top of page

🙋‍♂️ Dior Sauvage လို DNA မျိုးကို ကြိုက်ပေမယ့် Budget လေး ချွေတာချင်နေသူတွေ ရှိလား -

💎 Armaf The Pride Eau de Parfum for Men

# 10ml decant (glass sprayer) - K 27,000

# 10ml decant (aluminium sprayer) - K 30,000

# 10ml decant (premium glass sprayer) - K 30,000

📉 အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန် ပိုက်ဆံအများကြီး အကုန်မခံချင်ပေမယ့် လူကြားထဲရောက်ရင် "Wow" ဖြစ်သွားစေမယ့် Luxury ရနံ့မျိုး လိုချင်တဲ့ အမျိုးသားတွေအတွက် Armaf The Pride က အကောင်းဆုံး အဖြေတစ်ခုပါပဲ။

🍋🍏 ဒီရေမွှေးကို စဖြန်းလိုက်တာနဲ့ လတ်ဆတ်တဲ့ သံပုရာသီးနဲ့ ပန်းသီးနံ့ ခပ်သင်းသင်းလေးက စိတ်ကို ချက်ချင်း လန်းဆန်းသွားစေပါတယ်။ ခဏနေရင်တော့ ပိုပြီး တည်ငြိမ်တဲ့ သစ်သားနံ့နဲ့ Spices အနံ့ ခပ်နွေးနွေးလေးဘက်ကို ကူးသွားပါတယ်။ အနံ့က ပြင်းရှရှကြီး မဟုတ်ဘဲ တကယ့်ကို သန့်ပြန့်တဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ ရနံ့မျိုးကို ပေးပါတယ်။

👔 ဒီရေမွှေးရဲ့ Vibe က တကယ်ကို Elegant ဖြစ်ပြီး Safe ဖြစ်တဲ့ ရေမွှေးမျိုးပါ။ လူတိုင်း ကြိုက်နိုင်တဲ့ "Blue Fragrance" DNA မျိုး ရှိတာကြောင့် ဘယ်နေရာသွားသွား စိတ်ချလက်ချ ဆွတ်သွားလို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ ပုံစံမျိုးကို ပေါ်လွင်စေပါတယ်။

☀️ အခုလို ပူအိုက်တဲ့ ရာသီဥတုနဲ့ဆိုရင် နေ့ဘက် ရုံးသွားတဲ့အခါ၊ အပြင်သွားတဲ့အခါတွေမှာ ဆွတ်ဖို့ အသင့်တော်ဆုံးပါပဲ။

🌙 ညဘက် သူငယ်ချင်းတွေနဲ့ ညစာထွက်စားတာမျိုး၊ Date သွားတာမျိုးတွေမှာလည်း ယုံကြည်မှုရှိရှိ ဆွတ်သွားလို့ ရပါတယ်။

❄️ အဲကွန်းခန်းထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်ဆိုရင်တော့ တစ်နေကုန် အဆင်ပြေပါတယ်။

🎯 ဘယ်သူတွေ ဝယ်သင့်လဲ -

ရေမွှေးတစ်ပုဒ်တည်းနဲ့ နေရာစုံ သုံးချင်သူတွေ။

ပထမဆုံး ရေမွှေးစဝယ်မယ့်သူတွေအတွက် ဒါဟာ "Safe Buy" ဖြစ်ပါတယ်။

အနံ့အရမ်းပြင်းတာ၊ အရမ်း ထူးထူးခြားခြား Niche Style မျိုးကိုမှ ကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်း ရိုးနေနိုင်ပါတယ်။

💯 Armaf The Pride က ပေးရတဲ့ဈေးထက် ပိုတန်တဲ့ အရည်အသွေးကို ပေးပါတယ်။ အခုလို စီးပွားရေးအခြေအနေမျိုးမှာ ရေမွှေးအများကြီး ဝယ်မစုချင်ဘူး၊ အကောင်းဆုံး decant လေးဝယ်ပြီး လူကြားထဲ တင့်တယ်ချင်တယ်ဆိုရင်တော့ ဒါကို ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။

10ml Decant တွေပဲ ရပါမယ်။

Official website -

https://www.yangonbrandedperfume.com/product-page/armaf-the-pride

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Armaf The Pride Eau de Parfum for Men 10ml Decant

K27,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page