top of page

Giorgio Armani Si Passione EDP 100ml Recharge (Refill) Bottle 100ml - K 299,000 (In stock)

Giorgio Armani ရဲ့ လူကြိုက် အရမ်းများခဲ့မိန်းကလေး ရေမွှေးတစ်ခုဖြစ်တဲ့ Si Passione EDP ကိုပုံမှန်သုံးနေသူတွေအတွက် ဈေးတစ်ဝက်လောက် သက်သာတဲ့ Recharge (Refill) Bottle ရပါပြီ။

မိန်းကလေးဆန်ပြီး ယုံကြည်ချက်ရှိတဲ့ အနံ့မျိုး ရှာနေရင် Perfume Lover တွေကြားမှာ သူ့ရဲ့ အနီရောင် ပုလင်းဒီဇိုင်းအတိုင်း Red Dress လှလှလေး ဝတ်ထားတဲ့ Hot & Confident Girl vibe မျိုး ပေးတဲ့ Giorgio Armani ရဲ့ Sì Passione က အကောင်းဆုံး ရွေးစရာ တစ်ခုပါပဲ။

စဖြန်းလိုက်တာနဲ့ သစ်သီးချိုမွှေးနံ့ (Pear နဲ့ Black Currant) လေးကို Pink Pepper ရဲ့ ခပ်ဆန်းဆန်း spic နံ့လေးက ထိန်းပေးထားပါတယ်။ ခဏကြာလို့ Dry down ဖြစ်သွားရင်တော့ Rose ပန်းနံ့နဲ့ Vanilla ရဲ့ ယဉ်ယဉ်လေး ချိုမွှေးတဲ့ ရနံ့ကို ရမှာဖြစ်ပါတယ်။

မူလ Original Sì EDP ထက်စာရင် အနံ့က ပိုပြီး Clean & Fresh ဖြစ်တာကြောင့် အနံ့မစမ်းဘဲ ဝယ်ယူသူ (Blind Buy) တွေအတွက် ပို စိတ်ချရပါတယ်။ အနံ့က စူးစူးဝါးဝါး မဟုတ်ဘဲ နူးညံ့ယဉ်ကျေးတဲ့ soft performance ရှိတာကြောင့် ရုံး၊ ကျောင်း၊ Gym နဲ့ Date Night တွေမှာ ဘေးလူကို မနှောင့်ယှက်ဘဲ ယောက်ျားလေးတွေဆီကအပြင် မိန်းကလေးအချင်းချင်းဆီကပါ compliment ရလွယ်တဲ့ ရနံ့မျိုး ဖြစ်ပါတယ်။

အခုလို စိုစွတ်အေးမြတဲ့ မိုးရာသီနဲ့ အရမ်းလိုက်ဖက်ပါတယ်။ အလွန် ချိုပြင်းတဲ့ Perfume တွေလို ရာသီဥတု အပြောင်းအလဲမှာ ခေါင်းမမူးစေဘဲ နေ့စဉ်သုံးဖို့ အရမ်းအဆင်ပြေပါတယ်။

အခုလို ရေမွှေးဈေးတွေ မြင့်တက်နေတဲ့ အချိန်မှာ အနံ့တစ်မျိုးတည်းကို အခါခါ သုံးလို့ရတဲ့ all-rounder designer perfume မျိုးကို ရွေးတာ ပိုပြီးတန်ပါတယ်။ Perfume တစ်ပုလင်းတည်းနဲ့ ရုံးရော၊ ပွဲရော အဆင်ပြေချင်သူတွေအတွက် သင့်တော်တဲ့ investment တစ်ခုပါပဲ။

Made in France

Recharge bottle in box

Official website -

https://www.yangonbrandedperfume.com/product-page/armani-si-passione

⛽ Recharge Bottle (Refill Bottle) ဆိုတာ ဘာလဲ

Recharge bottle (သို့) Refill bottle ဆိုတာက ရေမွှေးပုလင်းထဲကို ပြန်ဖြည့်သုံးဖို့ သီးသန့်ထုတ်ထားတဲ့ ပုလင်း ဖြစ်ပါတယ်။

✅ Recharge Bottle ရဲ့ အဓိက အားသာချက်တွေက

// လက်ရှိ ကုန်ဈေးနှုန်းနဲ့ စီးပွားရေး အခြေအနေအရ ရေမွှေးပုလင်းအသစ်တစ်လုံး (Spray cap ပါတဲ့ Luxury ဖန်ပုလင်း) ကို ထပ်ဝယ်တာထက်စာရင် Recharge bottle ဝယ်သုံးတာက ဈေးနှုန်း အများကြီး ပိုသက်သာပါတယ်။

// မူလ rechargeable ရေမွှေးပုလင်းကြီး မရှိရင်တောင်မှ Decant Sprayer (သို့) ခရီးဆောင် ရေမွှေးဘူး သေးသေးလေးတွေထဲကို လွယ်လွယ်ကူကူ ပြန်ဖြည့်ပြီး သုံးလို့ရပါတယ်။

// ပုံမှာ မြင်ရတဲ့အတိုင်း ခေါင်းပိုင်းမှာ ON/OFF twist lock စနစ် ပါဝင်တာကြောင့် မူလပုလင်းထဲ (သို့) Decant ဘူးထဲ ပြန်ထည့်တဲ့အခါ တန်ဖိုးကြီး ရေမွှေး မဖိတ်မစင်ဘဲ အလွယ်တကူ ပြန်ဖြည့်နိုင်ပါတယ်။

// ပုံထဲက နမူနာအတိုင်း 100ml Recharge bottle တစ်လုံးဟာ 50ml ရေမွှေးပုလင်း ၂ လုံးစာ ပြန်ဖြည့်သုံးနိုင်တဲ့ ပမာဏ ပါပါတယ် (30ml/50ml Refillable ပုလင်းတွေတင်မကဘဲ 10ml Decant ဘူးလေးတွေကိုပါ အကြိမ်ကြိမ် ပြန်ဖြည့်လို့ရပါတယ်)

✅ ဘယ်လို စိတ်ကြိုက်သုံးစွဲသူတွေ ဝယ်သင့်သလဲ

// ကိုယ်ကြိုက်တဲ့ ရေမွှေးကို အမြဲမပြတ် စွဲသုံးလေ့ရှိသူများ

// မူလ Refillable ရေမွှေးပုလင်း ရှိသူများ (သို့) Decant Sprayer ဘူးလေးတွေနဲ့ပဲ သုံးချင်သူများ

// ရေမွှေးပုလင်းကြီး ဝယ်ဖို့ မလိုအပ်ဘဲ ပိုမို သက်သာတဲ့ ဈေးနှုန်းနဲ့ ပမာဏ များများ ရချင်သူများ

// သတိပြုဖို့က Recharge bottle တွေကို တိုက်ရိုက်ဖြန်းဖို့ ထုတ်ထားတာ မဟုတ်ဘဲ မူလ ရေမွှေးပုလင်း (Refillable Bottle) သို့မဟုတ် Decant Sprayer ဘူးလွတ်လေးတွေထဲ ပြန်ဖြည့်ဖို့အတွက်သာ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Giorgio Armani Si Passione EDP 100ml Recharge (Refill) Bottle 100ml

MMK 299,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page