top of page

Armani Code Elixir for Men 50ml - K 499,000 (In stock)

Code ဆိုတာနဲ့ အရင်က လူတိုင်းရင်းနှီးပြီးသား သန့်ပြန့်မွှေးပျံ့ တဲ့ ပုံစံမျိုးကို ပြေးမြင်မိကြမှာပဲ။ ဒါပေမဲ့ ဒီ Elixir ကတော့ အဲ့ဒီလို ရိုးရိုးရှင်းရှင်း မဟုတ်ဘူးဗျ။ သူက ပိုနက်ရှိုင်းတယ်၊ ပိုရင့်ကျက်ပြီး နည်းနည်း bad boy vibe ဘက်ကို သွားထားတယ်။

🌿 ပထမဆုံး စွတ်လိုက်တဲ့အချိန်မှာ Green Mandarin အနံ့က ဖြတ်ခနဲ ထွက်လာတယ်။ ဒါပေမဲ့ ရှမ်းပြည်က လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ လိမ္မော်သီးလို ချိုလွန်းတာမျိုး မဟုတ်ဘူး။ အခွံကို လက်သည်းနဲ့ ဆိတ်လိုက်ရင် ထွက်လာတဲ့ စူးရှရှ၊ စိမ်းသက်သက် အနံ့မျိုး။ ဒီအနံ့က ကြာကြာမခံဘူး၊ တောက်ခနဲလင်းပြီး ပျောက်သွားမယ်။

🌿 အဲ့ဒီအချိန်မှာ တကယ့် ဒီရေမွှေးရဲ့ အသက် Leather အနံ့ နဲ့ Liquor အနံ့ ပေါ်လာမယ်။ သာမန် သားရေအနံ့လို မဟုတ်ဘဲ၊ ကားအသစ်စက်စက် တစ်စီးထဲကို ဝင်ထိုင်လိုက်တဲ့အချိန် ရတဲ့ သားရေနံ့မျိုး ဒါမှမဟုတ် အဖိုးတန် သားရေပိုက်ဆံအိတ်ကို ဖွင့်လိုက်တဲ့အခါ ရတဲ့ ခပ်သင်းသင်းအနံ့မျိုး။ ပြီးတော့ အဲ့ဒီအပေါ်မှာ ဝီစကီ ဒါမှမဟုတ် ကော့တေး တစ်ခွက်ရဲ့ ပူနွေးပြီး မူးယစ်ချင်စရာကောင်းတဲ့ အနံ့က ထပ်အုပ်ထားတယ်။

 

🌿 အချိန်နည်းနည်းကြာသွားရင်တော့ Tonka Bean အနံ့က နေရာယူလာတယ်။ ဒီအနံ့က မြန်မာတွေနဲ့ မစိမ်းဘူး။ နွေးထွေးပြီး စွဲမက်စရာကောင်းတဲ့ အချိုဓာတ်လေး။ ဒါပေမဲ့ သကြားလုံးလို ချိုတာမျိုး မဟုတ်ဘဲ၊ မီးဖုတ်ထားတဲ့ nut လို အနံ့မျိုးမို့လို့ လူကြီးဆန်တယ်။

🌿 ဒီကောင်က heavy ဖြစ်တယ်။ အေးစိမ့်စိမ့် ညနေခင်းတွေ မနက်ခင်းတွေအတွက် အကောင်းဆုံးပဲ။ နောက်ပြီး အဲကွန်း အေးစက်နေတဲ့ ရုံးခန်းထဲမှာ ဒါမှမဟုတ် ညဘက် dinner သွားစားတဲ့အခါမျိုးမှာဆိုရင်တော့ ဒီရေမွှေးက bro ကို Class ရှိတဲ့ လူတစ်ယောက်အဖြစ် ပုံဖော်ပေးလိမ့်မယ်။

