Atelier Cologne Vanille Insensee Unisex Pure Perfume (Unisex) 4ml mini - K 23,900 (In stock. Made in France)
Vanille Insensee က unisex သုံးWoody ရနံ့တစ်ခုဖြစ်ပါတယ်။
သံပုရာသီး၊ citron နှင့် နံနံစေ့၊ Vetiver၊ Oak moss နှင့် Jasmine၊ Vanille၊ Oak နှင့် Amber ရနံ့တွေ ပါပါတယ်။မွှေးပျံ့သော vanilla ရနံ့နဲ့စဖွင့်ပေမည့် သေချာပေါက် ချိုတဲ့Gourmand ရနံ့အမျိုအစားမဟုတ်ပါဘူး။ သစ်သား/မြေကြီးရနံ့မျိုးဖက်ကိုသွားတဲ့ vanilla ရနံ့ - အချိုက သကြားအချိုမဟုတ်ပါဘူး။ ပယင်းက စေးပျစ်တဲ့ချိုမြိန်မှုမျိုးဖြစ်ပါတယ်။ တောအုပ်ထဲတွင် လမ်းလျှောက်ရင်း သင်တွေ့နိုင်တဲ့ သဘာဝမွှေးရနံ့ vanilla အမျိုးအစားဖြစ်ပါတယ်။
သံပုရာရနံ့ပါပေမည့် အရမ်းsharp ဖြစ်တဲ့စူးရှတဲ့ citrus ရနံ့မဟုတ်ပဲ smooth and creamy ပြေပြေလေးဖြစ်ပါတယ်။ Moss ရေညှိ၊ စံပယ်နှင့် vetiver အားလုံးကို ပညာသားသားပါပါ blend လုပ်ထားပြီး ရနံ့တစ်မျိုးတည်းက overwhelm လွှမ်းထားတာမျိုးလို့ မခံစားရအောင် နောက်ခံ background ကနေပြီး ရနံ့တစ်မျိုးပြီး တစ်မျိုးပေါ်လာအောင် ပြုလုပ်ထားပါတယ်။
တစ်ချိန်ထဲမှာပဲ Vanilla ရနံ့က ပေါ်လိုက်ပျောက်လိုက် တွဲပြီးလိုက်လာပါတယ်။ Unisex ဆိုပေမဲ့ပိုပြီး မိန်းမဆန်တဲ့ရနံ့လို့ ခံစားရပါတယ်။
ဘယ်သူကိုမှ စိတ်အနှောက်အရှက်မပေးနိုင်တဲ့ safe scent ဖြစ်ပြီး understated wealth ၊ classy without gaudy type မျိုးဖြစ်လို့ office wear ဖြစ်ဖြစ်၊ close encounter with someone special အတွက်ပဲဖြစ်ဖြစ်သင့်တော်ပါတယ်။ loud and sexy အနံ့မှကြိုက်တယ်ဆိုရင် ချိုချိုအီအီရနံ့ပြင်းကြိုက်တယ်ဆိုရင်တော့ ဒီရေမွှေးကိုမဝယ်သင့်ပါဘူး။
အခု in stock ရှိတာက 4ml rollerball လေးမို့ စမ်းသုံးဖို့ပဲဖြစ်ဖြစ် အိတ်ထဲဆောင်ထားဖို့ ရေမွှေးကောင်းကောင်းလေးတစ်ခု လိုနေလို့ပဲဖြစ်ဖြစ် ဝယ်သင့်ပါတယ်။ Rollerball မို့ အိတ်ထဲမှာထားရင်း ဖိတ်မှာကိုလည်း မပူရပါဘူး။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K23,900.00Price
bottom of page