top of page

Armani Privé Thé Yulong Unisex Perfume 100ml - K 659,000 (In stock)

Giorgio Armani ရဲ့ high-end Luxury Line ဖြစ်တဲ့ Armani Privé Les Eaux Collection ထဲက Thé Yulong (Oolong Tea)

ယူနန်ပြည်နယ်က Yulong တောင်တန်းကြီးတွေရဲ့ သဘာဝအလှတရားနဲ့ လက်ဖက်ရနံ့ သင်းသင်းလေးကို စိတ်ကူးပုံဖော်ထားတဲ့ ဒီရေမွှေးဟာ စိတ်ကို အေးမြ ငြိမ်းချမ်းစေပြီး သန့်ပြန့်ဆန်းသစ်တဲ့ Clean & Relaxing Tea Scent အမျိုးအစား ဖြစ်ပါတယ်။

🌿 စဖြန်းလိုက်ရင် Green Mandarin ရဲ့ အလွန်လန်းဆန်းတဲ့ Citrus အနံ့လေးနဲ့အတူ Fresh Green Tea ရနံ့ ရပါတယ်။ Cardamom နည်းနည်းပါဝင်ပေမဲ့ ခပ်စပ်စပ်နံ့ မထွက်ဘဲ Green Tea ကို ပိုပြီး လန်းဆန်း ကြွရွစေဖို့ ကူထားရုံလောက်ပါပဲ။

🌿 ခဏအကြာမှာ Green Tea (လက်ဖက်စိမ်း) ရဲ့ အေးမြသန့်ရှင်းတဲ့ ရနံ့နဲ့ Black Tea (လက်ဖက်ခြောက်) ရဲ့ ခပ်မှိုင်းမှိုင်း Smoke & Woody vibe လေးတို့ ပေါင်းသွားပါတယ်။ Jasmine နဲ့ Orange Blossom ပန်းပွင့်လေးတွေလည်း ခပ်ဖျော့ဖျော့ ပါဝင်တာမို့ tea note ကို ပိုမို ချောမွေ့စေပါတယ်။

အချိန်နည်းနည်းကြာရင် Citrus နံ့လေး ငြိမ်သွားပြီး Vetiver၊ Iris နဲ့ Musk တို့ ပါဝင်လာတာမို့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျတဲ့ ခပ်အေးအေး သစ်သား ရနံ့သင်းသင်းလေးအဖြစ် ပြောင်းသွားပါတယ်။

🌿 Thé Yulong ဟာ အနံ့ပြင်းတဲ့ ရေမွှေးမျိုး မဟုတ်ပါဘူး။ တောင်ပေါ်မှာ သဘာဝ လက်ဖက်ရည်ပူပူလေး သောက်နေရသလိုမျိုး သန့်ပြန့်ဆန်းသစ်ပြီး Quiet Luxury (ဆိတ်ငြိမ်ပြီး အဆင့်အတန်းမြင့်တဲ့ ခံစားချက်) ကို ပေးပါတယ်။ ပန်းနံ့ သို့မဟုတ် ချိုလွန်းတဲ့ အနံ့တွေကို မနှစ်သက်သူတွေအတွက် အလွန် သင့်တော်ပါတယ်။

✅ မြန်မာနိုင်ငံရဲ့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ Tea-based Fresh scent မျိုးက အလွန် ကွက်တိကျပါတယ်။ ရာသီဥတု ပူအိုက်ချိန်မှာ ပြင်းလွန်းတဲ့ ရေမွှေးတွေက ခေါင်းမူးစေတတ်ပေမဲ့ Thé Yulong ရဲ့ သန့်ရှင်းဆန်းသစ်တဲ့ အနံ့က စိတ်ကို လန်းဆန်းစေပြီး လူကို အေးအေးလူလူ ခံစားရစေပါတယ်။

Armani Privé Collection ဟာ High-end Luxury ဖြစ်တာကြောင့် ဈေးနှုန်း ခပ်မြင့်မြင့် (boutique price ဆိုရင် 100ml ကို ရန်ကုန်ကို သယ်ခမပါ USD 200 ဝန်းကျင်) ရှိပါတယ်။

✅ ဒါပေမဲ့ ကျား/မ မရွေး (Unisex) သုံးစွဲနိုင်တာ

ရုံးတက်၊ အလုပ်သွား၊ Coffee shop ထိုင် သို့မဟုတ် ခရီးသွားချိန်တွေမှာ စိတ်ကျေနပ်မှု အပြည့်ပေးနိုင်တာ

ရနံ့ရဲ့ Quality နဲ့ Refinement က အလွန် အဆင့်မြင့်တာတွေကြောင့် ကိုယ်တိုင်အတွက် Elegant & Clean Look ရအောင် ရင်းနှီးမြှုပ်နှံထိုက်တဲ့ ရေမွှေးတစ်ခု ဖြစ်ပါတယ်။

✅ Working professional ထေနဲ့ စမတ်ကျကျ ဝတ်ဆင်တတ်သူတွေ

✅ အနံ့ပြင်းပြင်း နဲ့ အချိုနံ့တွေကို မကြိုက်ဘဲ အေးအေးလူလူ သန့်ပြန့်တဲ့ ရနံ့ ကြိုက်သူတွေ

✅ Minimalist Luxury ကို နှစ်သက်သူတွေ

✅ တခြားလူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ရသူတွေ သုံးသင့်တဲ့ tea scent ရေမွှေးကောင်းတခုပါ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/armani-the-yulong

Armani Privé Thé Yulong Unisex Perfume 100ml

MMK 659,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page