🌿 Elixir ဆိုတဲ့အတိုင်းပဲ အနံ့က တော်တော်လေး စွဲတယ်။ အဝတ်အစားပေါ်မှာဆိုရင် နောက်တစ်နေ့ မနက်ထိတောင် အနံ့က သင်းသင်းလေး ကျန်နေဦးမှာ။ Projection ကလည်း မဆိုးဘူး၊ အခန်းထဲ ဝင်သွားရင် "ဟော... သူရောက်လာပြီ" ဆိုတာ လူတွေ သတိထားမိစေမယ့် အနေအထားမျိုး။

🌿 ဘယ်သူတွေ သုံးသင့်လဲ

// ရုံးသမားတွေ ~ အရေးကြီးတဲ့ အစည်းအဝေးရှိတဲ့နေ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိချင်တဲ့နေ့တွေမှာ သုံးပါ။

// လူငယ်တွေ ~ ပေါ့ပေါ့ပါးပါး လျှောက်သွားဖို့ထက်၊ ကောင်မလေးနဲ့ ဒိတ် လုပ်တဲ့အခါ ဒါမှမဟုတ် night out သွားတဲ့အခါမျိုးအတွက် ပိုလိုက်ဖက်တယ်။

// ပုလင်းဆိုဒ် အနေတော်ကြောင့် ဟိုသွားဒီသွား သယ်သွားချင်သူတွေ၊ office use အတွက် အဆင်သင့်ဆောင်ထားချင်သူတွေအတွက် အဆင်ပြေတယ်။

// တည်ငြိမ်ချင်တယ်၊ နည်းနည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံပေါက်ချင်တယ်ဆိုရင်။

​ဒီတစ်ခါ Armani က အနံ့တင်မကဘဲ ပုလင်းဒီဇိုင်းကိုပါ အပြောင်းအလဲလုပ်ထားတယ်။ အထူးသဖြင့် 50ml ပုလင်းဆိုဒ်လေးက သုံးရတာ တော်တော်အဆင်ပြေတယ်။ ​အရင်လို ပုလင်းအရှည်ကြီး မဟုတ်တော့ဘဲ လုံးဝန်းတဲ့ rounded square shape bottle ပြောင်းထားတော့ ဘေးလွယ်အိတ် အသေးလေးတွေထဲ ထည့်သယ်သွားဖို့ ကွက်တိပဲ။

ခရီးသွားရင်ပဲဖြစ်ဖြစ်၊ gym ဆော့ပြီး ပြန်ထွက်လာရင်ပဲဖြစ်ဖြစ် အိတ်ထဲမှာ နေရာမယူဘဲ ပါသွားမယ့် ‘အိတ်ဆောင် စတိုင်’ လေးမို့လို့ ဒါက သူ့ရဲ့ အားသာချက်တစ်ခုလို့ ပြောလို့ရတယ်။

​ရနိုင်တဲ့ ပုံမှန်ရေမွှေးအမျိုးအစားတွေထဲမှာမှ Elixir version က ဘာကြောင့် ထူးခြားတာလဲဆိုရင် ရေမွှေးဆီပါဝင်မှု အချိုးအစားဟာ Parfum ဒါမှမဟုတ် Eau de Parfum (EDP) တွေထက်တောင် ပိုမြင့်လို့ဖြစ်ပါတယ်။ Elixir ဟာ ရေမွှေးတစ်ပုလင်းရဲ့ performance ကို အစွမ်းကုန် (peak performance) ရောက်အောင် ဖန်တီးထားတဲ့ premium version ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် Armani Code Elixir ဟာ ပေါ့ပါးလန်းဆန်းတဲ့ ရေမွှေးမဟုတ်ပါဘူး။ သူက မှောင်မိုက်တယ်၊ ဆွဲဆောင်မှုပြင်းတယ်၊ aura of mystery ရှိတယ်။ အိတ်ထဲထည့်ပြီး ဆောင်ထားရင် လိုအပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေမယ့် အဖော်ကောင်း တစ်ခုပါပဲ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/armani-code-elixir

Armani Code Elixir for Men 50ml

MMK 499,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page