top of page

Armaf Le Femme Eau de Parfum for Women (In stock)

# 10ml decant (glass sprayer) - K 17,000

# 10ml decant (aluminium sprayer) - K 19,000

# 30ml decant (glass sprayer) - K 45,000

Fun ဖြစ်တဲ့ သကြားလုံးလေးလို ချိုတဲ့ Fruity-Floral ရနံ့ အမျိုးသမီးသုံး ရေမွှေးလေးတစ်ခုပါ။

📝 Fragrance Profile

Top notes - ဆီးသီး (plum)၊ လိမ္မော်သီး၊ gardenia ပန်း၊ ဘာဂါမော့

Heart notes - စံပယ်ပန်း၊ နှင်းဆီပန်း၊ lily-of-the-valley ပန်း၊ saffron

Base notes - ဗနီလာ၊ ပက်ချူလီ (patchouli)၊ white musk၊ သစ်သားရနံ့

🎯 ရနံ့က ဘယ်လိုမျိုးလဲ?

ပထမဆုံး စဖြန်းလိုက်တဲ့အချိန်မှာ သစ်သီးစုံဖျော်ရည်လို ချိုလွင်တဲ့ရနံ့မျိုးကို ရမှာပါ။ သဘာဝသစ်သီးရနံ့စစ်စစ်ထက် သကြားလုံး (candy) အနံဘက်ကိုပိုရောက်ပါတယ်။

ပန်းရနံ့နဲ့ spice ရနံ့တွေက သူ့ရဲ့ရနံ့ကို ပိုပြီး နက်ရှိုင်းစေပေမယ့် အချိုရနံ့က အမြဲ dominant ဖြစ်ပြီး

Drydown stage မှာတော့ ဗနီလာနဲ့ musk တို့ရဲ့ နွေးထွေးတဲ့ရနံ့နဲ့အတူ ပက်ချူလီရဲ့ မြေကြီးရနံ့သင်းသင်းလေး ကျန်နေခဲ့မှာပါ။

💡 ဘယ်အချိန်/ဘယ်နေရာတွေမှာ သုံးဖို့အကောင်းဆုံးလဲ?

နေ့ခင်းဘက်တွေမှာ အလိုက်ဖက်ဆုံးပါပဲ။ လန်းဆန်းတယ်၊ ချိုမြိန်တယ်၊ နုပျိုတဲ့ ခံစားမှုကို ပေးနိုင်လို့ပါ။

သူ့ရဲ့ နွေးထွေးတဲ့ ဗနီလာနဲ့ သစ်သားရနံ့ base ကြောင့် အေးတဲ့ရာသီဥတုတွေမှာလည်း သုံးလို့အဆင်ပြေပါတယ်။

ပေါ့ပေါ့ပါးပါး date လုပ်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ brunch သွားစားတဲ့အခါ (သို့) ကိုယ့်ကိုယ်ကိုယ် သကြားလုံးလေးလို ချစ်စရာကောင်းတဲ့ ခံစားချက်မျိုးရချင်တဲ့ ဘယ်အချိန်မဆို သုံးနိုင်ပါတယ်။

💭 ဈေးနှုန်းသင့်တင့်ပြီး ငယ်ငယ်က သကြားလုံးစားတဲ့အချိန်တွေကို ပြန်သတိရစေမယ့် ချိုမြိန်ပြီး လူတိုင်းအလွယ်တကူ ကြိုက်နိုင်တဲ့ ရနံ့မျိုးပါ။ ဒါပေမယ့် အရမ်းကို ဆန်းပြားပြီး layered experience ရနံ့အဆင့်ဆင့်ပြောင်းလဲဖို့ကိုတော့ မျှော်လင့်လို့မရပါဘူး။ တချို့အတွက်တော့ ရနံ့က linear ဖြစ်နေတယ်လို့ ခံစားရနိုင်ပါတယ်။

ရေမွှေးချစ်သူတွေရဲ့ ဘာသာစကားနဲ့ ပြောရရင်တော့ ဒါက statement piece တစ်ခုအနေနဲ့မဟုတ်ဘဲ ပျော်စရာကောင်းပြီး ခံစားချက်ကောင်းတွေပေးနိုင်တဲ့ fun & carefree ရေမွှေးအမျိုးအစားပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/armaf-le-femme

Armaf Le Femme Eau de Parfum for Women 10ml / 30ml Decant

K17,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page