top of page

🔥 GIORGIO ARMANI MY WAY EDP — အမိမိုက်ဆုံး မိန်းကလေးဆန်တဲ့ ဆွဲဆောင်မှုအပြည့်! 🔥

Classy ဖြစ်၊ Sexy ကျပြီး Elegant ဖြစ်တဲ့ ရေမွှေး 90ml ပုလင်းလေး ... ဒီမှာရှိပြီနော်။

"Clean Girl" Vibe လေးကိုမှ ဆွဲဆောင်မှုတစ်ချက်လောက် ပါချင်တယ်ဆိုရင် My Way က အသင့်တော်ဆုံးပါပဲ။ ဒါက Club တက်ရင်သုံးတဲ့ အနံ့ပြင်းပြင်းကြီးတွေ မဟုတ်ဘူးနော်။ "ခုမှရေချိုးပြီး glow နေတယ်၊ ငါ့ကိုယ်ပေါ်ကအနံ့က smell expensive ပဲ" ဆိုတဲ့ energy မျိုး။ လုံးဝရှယ်ပဲ။

🧼 Scent Profile

Opening မှာ BOOM! ဆိုပြီးဝင်လာတာက Bergamot နဲ့ Orange Blossom အနံ့။ Classy ဖြစ်တဲ့ Citrus အနံ့ကို white Floral အဖြူရောင်ပန်းနံ့တွေနဲ့ ပေါက်ကွဲထွက်နေသလိုမျိုး။ တော်တော်လေး fresh ဖြစ်ပြီး clean soap scent လို သန့်စင်သွားတယ်။ Luxury ကျတဲ့ပုံစံမျိုးနဲ့ပေါ့။ သူ့ signature နဲ့သူပေါ့နော်။

Mid note အဓိကက tuberose ပဲ။ အဘွားတွေသုံးတဲ့ ပန်းနံ့လို အသက်ကြီးတဲ့ဘက်မရောက်ဘဲ modern ဖြစ်တယ်၊ juicy ဖြစ်တယ်၊ ချိုတိုတို White Floral Vibe လေး။ ပြီးတော့ Jasmine (စံပယ်ပန်း) နဲ့တွဲထားတော့ creamy ဖြစ်ပြီး နူးညံ့တဲ့ ဆွဲဆောင်မှုမျိုးဖြစ်သွားတယ်။ မကြိုးစားဘဲနဲ့ လူတိုင်းငေးကြည့်ရတဲ့ ကောင်မလေးလိုမျိုးပေါ့။

Dry down ကတော့ Vanilla နဲ့ Cedarwood ။ Smooth ဖြစ်ပြီး Sexy ကျတယ်။ Date Night အတွက်ရော၊ ရုံးသွား၊ day out အတွက်ပါရှယ်ပဲ။ အနံ့က အရမ်းပြင်းပြင်းကြီးမဟုတ်ပေမဲ့ ပျော့လည်းမပျော့ဘူး။ "ငါက ပေါ်တင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်" ဆိုတဲ့ aura မျိုး ပေးတယ်။

🧠 Vibe Check

Dior J'adore, YSL Libre နဲ့ Lancôme Idôle ကြိုက်ရင် ဒါက ကိုယ့်လမ်းကြောပဲ။ သန့်ရှင်းသပ်ရပ်ပေမဲ့ ကျော့ရှင်းတာ၊ မိန်းကလေးဆန်ပေမဲ့ ခေတ်မီတာမျိုး ကြိုက်ရင် ဒါက ကိုယ့်အတွက် ရေမွှေးပဲ။

အလုပ်သွား၊ မင်္ဂလာဆောင်၊ brunch ထိုင်၊ first date ... ဘယ်နေရာသွားသွား သုံးလို့ရတယ်။ Super versatile ဖြစ်တယ်။ တစ်ပုလင်းနဲ့ အားလုံးအဆင်ပြေတယ်။

My Way EDP က တကယ့်ကို မိန်းကလေးဆန်တယ်၊ စိတ်ကိုလန်းဆန်းစေတယ်၊ romantic ဖြစ်တယ်။ အရမ်းကြီးကြိုးစားစရာမလိုဘဲ အခန်းထဲဝင်လာတာနဲ့ လူအားလုံးရဲ့အာရုံကို ဖမ်းစားနိုင်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်မျိုးပေးတယ်။

Rating 🥇

8.5/10 — သန့်တယ်၊ sexy ကျတယ်၊ classy ဖြစ်တယ် / compliment လာမယ်ဆိုတာ GUARANTEED ပဲ

❣️ ဘယ်သူတွေဝယ်သင့်လဲ

✅ Classy ဖြစ်တဲ့ နေ့တိုင်းသုံး ပန်းနံ့ရေမွှေးလိုချင်ရင်

✅ ယောကျာ်းလေးရော၊ မိန်းကလေးဆီကပါ compliment လိုချင်ရင်

✅ ကိုယ့်ရဲ့ signature ဖြစ်စေမယ့် ရေမွှေးတွေ စုနေတယ်ဆိုရင်

White floral အနံ့မကြိုက်ရင်တော့ မအိုကေပါ။ ကျန်တဲ့သူတွေအတွက်တော့ ... ဒါက must have item ပါပဲ။

Armani My Way Eau de Parfum for Women 90ml - K 489,000 (In stock)

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/armani-my-way

Armani My Way Eau de Parfum for Women 90ml

K489,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page