Giorgio Armani Acqua di Gioia Intense Eau de Parfum for Women 100ml - K 429,000 (In stock)
ဒါလေးက နဂိုနာမည်ကြီးတဲ့ အစိမ်းရောင်ပုလင်း Acqua di Gioia (Original) ရဲ့ Intense version အသစ်လေးပါ။ ဒါပေမယ့် Original လောက် Aquatic နဲ့ Mint နံ့ သိပ်မထွက်တော့ဘဲ၊ ပိုပြီး မိန်းကလေးဆန်တဲ့ သစ်သီးနဲ့ ပန်းအနံ့ (Floral Fruity) ဘက်ကို ပိုသွားထားတယ်။ အီတလီက ပင်လယ်ကမ်းခြေတစ်ခုမှာ နွေရာသီ အပန်းဖြေခရီးထွက်နေရသလို ခံစားချက်မျိုးပေးတဲ့ ရေမွှေးလေးပါ။
🌿 စဖြန်းလိုက်တာနဲ့ လူကို ချက်ချင်း လန်းဆန်းသွားစေမယ့် Citrus (ရှောက်/သံပုရာ အချဉ်နံ့ သင်းသင်းလေး) နဲ့ Red fruits (ဘယ်ရီသီးလို အနီရောင်သစ်သီး) အနံ့လေးတွေ အရင်ဆုံးရတယ်။ အရမ်း Fresh ဖြစ်ပြီး နည်းနည်းလေး ချိုချဉ်ချဉ်လေးနဲ့ စိတ်ကြည်သွားစေတယ်။
🌿 အဖွင့်အနံ့လေး နည်းနည်းငြိမ်သွားရင်တော့ နှင်းဆီပန်း (Damask Rose) နဲ့ စံပယ်ပန်း (Jasmine) အနံ့လေးတွေ ထွက်လာတယ်။ Original ထက်စာရင် ပန်းအနံ့ပိုကဲပြီး ပိုချိုပါတယ်။ ဒါပေမယ့် ခေါင်းကိုက်လောက်တဲ့ အချိုမျိုးမဟုတ်ဘဲ သန့်သန့်လေးနဲ့ ချိုတာမျိုးပါ။
🌿 နောက်ဆုံး ကျန်ခဲ့တဲ့အနံ့ကတော့ Musk (ကတိုး) နဲ့ သစ်သား (Cedarwood) အနံ့လေးတွေဖြစ်သွားလို့ အရမ်းကို နွေးထွေးပြီး Luxury ဆန်တဲ့အနံ့လေး အဖြစ် ပြောင်းသွားတယ်။
✅ ဘယ်လိုလူတွေနဲ့ ကိုက်လဲ? / ဘယ်အချိန်သုံးသင့်လဲ?
🌿 သူက နေ့လယ်ဘက်တွေနဲ့ နွေရာသီ (Summer) အတွက်တော့ ကွက်တိပဲ။ ရာသီဥတုပူတဲ့အချိန်၊ ချွေးထွက်တဲ့အချိန် သုံးရင်တောင် လုံးဝ ခေါင်းမကိုက်ဘူး။ Fresh & Clean ဖြစ်တဲ့အပြင် မိန်းကလေးဆန်ဆန် ပန်းအနံ့လေးပါ ပါတော့ ရုံးသွား၊ ကျောင်းသွား နေ့စဉ်သုံး (Daily wear) အနေနဲ့ သုံးလို့ အရမ်းအဆင်ပြေပါတယ်။ Intense version ဖြစ်တဲ့အတွက် နဂို Original ထက် ပိုပြီး အနံ့စွဲအား (Longevity) ကောင်းတယ်။
🌿 Acqua di Gioia ကို ကြိုက်ပေမယ့် အဲဒီအနံ့က Fresh အရမ်းဖြစ်လွန်းနေလို့ နည်းနည်းလေးပိုချို၊ ပိုပြီး မိန်းကလေးဆန်ချင်တယ်။ သစ်သီးနဲ့ ပန်းအနံ့လေးတွေ ပေါင်းထားပြီး Fresh ဖြစ်တဲ့ ရေမွှေးမျိုး ရှာနေတယ်ဆိုရင် ဒီ Acqua di Gioia Intense လေးကို Blind buy ဝယ်ရင်တောင် နောင်တမရလောက်ဘူးလို့ Recommend ပေးချင်ပါတယ်။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/armani-gioia-intense
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K429,000.00Price
bottom of page
