top of page

Armani Prive Cypres Pantelleria Eau de Parfum Unisex Perfume 100ml - K 690,000 (In stock)

 

ပြင်သစ်ဘာသာနဲ့ Armani Prive Les Eaux လို့ခေါ်တဲ့ Armani private line ထဲက တစ်မျိုးဖြစ်တဲ့ အမျိုးသမီးရော အမျိုးသားများပါသုံးနိုင်တဲ့ Armani Prive Cypres Pantelleria unisex eau de parfum ကို ready in stock ဝယ်နိုင်ပါပြီ။

Cyprès ဆိုတာ ထင်းရူးပင် (cypress) ကိုပြောတာဖြစ်ပြီး Pantelleria ကအီတလီနိုင်ငံ စစ်စလီကျွန်းနားက မြေထဲပင်လယ်ထဲက ကျွန်းလေးဖြစ်ပါတယ်။ Top note တွေအားလုံးက fresh ဖြစ်တဲ့ Citron, Bergamot, Neroli နဲ့ Mandarin Orange တွေဖြစ်ပြီး Middle note တွေအနေနဲ့ Cypress, Water Notes နဲ့ Clary Sage တို့ပါပါတယ်။ Base notes တွေကတော့ Oakmoss, Vetiver, Amberwood နဲ့ Patchouli တွေဖြစ်ပါတယ်။

 

G&B Pacific Rock Moss လိုမျိုး ပူတဲ့ နိုင်ငံတွေမှာသုံးဖို့ fresh ဖြစ်တဲ့ရနံ့ဖြစ်ပြီး cypress နဲ့ citrus notes တွေကိုအသားပေးထားတဲ့ တခြား fresh scent တွေနဲ့မတူတဲ့ airy effervescent fresh scent ဖြစ်ပါတယ်။ ရေမွှေးခုမှစသုံးတဲ့သူတွေထက် ရေမွှေးတွေတော်တော်များများသုံးပြီးသူတွေ developed nose ရှိသူတွေအတွက် recommend ပေးပါတယ်။

 

ဒီရေမွှေးဖန်တီးသူ ဝါရင့်ပညာရှင် Alberto Morillas က Versace Bright Crystal, Marc Jacobs Daisy, Lancome Miracle, Gucci Guilty, Gucci Bloom, Armani Acqua Di Gio, Gio Profumo, Estée Lauder Pleasures, 212 Sexy, CK One အပါအဝင် လူသိများ လူကြိုက်များတဲ့ ရေမွှေးရာပေါင်းများစွာကို ဖန်တီးပေးခဲ့သူဖြစ်လို့ ဒီရေမွေးကို ဝယ်ချင်တယ်ဆိုရင် သူ့ရဲ့တခြားလက်ရာတွေကိုကြည့်လိုက်တာနဲ့ အဝယ်မှားမှာမဟုတ်ဘူးဆိုလားသေချာပါတယ်။

 

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/armani-prive-cypres-pantelleria-edp-unisex-perfume-100ml

 

Video Review - https://www.youtube.com/live/LmTC-nPN8CE

Armani Prive Cypres Pantelleria EDP Unisex Perfume 100ml

K690,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page