BDK Gris Charnel Extrait de Parfum 100ml - K 899,000 (In stock)
ဒါက BDK ရဲ့ နာမည်အကြီးဆုံး Gris Charnel EDP ရဲ့ DNA ကို ယူပြီး Extrait de Parfum version အဖြစ် ပိုပြင်း၊ ပိုလေး၊ ပိုခံအောင် လုပ်ထားတာ။ original ကို ကြိုက်တဲ့သူတွေအတွက် "amped up" version ပေါ့။
🌿 အနံ့က ဘယ်လိုလဲ?
// စဆွတ်လိုက်တာနဲ့ Cardamom အနံ့ စပ်စပ်မွှေးမွှေးရယ်၊ Black Tea (လက်ဖက်ခြောက်) အနံ့ dry ဖြစ်ဖြစ်ရယ်ကို တန်းရတယ်။ ပြီးတော့ Fig အနံ့ ချိုချိုသင်းသင်းလေး ပါလာတယ်။ original EDP ထက် ဒီ Extrait က ပိုပြီး spicy (စပ်မွှေး) ဖြစ်တယ်။
// ခဏနေတာနဲ့ Iris (အိုင်းရစ်ပန်း) အနံ့ကြောင့် powder နံ့သင်းသင်းလေး ဝင်လာတယ်။ ပြီးတော့ Vetiver note က သစ်မြစ်အနံ့စိမ်းစိမ်းခြောက်ခြောက်လေး ပေးတယ်။ ဒီ middle note က သူ့ကို ပိုပြီး "dark" ဖြစ်သွားစေတယ်။
// Base Note မှာ Sandalwood (စန္ဒကူး)၊ Tonka Bean နဲ့ Vanilla (ဗနီလာ) တို့ပေါင်းပြီး creamy (အိအိ) ဖြစ်သွားရော။ နွေးနွေးထွေးထွေးနဲ့ ခပ်လေးလေး "cozy" ဖြစ်တဲ့ ခံစားချက်မျိုး။ original ထက် Sandalwood နဲ့ Vanilla ပိုများတော့ ပို creamy ဖြစ်ပြီး ပိုချို-အိ-တယ်။
ခြုံပြောရရင် Gris Charnel Extrait က spicy-woody-creamy အနံ့မျိုး။ စစချင်း ဖာလာ၊ လက်ဖက်ခြောက်နံ့တွေနဲ့ "bold" ဖြစ်ပြီး နောက်ပိုင်း Sandalwood, Vanilla ကြောင့် နွေးနွေးအိအိလေး ကျန်ခဲ့တယ်။ Original EDP က ပိုပြီး fresh၊ ပို "airy" ဖြစ်တယ်။ ဒီ Extrait က ပို "dense" (ပိုပြည့်) တယ်၊ ပို "rich" (ပိုလေး) တယ်၊ ပို sexy ကျတယ်။
🌿 ဘယ်သူတွေနဲ့ လိုက်လဲ?
Unisex ပါ။ ယောက်ျားလေးရော၊ မိန်းကလေးရော ဆွတ်လို့ရတယ်။ original ထက်စာရင် နည်းနည်း "masculine" ဘက် ပိုယိုင်တယ်လို့ တချို့က ထင်ပေမယ့် သူ့ရဲ့ creamy-vanilla ကြောင့် မိန်းကလေးနဲ့လည်း အရမ်းလိုက်တယ်။
🌿 ဘယ်အချိန် ဆွတ်ရမလဲ?
သူက အနံ့လေးတော့ ပိုအေးတဲ့ ရာသီဥတု၊ ဆောင်းတွင်း၊ မိုးတွင်း ညဘက်တွေနဲ့ ပိုလိုက်တယ်။ Date night တွေ၊ party တွေ၊ အပြင်သွားတဲ့အခါမျိုးမှာ ဆွတ်ရင် ရှယ်ပဲ။
🌿 Performance (အနံ့ခံတာ၊ လွင့်တာ)
Extrait ဆိုတဲ့အတိုင်း အနံ့ခံတာ (longevity) ကတော့ ရှယ်ကောင်းတယ်။ ပုံမှန်အခြေအနေမှာ ၈ နာရီအထက် ခံတယ်။ အနံ့လွင့်တာ (sillage) လည်း တော်တော်ကောင်းတယ်။ ကိုယ်ဖြတ်သွားရင် မွှေးနေမှာ။
Gris Charnel original ကို ကြိုက်ပြီးသား၊ ဒါမှမဟုတ် spicy-creamy-woody အနံ့ "beast mode" (စွမ်းအားပြင်း) တာ ကြိုက်ရင် ဒါက Must-try ပဲ။ original ထက် ပိုလေး၊ ပို dark ဖြစ်၊ ပို sexy ကျတာ လိုချင်သူတွေအတွက်ပါ။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/bdk-gris-charnel-extrait
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K899,000.00Price
bottom of page
