မာနဲ့ နိုင်ငံတကာ fragrance community မှာလည်းဒီရေမွှေးကိုဝိုင်းပြီးချီးကျူးထားတာကို သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ - ထွက်တာမကြာသေးပေမည့် အခုတောင် Fragrantica rating 4.3 out of 5 star ရပြီးနေပါပြီ။ တကယ်ကိုကောင်းလို့ ဖြစ်ပါတယ်။

 

Untold ကိုသုံးရင်သတိထားရမှာက နှာခေါင်းနဲ့နီးတဲ့နေရာတွေမှာဆွတ်ရင် ခဏလေးနဲ့သုံးသူကိုယ်တိုင်ရနံ့မရတော့တဲ့ nose blindness ဖြစ်သွားနိုင်လို့ပါ။ သူ့မှာပါတဲ့ ချိုတဲ့ “cotton candy” အနံ့ note တစ်ခုကြောင့်ဖြစ်ပါတယ်။ ဘေးလူတွေကတော့ (တချိန်လုံးသူတို့ နှာခေါင်းနားမှာရေမွှေးဖြန်းထားတာ မဟုတ်တော့) သင့်ဆီကရနံ့ဆက်ရနေမှာပါ။ နှာခေါင်းနဲ့ဝေးတဲ့ နေရာတွေပေါ်ဖြန်းပြီးသုံးရင်တော့ ဒီလို nose blind ဖြစ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် တစ်ချို့လူ ၁၀၀ မှာ ၁၀ ယောက်လောက်က ရဲ့ Untold အနံ့ ကို လုံးဝနီးပါးမရခဲ့သူတွေလဲ ရှိပါတယ်။ ပါတဲ့ ingredient composition တွေကြောင့် ဖြစ်ပါတယ်။

 

ဒီရေမွှေးက သုံးတဲ့သူကိုယ်တိုင် အနံ့ပြင်းပြင်းကြီးတစ်နေကုန်ရမှာမဟုတ်ပေမယ့် ဘေးလူတွေကိုသင့်ဆီက ချိုမွှေးတဲ့ရနံ့လေးကို အချိန်တော်တော်ကြာကြာ ခံစားရမယ့် ရေမွှေးအမျိုးအစားပါ။

 

အမျိုးသမီးရောအမျိုးသားတွေပါသုံးနိုင်တဲ့ unisex ဖြစ်ပါတယ်။ ဒါကြောင့် Sauvage တို့၊ Club de Nuit Intense တို့လိုတော့ အရမ်းအမျိုးသားနံ့ပြင်းပြင်းကြီး ရမှာမဟုတ်ပါဘူး။

 

ဈေးအနေနဲ့ကြည့်မယ်ဆိုရင် US and Canada မှာတောင်လက်ရှိ US$60 လောက်ရောင်းနေတာကို ရောင်းမလောက်ဖြစ်နေတဲ့အချိန်မှာ အာရှဒေသမှာ K 135,900 ပါတ်ဝန်းကျင်လောက်နဲ့ရနေတယ်ဆိုတာအလွန်တန်တဲ့ဈေး ဖြစ်ပါတယ်။

BR540 ရဲ့ က 70ml ဆိုဒ်ကိုတောင် သူတို့ဆီမှာတရားဝင်ရောင်းတာ $435 ပါ။ Untold ဈေးကသူ့အစွန်းထွက်လောက်ပဲရှိပေမည့် quality ကတော့ 95%-97% လောက်မှီတယ်လို့ reviewer တွေပြောထားတာကို Fragrantica မှာရှာဖတ်ကြည့်လို့ရပါတယ်။ ငွေကို unlimited သုံးနိုင်ရင် BR540 ကိုဝယ်တာပိုကောင်းမှာ ဖြစ်ပေမယ့် Untold က value for money choice ဆိုတာ သိသာပါတယ်။ Cloud / Amber Oud Rouge တွေထက်လဲဒီရေမွှေးက ပိုသိသိသာသာစျေးချိုပါတယ်။

 

ရန်ကုန်က regular customer တွေဒီရေမွှေးကို အိမ်မှာ လာဝယ်ရင် (တစ်ခြား tester တွေမရှိပေမဲ့) ဒီတစ်မျိုးကိုတော့ စမ်းလို့ရအောင် ထာဝးပေးထားပါတယ်။

https://www.yangonbrandedperfume.com/product-page/armaf-club-de-nuit-untold-edp-105ml-unisex

 

Review video - https://www.youtube.com/watch?v=r6b2LGxIIlI

 

Customer Service Viber ကနေ မှာနိုင်ပါတယ် - 0943065356

Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။

ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။

Armaf Club de Nuit Untold EDP 105ml (Unisex)

K145,900.00Price
    bottom of page