top of page

2025 မှာ အသစ်ထွက်တဲ့ Azzaro Forever Wanted Elixir Perfume Review

Azzaro Wanted line ကို ကြိုက်တဲ့ bro တွေအတွက် ၂၀၂၅ မှာ အသစ်ထွက်လာတဲ့ Forever Wanted Elixir အကြောင်း review လေး ရေးပေးချင်ပါတယ်။ ဒီကောင်က Wanted line ထဲမှာ တော်တော်လေး ဆန်းသစ်ပြီး bold ဖြစ်တဲ့ version တစ်ခုလို့ ပြောလို့ရပါတယ်။

🌿 Scent Profile

ဒီရေမွှေးရဲ့ အဓိက အသက်ကတော့ "Raspberry နဲ့ Leather" ပါပဲ။

စစချင်း ဖြန်းလိုက်တာနဲ့ Raspberry အနံ့ ချိုချိုလေးနဲ့ လန်းဆန်းတဲ့ Mandarin, Bergamot အနံ့တွေ ထွက်လာတယ်။ Raspberry အနံ့က သဘာဝသစ်သီးစစ်စစ်ထက် နည်းနည်း Jam (ယို) ဆန်ဆန် ချိုမြမြလေး ဖြစ်နေတာက သူ့ရဲ့ charm ပါပဲ။

ခဏကြာရင် Cardamom (ဖာလာစေ့) နဲ့ Lavender (လာဗင်ဒါ) အနံ့တွေ ဝင်လာပြီး နည်းနည်း Spicy ဖြစ်လာမယ်။ ဒါပေမဲ့ အရမ်းစူးတာမျိုး မဟုတ်ဘဲ လူကြီးလူကောင်းဆန်တဲ့ aromatic vibe မျိုးပါ။

နောက်ဆုံးကျန်ခဲ့မယ့် အနံ့ကတော့ ဒီရေမွှေးရဲ့ highlight ဖြစ်တဲ့ Leather (သားရေ) အနံ့ပါ။ Tom Ford Ombre Leather လိုမျိုး သားရေအနံ့ သီးသန့်ကြီး မဟုတ်ဘဲ၊ စောစောက Raspberry အချိုနဲ့ ပေါင်းစပ်ထားတော့ "Fruity Leather" ပုံစံမျိုး ဖြစ်သွားတယ်။ Wolfwood နဲ့ Vetiver ကြောင့် သစ်သားအနံ့ သင်းသင်းလေးလည်း ပါပါတယ်။

🌿 Vibe & Occasion

ဒါက နေ့စဉ်သုံး (Daily Wear) ထက် Night Out၊ Date Night သွားတဲ့အချိန် တွေနဲ့ ပိုလိုက်ပါတယ်။

ရာသီဥတုအနေနဲ့ဆိုရင်တော့ အေးတဲ့ရာသီ (Winter/Rainy) တွေမှာ ပိုပြီး performance ကောင်းပါတယ်။

အနံ့က နည်းနည်းလေး "Dark, Sexy & Sweet" ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်၊ လူလတ်ပိုင်းတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ Formal ပွဲတွေ Suit တွေနဲ့ ဝတ်ရင်လည်း တော်တော် smart ဖြစ်စေမယ့် အနံ့မျိုးပါ။

🌿 Performance

// Perfume concentration maximum ဖြစ်တဲ့ Parfum (Pure Perfume) ဖြစ်လို့ လူအများစုအတွက် Longevity တော်တော်လေး ကြာရှည်ခံပါတယ်။ Cotton t-shirt ပေါ်မှာ ပျန်းမျှ ၈ နာရီလောက်အထိ အနံ့မပျောက်ပါဘူး။

// အနံ့ပျံ့တာလည်း မဆိုးပါဘူး။ ဖြန်းထားရင် ဘေးလူ သတိထားမိလောက်တဲ့ အနေအထား (Moderate to Strong) ရှိပါတယ်။

🌿 Similar Scents

တချို့က ဒီရေမွှေးကို Tom Ford Tuscan Leather သို့မဟုတ် Ombre Leather နဲ့ ဆင်တယ်လို့ ပြောကြပေမဲ့ သူက ပိုပြီး ချိုပြီး လူကြိုက်ပိုများမယ့် (Mass Appealing) ဖက်ကို သွားထားပါတယ်။

Carolina Herrera Bad Boy Elixir ကြိုက်တဲ့သူဆိုရင် Azzaro Forever Wanted Elixir ကိုလည်း သဘောကျဖို့ သေချာပါတယ်။

// Leather အနံ့ကို စမ်းသုံးချင်ပေမဲ့ အရမ်းပြင်းတာကြီး မကြိုက်ဘူး၊ ချိုချိုမွှေးမွှေး Fruity ဘက်သွားတာလေး လိုချင်တယ်ဆိုရင် Azzaro Forever Wanted Elixir က ရွေးချယ်သင့်တဲ့ choice တစ်ခုပါ။ Blind buy လုပ်ရင်တောင် အမှားမရှိလောက်တဲ့ ရေမွှေးကောင်း တစ်ခုပါပဲ။

✅ ပုလင်းဒီဇိုင်းကလည်း ရွှေရောင်တောက်တောက်နဲ့ဆိုတော့ စင်ပေါ်တင်ထားရင်တောင် အထာကျပါတယ်။

✅ 100ml ပုလင်းအကြီးတခုအပြင် ခရီးထွက်တဲ့အခါ ရုံးသွားတဲ့အခါဆောင်သွားဖို့အဆင်သင့်အလွယ်တကူယူသွားနိုင်တဲ့ 10ml sizs sprayer လေး နှစ်ခုပါပါတဲ့အတွက် စုစုပေါင်း 120ml in total ပါတာဖြစ်လို့ တွက်ချေကိုက်ပါတယ်။

✅ လက်ဆောင်ပေးဖို့ဝယ်တယ်ဆိုရင်လည်း ရွှေရောင်ဗူးအကြီးကြီးနဲ့ ထည့်ထားတာဖြစ်လို့ လက်ဆောင်ပေးဖို့တော်တော်လေးခန့်ပါတယ်။

Rating - ⭐⭐⭐⭐ (4/5)

Azzaro Forever Wanted Elixir Parfum (Pure Perfume) for Men 3pcs Value Set 100ml + 10ml + 10ml - K 369,000 (In stock)

Made in France

Retail packaging gift box

Official website -

https://www.yangonbrandedperfume.com/product-page/azzaro-forever-wanted-elixir

Azzaro Forever Wanted Elixir Parfum (Pure Perfume) for Men 3pcs Value Set

K369,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page