Azzaro The Most Wanted Parfum (Pure Perfume) for Men 100ml - (In stock)
ဖယောင်းတိုင်မီးအောက်မှာ dessert စားရင်း ကောင်မလေးက မျက်လုံးချင်းဆုံကြည့်နေတဲ့ sexy guy တစ်ယောက်လို အနံ့မျိုး လိုချင်လား?
ဘာလို့ဆို ဒီကောင်က အန္တရာယ်များတဲ့အပြုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ teddy bear လေးလို vibe မျိုး ပေးနေတာ။
💥 The Opening
Okay listen ... သူစဖွင့်တာက စပျစ်ဆိုဒါ vibe နဲ့။ သိတယ်၊ ကြောင်တောင်တောင်နိုင်တယ်၊ synthetic ဆန်တယ်၊ playful ဖြစ်တယ်။ ဒါပေမဲ့ အဆင်ပြေနေရော။ "ဘာလို့ မုန့်အနံ့ရပြီး ငါကဘာလို့ဒါကိုကြွေနေရတာလဲ?" ဆိုတဲ့ feeling မျိုး အဆင်ပြေသွားတာ။
ဟို red ginger ကလေ? Oof. စပ်တယ်။ ရှတတပဲ။ ဒါက ဂျင်းစိမ်းအနံ့မဟုတ်ဘူး။ flirt တတ်တဲ့ ဂျင်း။ အဲ့နောက်မှာတော့ အချိုနံ့က လှိမ့်ဝင်လာရော။
🍬 The Dry-Down
ဒီနေရာကစပြီး ရင့်ကျက်သွားပြီ။
နွေးထွေးပြီး သစ်သားနံ့၊ vanilla နဲ့ toffee နံ့သင်းသင်းလေး။ Bourbon ဆမ်းထားတဲ့ ယုံကြည်မှုလိုပဲ။
သူက နွေးထွေးပြီး နက်ရှိုင်းတဲ့ woody-vanilla skin scent (အသားပေါ်မှာကပ်ကျန်ခဲ့တဲ့အနံ့) မျိုးဖြစ်သွားပြီး crush က အနားကပ်ပြီး ... "ဘာဆွတ်ထားတာလဲ... မနက်ဖြန်လည်း ဒါပဲထပ်ဆွတ်ခဲ့လို့ရမလား?" လို့ တိုးတိုးလေးမေးချင်စိတ်ပေါက်သွားစေတယ်။
🧲 Compliments? Oh YES.
Compliment တွေလား? ရတာပေါ့။
အေးစိမ့်စိမ့်ည၊ မီးရောင်မှိန်မှိန်အခန်း၊ ကြယ်သီးတစ်လုံးလောက်ဖြုတ်ထားတဲ့ ရှပ်အင်္ကျီအမှန်နဲ့သာဆိုရင် ... ဘေးက ကောင်မလေးတွေ အားလုံးက သတိထားမိမှာ သေချာတယ်။
အနံ့က နွေးထွေးတယ်၊ sexy ကျတယ်၊ ဖက်ထားချင်စရာကောင်းတယ်။ ဒါပေမဲ့ နည်းနည်းဆိုးချင်ဆိုးနိုင်မယ့်ပုံပဲ
🕰️ Performance (အနံ့ခံသလား?)
အဝတ်ပေါ်မှာဆို ရှယ်ခံတယ်။ မနက်မိုးလင်း ခေါင်းအုံးပေါ်မှာတောင် အနံ့ကျန်ခဲ့မယ့် type မျိုး။
အသားပေါ်မှာတော့? အလယ်အလတ်ပဲ။ အပြင်းစားကြီး (beast mode) လည်းမဟုတ်၊ အပျော့စားလည်းမဟုတ်။ အနားကပ်ရတဲ့ moment တွေအတွက် ကွက်တိပဲ။
ကိုယ့်အသားအရေပေါ်မူတည်ပြီး ၃ နာရီကနေ ၆ နာရီလောက်ပေါ့၊ ထပ်ဖျန်းလို့လုံးဝအိုကေ။ Parfum ဆိုပေမဲ့ nuclear လောက်တော့ မပြင်းဘူး။
👃 ဘယ်သူတွေအတွက်လဲ?
အချိုနံ့မကြောက်တဲ့ Bro တွေအတွက်။
Attention ရတာကြိုက်တယ်။ Sexy ကျရတာကြိုက်တယ်။ တခြား blue fragrance တွေလိုပုံစံခွက်ထဲကမဟုတ်ဘဲ ပိုပြီး unique ဖြစ်တာမျိုး လိုချင်တယ်။
Gym သွားဖို့မဟုတ်ဘူး။ ရုံးတက်ဖို့မဟုတ်ဘူး။ ဒါက ညပိုင်းအတွက်။ Mood အတွက်။ Vibe အတွက်။
တစ်ယောက်ယောက်ကို နမ်းတော့မလိုလိုနဲ့ ဘယ်တော့နမ်းမယ်မှန်းမသိအောင်လုပ်ထားတဲ့ အနံ့မျိုးလိုချင်လား? ဒါဆွတ်။
❌ Warning
အချိုနံ့တွေ၊ synthetic note တွေကို မကြိုက်ရင်တော့ သူ့ရဲ့ opening ကို သဘောကျမှာမဟုတ်ဘူး။ ဒါပေမဲ့ စပျစ်ဆိုဒါ intro ကို ကျော်နိုင်သွားရင်တော့ ယုံလိုက်။ သူ့ရဲ့ dry-down က ရှယ်ပဲ။
💋
Azzaro The Most Wanted Parfum က ယဉ်ကျေးတဲ့ bad boy ပုံစံ gourmand (စားချင်စရာအနံ့) ရေမွှေးပဲ။ Hot တယ်။ ဖက်ထားချင်စရာကောင်းတယ်။ ပြီးတော့ သူဘာလုပ်နေလဲဆိုတာ သူကိုယ်တိုင် အတိအကျသိတယ်။
ကောင်မလေးက ကိုယ့်ကောင်လေး ဒါဆွတ်ထားရင် ... သူ့အနံ့ကို တစ်နေကုန်ရှူမလို့ သူ့ hoodie ကို ခိုးသွားလိမ့်မယ်။
✨ Overall Score: 8.5/10
✔️ Sexy ကျလား? - Yes.
✔️ နွေးပြီးချိုလား? - Yup.
✔️ မင်းဒါဆွတ်ထားရင် ကောင်မလေးက မင်းလည်ပင်းကို ထပ်ခါထပ်ခါ လာနမ်းရှိုက်နေမှာလား? - Absolutely.
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/azzaro-the-most-wanted-parfum
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K389,000.00Price
bottom of page